ပရိသတ်ကြီးရေ Wowbox တို့သုံးနေကြပစ္စည်းတိုင်းလိုလိုက သူ့သက်တမ်းနဲ့သူ အသုံးပြုမှ အဆင်ပြေနိုင်တာဖြစ်ပါတယ်။
ဒါဆို နေ့စဉ်အသုံးပြုနေတဲ့ပစ္စည်းတွေထဲက သက်တမ်းကုန်ဆုံးရက်ကို သတိမထားမိဖို့များတဲ့ ပစ္စည်းတွေရဲ့ သက်တမ်းကို ပြောပြပေးလိုက်ပါတယ်။
(၁) အမျိုးသမီးဝတ်ဘရာစီယာ
အမျိုးသမီးဝတ်ဘရာစီယာတွေရဲ့ သက်တမ်းကအနည်းဆုံးတစ်နှစ်နဲ့ အများဆုံးက နှစ်နှစ်ပဲဖြစ်ပါတယ်။ အချိန်ကြာလာရင် ဘရာတွေဟာ ပုံစံပျက်ယွင်းလာတာကြောင့် ကြာရှည်သုံးဖို့မသင့်တော်ပါဘူး။
(၂) မီးပလပ်ခေါင်း
လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မီးပလပ်ခေါင်းတွေရဲ့သက်တမ်းက သုံးနှစ်ပဲရှိပါတယ်။ ဒါကြောင့်မီးအန္တရာယ်မဖြစ် စေဖို့ ဒါတွေကို ၃နှစ်ကြာတစ်ခါ လဲလှယ်ပေးသင့်ပါတယ်။
(၃) သွားတိုက်တံ
လူတော်တော်များများက သွားတိုက်တံတွေကို ဖွာသွားမှ ပျက်စီးသွားမှလဲတတ်ကြပါတယ်။ တကယ်တော့ သွားတိုက်တံတွေက သုံးလတစ်ခါလဲပေးတာအကောင်းဆုံးဖြစ်ပါတယ်။
(၄) အပြေးဖိနပ်
အပြေးဖိနပ်တွေရဲ့ ကြာရှည်ခံမှုက မိုင်ပေါင်း ၃၀၀ ခန့်လောက်စီးခဲ့တယ်ဆိုရင် ဖိနပ်ရဲ့ကြာရှည်ခံနိုင်မှု လျော့သွားပြီး စီးတဲ့သူအတွက် ခြေထောက်အဆစ်တွေနာကျင်တာမျိုးခံစားရစေနိုင်ပါတယ်။
(၅) ခေါင်းအုံး
ခေါင်းအုံးတွေရဲ့ သက်တမ်းကတော့ နှစ်နှစ်ကနေသုံးနှစ်အထိပဲဖြစ်ပါတယ်။ ကြာလာရင် ခေါင်းအုံးပုံစံပျက်ပြီး ဘတ်တီးရီးယားပိုးမွှားတွေ ကပ်ညှိနိုင်တာကြောင့်ဖြစ်ပါတယ်။
(၆) မျက်တောင်ကော့ဆေး
မျက်တောင်ကော့ဆေးတွေရဲ့ ကြာရှည်ခံမှုက သုံးလခန့်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မျက်တောင်ပေါ်မှာ ရှိတတ်တဲ့ဘတ်တီးရီးယားတွေက အထဲကိုဝင်ရောက်ပြီး မျိုးပွားနိုင်တာကြောင့်ဖြစ်ပါတယ်။