Boss 2

Words
82
Reading
1 min
8y
Listen to this post
~1 min

သူဋ္ဌေး ၂
ငွေကို ရေလိုသုံးလို့ရပေမဲ့ အခြေအနေ အချိန်အခါကို လိုက်ပီး အသုံးချတက်သူက ဘယ်တော့ ဘဲဖြစ်ဖြစ် သူများထက် တစ်ပန်းသာပါတယ်။တစ်ချို့ကလဲ အခြေအနေ အချိန်အခါ မကြည့် ငါမှာ ပိုက်ဆံ ရှိတယ် ငါကြိုက်တာ ငါလုပ်မယ် ဘာတွေဘဲ ဖြစ်ဖြစ် အကုန်လုံးကို ငါငွေနဲ့ရှင်းနိုင်တယ် ဆိုတဲ့သူတွေကတော့ သိပ်မကြာပါဘူး လူအများရဲ့  မကောင်းတဲ့ မေတ္တာ ပို့ခြင်းကို ခံရသလို ပိုင်ဆိုင်တဲ့ စည်းဇိမ် ဥစ္စာကလဲ သိပ်မကြာပါဘူး ပြိုလဲ သွားကြပါတယ်။
ငွေမရှိတုန်းက တစ်မျိုး ရှိလာတော့ တစ်မျိုးဆိုလဲ အဆင်မပြေပါဘူး။အောက်ခြေကနေ ခြစ်ကုတ်ပီး စုဆောင်း ချမ်းသာလာတဲ့သူတွေကတော့ ပြောစရာ လုံးဝ မလိုပါဘူး။အခြေအနေ အချိန်အခါ အနေအထား အားလုံး သူများတွေထက် ပိုသိကြပါတယ်။တက်သစ်စ လူငယ်လေးတွေကို နည်းလမ်းကောင်းလေးတွေ အကြံဉာဏ်ကောင်းလေးတွေ့ သူတို့ဖြတ်သန်းလာတဲ့ ဘဝမှာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ခဲ့ရလဲ ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ အချိန်ရရင် ရသလို ကြုံရင်ကြုံသလို အမြဲတမ်းဝေမျှပေးကြပါတယ်။စကားပြောဆိုဆက်ဆံရာမှာလဲ မာန်မာန လုံးဝမရှိပါဘူး တစ်ဘက်သူပြောစကား ကိုအလေးထားပီး ပီးဆုံးအောင် နားထောင်တက်တဲ့ ကောင်းမွန်တဲ့ အကျင့်လဲ ရှိပါတယ်။လူတစ်ယောက်ရဲ့ ရင်ထဲက အပူမီးကိုလဲ သူ့အပူလို သဘောထားတက်ကြပါတယ်။
MSU.032
image

Boss 2 | Ecency