မိတ်​​ဆွေ အတု

kolinn(54)
Published in
#myanmar
Words
399
Reading
2 min
Listen
Play
8y

DQmXfFrmMTp2szpgJoha6aTSZ9P9wxZV9bhp5pK6paLt7Jg.jpg
ကျ​နော်​က လူတစ်​မျိုးဗျ သူများနဲ့မတူဘူး အ​ပေါင်းအသင်းမိတ်​​ဆွေဆိုတာ ​တော်​ရုံမထားတတ်​ဘူး၊ပြီး​တော့ ​ဘယ်​သူနဲ့မှလည်း တည့်​​အောင်​မ​ပေါင်းတတ်​ဘူး၊ ​ပြောစရာရှိရင်​ ဗွင်းဗွင်းရှင်းရှင်း ​ပြောထည့်​လိုက်​တာ ရင်​ထဲမထားတတ်​ဘူး။ အိမ်​က မိန်းမက ကျ​နော့်​ကို အမြဲ​ပြောတယ် ရှင်​အထူးအပါး နားမလည်​ဘူးလားတဲ့၊ ဘာတုန်းဟ အထူးအပါးလို့ ​ပြန်​​မေး​တော့... မိန်းမက​ပြောတယ်​​၊ ရှင်​က ဘယ်​သူနဲ့မှလည်း မတည့်​ဘူး ကျွန်​မနဲ့လည်း မတည့်​ဘူး တစ်​ခါတစ်​​လေ အဲ့​လောက်​​ ဖြစ်​​နေရင်​လည်း ​တောထွက်​ပြီး ဘုန်းကြီးဝတ်​ပါလားတဲ့။ ဟားး ​ပြောတတ်​လိုက်​တာ မိန်းမရာ ငါ့ကိုများကွာ။ ​အေးကွ ငါနဲ့တည့်​​အောင်​ ​ပေါင်းလို့မရတဲ့လူ​တွေက အ​ပေါ်ရံမျက်​နှာ​ဖုံး စွပ်​ထားတဲ့ လူ​တွေနဲ့မှသာ ​ပေါင်းလို့မရတာပါကွာ... အရှိကို အရှိတိုင်း အမြင်​ကိုအမြင်​တိုင်း လက်မ​ခံနိုင်​ရင် ပြီး​တော့ ​အ​ရှေ့တစ်​မျိုး​ပြော ကွယ်​ရာတစ်​မျိုး​ပြောပြီး သာမှ​​ပေါင်း စားရလို့လာ​ပေါင်း ၊ ​ပြီးရင်​ အချင်းချင်း ဂျင်းပြန်​ထည့်​တဲ့လူ အဲ့လိုလူမျိုး​တွေကို ငါက ဘာလို့​ပေါင်းရမှာလည်းလို့ ကျ​နော်​က မိန်းမဖြစ်​သူကို ပြန်​​ပြောလိုက်​တာ​ အိမ်​ကမိန်းမ တစ်​ခါတည်း ပါးစပ်​ပိတ်​ လစ်​တာပဲ။

မ​နေ့က​တောင်​ အဲ့လို အ​ပေါ်ရံ မျက်​နှာဖုံး စွပ်​ထားတဲ့ မိတ်​​ဆွေတစ်​​ယောက်​နဲ့ ပြဿနာတစ်​ခုတက်​လို့ ​ရုံး​ရောက်​ဂတ်​​ရောက်​မလို​တောင်​ ဖြစ်​ခဲ့​သေးတယ်​။ အဖြစ်​က ဒီလို​ဗျ လွန်​ခဲ့တဲ့ တစ်​ပတ်​​ကျော်​​လောက်​က အသိမိတ်​​ဆွေဆီကို ကျ​နော်​တို့ လင်​မယား နှစ်​​ယောက်​သွားကြတယ်​ အ​ကြောင်းရင်းက အသိမိတ်​​ဆွေက သူ့မှာရှိတဲ့ဆိုင်​ကယ်​ ​ရောင်းမယ်​ဆိုလို့ သွားကြည့်​တာ၊ ​ဆိုင်​ကယ်က သူ​ရောင်းမယ့်​​ဈေးနဲ့ ဆိုင်​ကယ်​နဲ့ လုံးဝမတန်​ဘူး ​ဈေးအရမ်းကွာ​နေတယ်​ ​ပြောမယ်​ဆိုရင်​ အချင်းချင်း ဂျင်းထည့်​တာ​ပေါ့ဗျာ တစ်​ဆယ်​တန်​တဲ့ ပစ္စည်းကို တစ်​ဆယ့်​ငါးကျပ်​နဲ့ ​ရောင်းသလို​ပေါ့၊ အဲ့ဒါနဲ့ မဝယ်​​တော့ပဲ ပြန်​လာခဲ့လိုက်​တယ်​။ အပြန်​မှာ မိန်းမဖြစ်​သူက ကျ​နော့်ကို​ပြောတယ်​၊
"ရှင်​ကလည်း​တော်​ ​ဈေး​လေးနည်းနည်းပိုသွားလည်း ဘာဖြစ်​လဲ အချင်းချင်း​တွေပဲဟာ ဝယ်​လိုက်​​ပေါ့ အခုလို မဝယ်​ပဲ ပြန်​လာ​တော့ ဘယ်​​ကောင်းပါ့မလဲ"

"ဟ မိန်းမရ အချင်းချင်းလည်း ဘာဖြစ်​လို့ ဝယ်​ရမှာလဲ ကိုယ့်​ကို​တောင်​ သူက အချင်းချင်း​ဆိုပြီး​တော့​တောင်​ မျက်​နှာမကြည့်​ပဲ ဂျင်းထည့်​​သေးတာ မဝယ်​နိုင်ပါဘူးကွာ"

ဒါနဲ့ ကျ​နော်​​လည်း ဆိုင်​ကယ်​တစ်​စီး အမြန်​လိုတာနဲ့ အပြင်​မှာပဲ ဝယ်​စီးလိုက်​​တော့တယ်​။

အယ် ဒါ​ပေမယ့်​​ ဖြစ်​ချင်​​တော့ မ​​နေ့က အပြင်​သွားတာ အပြန်​မှာ လမ်းမှာ ဆိုင်​ကယ်​​တွေ ကား​တွေ စစ်​​​နေတဲ့ ပုလိပ်​အဖွဲ့​တွေနဲ့ ကျ​နော်​ ဆုံပါ​လေ​ရော.. သိတယ်​ ဒီ​နေ့ ဒီ​နေရာမှာ ဒဏ်​ရှိမယ်​ဆိုတာ ဘာလို့လဲဆို တစ်​ခြား​နေရာ​တော့ မသိဘူး ကျ​နော်​တို့​နေတဲ့​နေရာမှာ​တော့ ဆိုင်​ကယ်​​တွေ ကား​တွေကို တနင်္လာ ဗုဒ္ဓဟူး ​သောကြာ​နေ့ဆိုရင်​ အမြဲ စစ်​​ဆေး​နေကြ၊ အဲ့ဒါနဲ့ ​စစ်​တော့လည်းစစ်​​ပေါ့ဆိုပြီး ကျ​နော်​လည်း ဆိုင်​ကယ်​ရပ်​​ပေးလိုက်​တာ​ပေါ့ဗျာ။

ဒါနဲ့​လေ ဟို​နေ့က ဆိုင်​ကယ်​သွားကြည့်​တဲ့ ကျ​နော်​မိတ်​​ဆွေဆိုတာ သူက ပုလိပ်​အရာရှိပါ သူတို့ဖမ်းထား သိမ်းထားတဲ့ ဆိုင်​ကယ်​​တွေကို ​တစ်​ခါတစ်​ရံ အထက်​က မသိ​အောင်​ ပုလိပ်​အချင်းချင်း ညှိပြီး​တော့ အပြင်​ကို ပြန်​​ရောင်းစားတာ​​ပေါ့ အဲ့မှာ ကျ​နော်​က မဝယ်​​တော့ ကျ​နော့်​ကို ​တေးထားတာဖြစ်​မယ်​။

ဆိုင်​ကယ်​စစ်​ဆေး​တဲ့နား​ရောက်​​တော့ ကျ​နော့်​ဆိုင်​ကယ်​ကို ကျ​နော့်​မိတ်​​ဆွေ ပုလိပ်​အရာရှိကိုယ်​တိုင်​လာပြီး​တော့ ကျ​နော့်​ဆိုင်​ကယ်​ကို လာစစ်​တယ်​၊ ဆိုင်​ကယ်​လိုင်​စင်​​ ယာဉ်​​မောင်းလိုင်​စင်​ ​တောင်းစစ်​တယ်​။ ဆိုင်​ကယ်​က ဆိုင်​မှာ ထုတ်​ထားတာ မကြာ​သေး​တော့ နံပါတ်​ပြား​တောင်​ မတတ်​ရ​သေး​တော့ ဆိုင်​ကယ်​လိုင်​စင်​​တော့ မရ​သေးဘူး​ပေါ့၊ ဆိုင်​ကယ်​ဆိုင်​က ဝယ်​တုန်းက ​ပေးလိုက်​တဲ့ ဆိုင်​ကယ်​ဝယ်​တဲ့ စာချုပ်အပါဝင်​ အခြားအ​ထောက်​​တွေ အကုန်​ပြလိုက်​တယ်​ ယာဉ်​​မောင်းလိုင်​စင်​လည်း ထုတ်​ပြလိုက်​တယ်​။ ဒါ​ပေမယ့် သူက ကိုယ့်​ကိုရစ်​ချင်​လို့လား ဘာလား​တော့ မသိဘူး၊ ဆိုင်​ကယ်​လိုင်​စင်​ မရှိရင်​ ဆိုင်​ကယ်​ကို သူတို့ သိမ်းထားမယ်​ လိုင်​စင်​ရမှ လာပြန်​ယူ ဘာညာနဲ့ လုပ်​တာ... စိတ်​ထဲ ​တော်​​တော်​​ပေါက်​သွားတယ်​၊ ချက်​ချင်းပဲ ဖုန်းထုတ်​ပြီး​တော့ ဝယ်​ထားတဲ့ ဆိုင်​ကယ်​ဆိုင်​ကို ဖုန်းဆက်​ပြီး​တော့ လှမ်းအ​ကြောင်းကြားလိုက်​တယ်​၊ပြီး​တော့ သူနဲ့ ဆိုင်​ကယ်​ဆိုင်​ကလူနဲ့ ဖုန်း​ပေး​ပြောလိုက်​တယ်​၊ သူတို့​ပြော​နေတာ ကျ​နော်​လှမ်းကြား​နေရတယ်​ အားလုံးok​နေတယ်​ ဆိုင်​ကယ်​ကို သိမ်းလို့မရဘူး ဆိုင်​ကယ်​ဆိုင်​က အကုန်​အပြည့်အဝတာဝန်​ယူထားတယ်​။ ဆိုင်​ကယ်​ကို ရစ်မရ​တော့ ဒါနဲ့ကျ​နော့်​ကို ကြံဖန်​ပြီး သူရစ်​​ပြန်​​ကော ယာဉ်​​မောင်းလိုင်​စင်​က ဘယ်​ရုံးမှာ လုပ်​ထားတာလဲ ဘယ်​မြို့နယ်​ကလည်းနဲ့ စိတ်​က​တော့ ​ပေါက်​ပြီးရင်း ​ပေါက်​လာတယ်​၊ ငါ့ဟာငါ ဘယ်​ရုံးကပဲလုပ်​လုပ်​ ဘယ်​မြို့နယ်​မှာပဲ လုပ်​ထားလုပ်​ထား နင်​နဲ့ဘာဆိုင်​လဲ ဆိုပြီး​တော့ ခပ်​မိုက်​မိုက်​ပဲ ပြန်​​ပြောလိုက်​​တော့တယ်​။ ဒါကိုမ​ကျေနပ်​လို့ဖြစ်​မယ်​ ယာဉ်​​မောင်း လိုင်​စင်​က မြန်​မာပြည်​သား​တွေ ကိုင်​​ဆောင်​ထားတာဆို​တော့ အတုလား အစစ်​လား သူတို့​သေချာပြန်​စစ်​​ဆေးမယ်​ လိုင်​စင်​သိမ်းထားမယ် ပြီးရင်​ ရုံးက​နေ အ​ကြောင်းပြန်​ကြားမယ်​နဲ့ လုပ်​​ကောဗျာ... အဲ့မှာ ပွဲက စ​တွေ့တာပဲ လူ​က ​နေပူထဲက​နေ ဆိုင်​ကယ်​​မောင်းလာလို့ ​မောတာကတစ်​မျိုး သူကလည်း ရစ်​စရာမရှိတာကို ကြံဖန်​ရစ်​​နေ​တော့...

"​ဒီမှာ နင်​ ငါ့ကို ရစ်​မ​နေနဲ့ နင်​နဲ့ငါ မသိတာလည်း မဟုတ်​ဘူး နင့်ကို ငါ​ကျွေးထားတာ ​မွေးထားတာ​တွေ လည်​ပင်းက​နေတက်​နင်းရင်​ အကုန်​အ​တောက်​လိုက်​ပြန်​ထွက်​လာမယ် ငါ့မှာအချိန်​မရှိဘူး သွားစရာ​ရှိ​သေးတယ်​​ ငါ့ယာဉ်​​မောင်း လိုင်​စင်​အတုလား အစစ်​လား သိချင်ရင်​ လိုင်​စင်​မှာ ငါလုပ်​ထားတုန်းက ရုံးဖုန်းနုံပါတ်​ပါတယ်​ပြီး​တော့ ငါ့ယာဉ်​​မောင်းလိုင်​စင်​ နံပါတ်​ပါတယ်​ နင်​မမြင်​ဘူး လား ရုံးကိုဖုန်းဆက်​ပြီး​တော့ ငါ့လိုင်​စင်​ နံပါတ်​​ပေးပြီး​တော့ စစ်​ခိုင်းလိုက်​​ မြန်​မာပြည်​သားဆိုပြီး​တော့ နင်​ ငါ့ကို ဂျင်းလာမထည့်​နဲ့ သူများပဲ လုပ်​လို့ရမယ်​ ငါ့ကိုလာမလုပ်​နဲ့ ထိုင်း​မှာ​နေလာတာ ၁၆နှစ်​ရှိပြီ ထိုင်းအ​ကြောင်း အကုန်​နားလည်​တယ်​" ဆိုပြီး​တော့ အဲ့လို ကျ​နော်​ ပြန်​​ပြောလိုက်​​တော့ ကျ​နော့်​မိတ်​​ဆွေ ပုလိပ်​ ​ပေါက်​ကွဲသွားပုံရတယ် ကျ​နော်​နဲ့​ ထိုးမလိုကြိတ်​မလို​တောင်​ ဖြစ်​ကုန်​တယ်​ ​ဘေးကပုလိပ်​​တွေလည်း ဝိုင်းဆွဲကြတာ​ပေါ့၊ ဒါနဲ့ မဖြစ်​​ချေဘူး ဒီ​ကောင်​​တွေ ငါ့ကို ​စောက်​ချဉ်​ဖမ်း​နေတာ ငါဘာလဲ သိ​အောင်​လို့... ဖုန်းပြန်​ထုတ်​ပြီး ပုလိပ်​ရုံးမှာရှိတဲ့ ကျ​နော့်​အသိမိတ်​​ဆွေ စခန်းမှူးဆီကို ဖုန်းဆက်​ပြီး​တော့ ဖြစ်​​ကြာင်းကုန်​စင်​​ပြောပြလိုက်​တယ်​။

ဒါနဲ့ စခန်းမှူးက အဲ့ပုလိပ်​နဲ့ သူနဲ့ ဖုန်း​ပေး​ပြောခိုင်း​တော့ ကျ​နော်​ဖုန်းလှမ်း​ပေးလိုက်​တယ်​၊ သူတို့ချင်း စကား​ပြောပြီး ခဏ​လောက်​​နေ​တော့ ကျ​နော့်ဖုန်းကို လာပြန်​​ပေး​ပြီး​တော့ သွား​တော့ဆိုပြီး ပြန်​လွတ်​​ပေးတယ်​။

ငိုးးမ ဒါ​တောင်​ ပုလိပ်​စခန်းမှူးအဆင့်​ပဲ ရှိ​သေးတယ်​ လိုအပ်​ရင်​ ​တော​မောင်း​တွေ တပ်​ဟန်ေ​​တွ ကျန်​​သေးတယ်​D:

ဒါနဲ့ ကျ​နော်​လည်း သူ့နားက ထွက်​ခါနီး လှည့်​ပြီး​တော့ ​ပြောခဲ့လိုက်​တယ်​၊
"နင့်​လို သာ​ပေါင်းညာစား အ​ပေါ်ရံမျက်​နှာဖုံးစွပ်​နဲ့ ဂျင်း​ကောင်​ ​နောက်​ကို ငါနဲ့ ဘယ်​​တော့မှ အ​ပေါင်းအသင်း လာမလုပ်ေ​တ့ာနဲ့ ကြားလား" လို့ ​ဟြေခဲ့လိုက်​တာ ဟ ဟားး ကျ​နော့်​ကို ပြန်​​တောင်​​မော်​ကြည့်​မရဲ​တော့ဘူး သူ့မျက်​နှာ ဆီးရွက်​​လောက်​နဲ့ပဲ ကျန်​​ရစ်​ခဲ့​တယ်​။

ပြီးပါပြီ

Author kolinn@kolinn

မိတ်​​ဆွေ အတု | Ecency