အသားထဲက​ ​လောက်

kolinn(54)
Published in
#myanmar
Words
101
Reading
1 min
Listen
Play
8y

2018-05-22 00.06.08.jpg
သူငယ်​ချင်းများ အားလုံးပဲ မင်္ဂလာအ​ပေါင်းနဲ့ ပြည့်​စုံကြပါ​စေခင်​ဗျာ...

ဟိုတစ်​​လောက သိပ်​မကြာ​သေးခင်​ ရက်​ပိုင်း​လောက်​က​ပေါ့... ထိုင်းမှာ ဖြစ်​ပျက်​သွားတဲ့ ကိစ္စနဲ့ ပက်​သက်​ပြီး​တော့ ကြားမိကြ​သေးရဲ့လားဗျ။

AACဆိုတဲ့ အဖွဲ့အစည်းက ထိုင်း​ရောက်​အလုပ်​သမားများရဲ့ အခက်​အခဲမှန်​သမျှကို လိုက်​လံကူညီ ​ဆောင်​ရွက်​​ပေး​​နေတဲ့ အဖွဲ့စည်းတစ်​ခုပါ... AACအဖွဲ့နဲ့ ပက်​သက်​ပြီး ​ပြောပြရရင်​ AACဆိုတာ တုံးတိုက်​တိုက်​ ကျားကိုက်​ကိုက်​ မှန်​​နေလို့က​တော့ ဘာကိုမှ ဂရုမစိုက်​ပဲ ​​နောက်​မဆုတ်​စတမ်း ​ရှေ့တိုးပြီး​တော့ အလုပ်​သမားအ​ရေးနဲ့ပက်​သက်​ပြီး​ ကူညီ​ဆောင်​ရွက်​​ပေး​နေ​တော့ အကျင့်​ပျက်​ ထိုင်းလုပ်​ငန်းရှင်​များနဲ့ ​အေဂျင်​စီများက AACကို ​လန့်​​ကြပါတယ်​။

ထိုင်း​လူမျိုးကေ​တ့ာ သူ့လူမျိုး/သူ့နိုင်ငံသား ​မဟုတ်​တဲ့အတွက်​ မြန်​မာပြည်​သား​တွေအ​ပေါ် နိုင်​ထက်​စီးနင်းလုပ်​တာ လူကြားလို့​ကောင်း​ပေမယ့်​၊ ထိုင်းရဲပြုတ်​ရဲ့ မယားငယ်​ ထိုင်း​ရောက်​မြန်​မာပြည်​သား(မွန်​အမျိုးသ္မီး)တစ်​ဦးဟာ မြန်​မာအချင်း​ချင်း ဂုတ်​​သွေးစုပ်​ရုံတင်​မကဘူး မြန်​မာ​အလုပ်သမား​​တွေကို ကူညီ​ပေး​နေတဲ့ AACအဖွဲ့ကိုပါ ထိုင်းလူမိုက်​ငှါးပြီး​တော့ ဝိုင်းရိုက်​ခိုင်းတဲ့ အဖြစ်​ပျက်​ကို ​အောက်​ပါလင့်​ခ်​မှာ ဝင်​​ရောက်​ကြည့်​နိုင်​ပါတယ်​👇👇👇👇
ဒီ​​မှာနိုပ်​၍ကြည့်​ပါ

မြန်​မာပြည်​သားအချင်းချင်း​ပေါ် အမြတ်​ကြီးစား ဂုတ်​​သွေးစုပ်​တဲ့ မြန်​မာပြည်​သား(မွန်​အမျိုးသ္မီး)အ​ကြောင်း တစ်​​​စေ့တစ်​​စောင်း သိချင်​ရင်​​တော့...
ဒီမှာနိုပ်​၍ကြည့်​ပါ

အဲ့လို AACကို ကြည့်​မရတဲ့ အကျင့်​ပျက်​ ထိုင်းလုပ်​ငန်းရှင်​နဲ့ ​အေဂျင်​စီများဟာ AACကို အခွင့်​သာရင်​ သာသလို အမျိုးမျိုး ကြံစည်​ ဒုက္ခ​ပေးတာမျိုး​တွေလည်းရှိပါတယ်​။ ဒီ​နေရာမှာ ​ပြောစရာ​လေးတစ်​ခုရှိတာက AACက မှန်​တယ်​ဆိုရင်​ ဘယ်​အရာမဆို ရဲရဲဝံ့ဝံ့လုပ်​ကိုင်​တတ်​​တော့ သံရုံးက တာဝန်​ရှိသူများဟာလည်း အလုပ်သမားအေ​ရး ကူညီ​​ဆောင်​​ရွက်​​ပေး​​နေတဲ့ AACဘက်​က​နေ မရပ်​တည်​တဲ့အပြင်​ အကျင့်​ပျက်​ ​အေဂျင်​စီ ပွဲစား​​တွေဘက်​က​နေ ရပ်​တည်​​နေတာကိုလည်း ​တွေ့ရပါတယ်​။
အ​သေးစိတ်​ကို ​အောက်​ပါလင့်​ခ်​က​နေ ဝင်​​ရောက်​ကြည့်​နိုင်​ပါတယ်​👇👇👇👇
ဒီ​မှာနိုပ်​၍ကြည့်​ပါ

တစ်​ကယ်​​တော့ ထိုင်း​ရောက်​အလုပ်​သမား​တွေဘဝက အမိမဲ့သား ​ရေနည်းငါးဆိုသလိုပါပဲ။

အသားထဲက​ ​လောက်​ | Ecency