Clutch

Words
84
Reading
1 min
Listen
Play
8y

Clutch
ဒီဟာလေးကတော့ ford ကားက ကလပ်အုံဖြစ်ပါတယ် တစ်ခြားကားတွေနဲ့မတူတဲ့ အချက်လေးတွေရှိပါတယ်။ကလပ်အုံက အော်တို စနစ်ပါ ကလပ်ပြား ပါးပီးဆင်းလာတဲ့အခါ သူကလဲ အော်တို အတိုးအလျော့ လုပ်ပီ လည်ပါတယ်။
တစ်ချို့ကားတွေက clutch finger အသေဖြစ်ပါတယ် ကလပ်ပါးလာတဲ့အခါ ကလပ်ပြားလွတ်ပီး လိုက်လည်တက်ပါတယ်။အသေကတော့ ကလပ်ပြား လွတ်သွားတဲ့အခါ နောက်တစ်ပြား ထပ်လဲလိုက်တာနဲ့ အဆင်ပြေပါတယ်။အော်တိုမှာကတော့ ပြန်ချိန်ပေးမှရပါတယ် မချိန်ပေရင် ကလပ်နင်းလို့မကျတာ နင်းပီး ပြန်မလွတ်တာ နင်းလို့လဲရတယ် လွှတ်လို့လဲရတယ် ကလပ်မချိတ်တာ တစ်ခုခုဖြစ်တက်ပါတယ်။finger ချိန်တာ သီးသန့်ဈေးပေးရပါတယ် နည်းပညာတွေကတော့ ခင်မင်ရင်နှီးနေရင်တောင် တစ်ချို့ကိစ္စတွေမှာ အလွယ်တကူ မချပြတက်ပါဘူး။ဒါကလဲ အပြစ်ပြောလို့မရပါဘူး သူတို့ရဲ့ စားဂွင်ဖြစ်နေလို့ပါ ပေးမစားစေချင်ရင်တော့ ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
ကျွန်တော်လဲ သိချင်စိတ်ကြောင့် ကြိုးစားကြည့်ပါတယ် ကြိုးစားရကျိုးနပ်ပါတယ်။ အဲ့ဒီအဖြေ သိဖို့အတွက် ဂီယာဘောက် သုံးခါ ချလိုက်ရပါတယ်။စက်ဆရာလောက အနေနဲ့ကတော့ ဂီယာဘောက်တစ်ခါချရင် ၄ သောင်းကနေ ၈သောင်း ကြားအမျိုးမျိုးရှိပါတယ်။finger ချိန်ခက ၅သောင်း ကနေ ၁သိန်း ကြားရှိပါတယ် ပုံမှန်တော့ မဟုတ်ပါ ကားအမျိုးအစားပေါ် မူတည်ပီ ကွဲပြားကြပါတယ်။ကိုယ်တိုင်လုပ်ကြည့်မှ သိပါတယ် တောင်းထားတဲ့ငွေနဲ့ လုပ်ပေးရတဲ့ အတိုင်းအတာ ပါးစပ်ကနေပြောတာတော့ လွယ်တာပေါ့ ။ MSU. 032
image image image

Clutch | Ecency