အိပ်​ပျက်​ရတဲ့ည

kolinn(54)
Published in
#myanmar
Words
376
Reading
2 min
Listen
Play
8y

2018-05-22 00.06.08.jpg

အချိန်​ကား(၁.၆.၂၀၁၈) ညသန်း​ခေါင်​​ကျော်​ ၂ချက်​တီး.....

"​ယောင်္ကျား​ရေ... မီးပျက်​သွားပြီ​တော်​"

"​ဟေ.."

ကျ​နော့်​မိန်းမဖြစ်​သူမှ အသံတိုးညင်းစွာဖြင့်​ ​ပြောလိုက်​​သော​ကြောင့်​ အိပ်ချင်​မူးတူးနဲ့ ​"ဟေ" တစ်​လုံးပဲ ကျ​နော်​ ပြန်​​ထူးနိုင်​သည်​။

"အီးး ဟီးး အီး သားသား ပူတယ်​ ပန်​ကာဖွင့်​​ပေး... ပန်​ကာဖွင့်​​ပေး"

ကျ​နော့်​ရဲ့သားဖြစ်​သူမှလည်း မီးပျက်​တာနဲ့ တစ်​ပြိုင်​တည်း ငိုယိုပြီး​တော့ ပန်​ကာဖွင့်​ခိုင်း​လေ​တော့သည်​။

"ဟာ ဒီ​ကောင်​က​တော့.. မီးပျက်​သွားတာ​လေကွာ ဘယ်​လိုလုပ်​ ပန်​ကာဖွင့်​လို့ ရမှတုန်းသားရ"

ကျ​နော်​လည်း မျက်​လုံးကသာ မဖွင့်​နိုင်​တာ မီးပျက်​လို့ စိတ်​ညစ်​​နေပါတယ်​ဆိုမှ အ​ရေးထဲ ပန်​ကာဖွင့်​ခိုင်းတဲ့ သားဖြစ်​သူအား ကြိမ်း​မောင်းလိုက်​​လေသည်​၊ မိန်းမဖြစ်​သူမှာလည်း သား​​လေး ပူအိုက်​တယ်​ဆို၍ ယှက်​ခပ်​​ပေး​​လေ​တော့သည်​။

"သူ့​မေ​ရေ... အိုက်​တယ်​ဟ အိပ်​လို့လည်းမရဘူးကွာ အခန်း​တံခါး ထ​ဖွင့်​​ပေးပါအုံးကွာ"

"ကျွီ"

အခုလို ဟိုမ​ရောက်​ ဒီမ​ရောက်​ ပူပြင်းလှတဲ့ ​ရာသီဥတုမှာ ပူ​လောင်​အိုက်​စပ်​၍ ​နေလို့မရတဲ့အဆုံး မိန်းမဖြစ်​သူအား အခန်းတံခါး ဖွင့်ခိုင်းရေ​လ​တော့သည်၊ အခန်းတံခါး ဖွင့်​လိုက်​မှပဲ နည်းနည်း ​နေလို့အဆင်​​ပြေသွား​လေသည်​၊ သို့​သော်​ ​အပြင်​က​နေ ​လေဝင်​​လေထွက်​​ပေါက်​ တံခါးဖွင့်​လိုက်​သည်​နှင့်​ အပြင်ကေ​န အသံဗလံ​ ဆူညံသံများပါ တိုးဝင်​လာ​လေသည်​။

ထိုင်းနိုင်​ငံမှာက ​တော်​ရုံနဲ့ မီးမပျက်​လိုပါ၊ မီးပျက်​ရင်​လည်း မိနစ်​ပိုင်း​လောက်​သာ ကြာသည်​ ခဏ​နေ မီးပြန်​လာသည်​၊ သို့​သော်​ ဒီတစ်​ခါ မီးပျက်​တာ အံ့သြလို့ မဆုံးပါ တစ်​နာရီနီပါးကြာ​လေသည်​။

တိုက်​က အခန်း​တွေက အလုံ​ဆို​တော့ အခုလိုမီးပျက်​ရင်​ အခန်းထဲမှာ မည်​သူမှ မ​နေနိုင်​ကြပါ၊ အခန်းတံခါးဖွင့်​ပြီး အပြင်​ထွက်​​နေကြ​လေသည်​၊ က​လေးရှိတဲ့ အခန်း​တွေဆိုရင်​လည်း က​လေးငယ်​များမှာ အခန်းတွင်း ပု​လောင်​အိုက်​စပ်​၍ အိပ်​မရဖြစ်​ပြီး​တော့ ​အော်​ဟစ်​ပြီး ငိုယိုကြသလို မိုးလင်းက​နေ မိုးချုပ်​ အလုပ်​လုပ်​ရတဲ့ အလုပ်​သမားများမှာလည်း မီးပျက်​လို့ အိပ်​မရဖြစ်​ပြီး​တော့ ​ဒေါသတစ်​ကြီး ​အော်​ဟစ်​ဆဲဆိုသံ​တွေနဲ့ ဆူညံ​နေ​ပေ​တော့​လေသည်​။

မီးပျက်​ပြီး သိပ်​မကြာခင်​မှာ​တော့ ကျ​နော်​တို့ ​နေတဲ့တိုက်​သို့ ပုလိပ်များ​ရောက်​ချလာ​လေသည်​၊ အ​ကြောင်းမှာ​ မီးသူခိုးကို လာ​ရောက်​ဖမ်းဆီးခြင်းဖြစ်​​လေသည်​၊ ကျ​နော်​လည်း အိပ်​မရမယ့်​တူတူ ဘာမှန်းဖြစ်​တာလဲဆိုတာ သိချင်​စိတ်​နဲ့ အခန်းပြင်ထွက်၍ ​​​စပ်​စုကြည့်​​လိုက်​​သောအခါ... ​ကျ​နော်​နေတဲ့ တိုက်​ခန်းနဲ့ မျက်​နှာချင်းဆိုင်​ ​အခန်းတစ်ခန်း​အ​ရှေ့တွင်​ ပုလိပ်​သုံး​ယောက်​နှင့် တိုက်ခန်းပိုင်ရှင်​နဲ့ တိုက်ေ​​​​​စာင့်(ရန်း)လုံခြုံေ​​ရးတို့ကို​တွေ့ရ​လေသည်​။

သြော်​... အခုမှ အ​ကြောင်းစုံကို ကျ​နော်​နားလည်​သွားသည်​၊ အမှန်​က မီးပျက်​တာ အပြင်​မှာလည်း မီးမပျက်​သလို ကျ​နော်​တို့​နေတဲ့တိုက်​ တစ်​တိုက်​လုံးလည်း မီးမပျက်​ပါ၊ မီးပျက်​တာက တိုက်​တစ်​တိုက်​လုံးမှာမှ ကျ​နော်​တို့​နေတဲ့ တိုက်​အလွှာ တစ်​ထပ်​တည်းသာ မီးပျက်​ခြင်း ဖြစ်​​လေသည်​။

မီးသူခိုးဆိုသူမှာ ကမ်​ပူးချား(က​​မ္ဘောဒီယား)လူမျိုးဖြစ်​​လေသည်​၊ ထိုက​မ္ဘောဒီယားလူမျိုးများကို ကျ​နော်​တို့ ထိုင်း​ရောက်​မြန်​မာများက​တော့ ငံပြာရည်​ဟု​ခေါ်ကြသည်​၊ ထိုလူမျိုးများမှာ လူအ​ယောက်​ ၁၀၀မှာ ၈၀​လောက်​က(လူမျိုးခွဲခြားစိတ်​နဲ့ ​ပြောခြင်းမဟုတ်​ပါ)စိတ်​ဓာတ်​တစ်​အား ယုတ်​ညံ့ကြသည်​၊ ပြီး​တော့ အရမ်းလည်း ညစ်​ပတ်​ကြ​သော​ကြောင့်​ဖြစ်​သည်​၊၊

သူဘာအတွက်​​ကြောင့်​ မီးခိုးတာလည်းဆိုတာ ပုလိပ်​​တွေ​ရောက်​လာမှ အ​ကြောင်းစုံကို ​ဘေးနားက​နေနား​ထောင်​မှ ကျ​နော်​သိရ​လေသည်​။ လကုန်​လို့ အခန်းခရှင်းရန်​ ​ဘောင်​ချာဖြတ်​ပိုင်းစာရွက်​ ​ရောက်​လာ​သောအခါ သူ​နေတဲ့အခန်းမှာ တစ်​လတစ်​လကို အခန်းခရှင်းရတာ အခန်းခ/ရေခထက်​ မီးဖိုးမှာ အဆန်​မတန်​များ​​နေ၍ ​နောက်​လ​တွေမှာ မီးခသက်​သာ​စေရန်​ မီတာပုံးမှာသွားပြီး​တော့ မီးခိုးဖို့အတွက် ​ကလိရင်းနဲ့ ​ရှော့ဖြစ်​ပြီး မီးထ​ပေါက်​၍ ​အော်​တို ပင်​မ မိန်းကြီးကျသွားပြီး​တော့ ကျ​နော်​တို့​နေတဲ့ အလွှာတစ်​ထပ်​တည်းသာ မီးပျက်​သွားခြင်းဖြစ်​​လေသည်​။

ဒါကို မီးပျက်​တာ မဆီမဆိုင်​ ဖားမား​တွေလို့ ​တိုက်ခန်းပိုင်ရှင်မှ ​​​​ပြောလိုက်ေ​သာ အသံကြားရ​သောအခါ... အိပ်​ချင်​​နေတဲ့ ကျ​နော့်​မျက်​လုံးများ ပြူးကျယ်​သွား​လေသည်​၊ ​ဒေါသလည်း အ​တော်​ထွက်​သွားပါတယ်​ သည်းမခံနိုင်​လို့ ဝင်​​ပြောပြန်ရင်လည်း ကျ​​နော်နဲ့ အခန်းပိုင်ရှင်နဲ့ ​​​​​​​စောက်​စကား​တွေများ​တော့မည်​၊ မီးခိုးတာက ငံပြာရည်​(က​​မ္ဘောဒီယား)လူမျိုး၊ ဘာဆိုင်​လို့ ဖားမား(မြန်မာ)လူမျိုးဆိုတာကို ​ထည့်ေ​ပြာရတာလည်း၊ (ထိုင်းလူမျိုးများသည်​ မြန်​မာနိုင်​ငံသားများအား မြန်​မာလို့ မသုံးနှုန်းပဲ ဖားမားဟုသာ​ခေါ်​ဝေါ်ကြသည်​၊ သို့​သော်​ မြန်​မာဆိုတာကို သိသိကြီးနဲ့ ဖားမားဟု ​ခေါ်ဆိုခြင်းမှာ မြန်​မာပြည်​သားများအား နှိမ့်​ချဆက်​ဆံခြင်း ဖြစ်​​လေသည်​၊) အဲ့ဒါနဲ့ သည်းမခံနိုင်​လို့ ကျ​နော်​ဝင်​​ပြောမလို့လုပ်​​တော့ မိန်းမဖြစ်​သူမှာ ကျ​နော့်​အား လက်​ကို လှမ်းဆွဲထား​လေေ​တ့ာသည်​။

အခန်းပိုင်​ရှင်​ ​ပြော​သောစကားမှာ... ဒီလိုမျိုး မီးခိုးတာကို သူတို့ ငထိုင်းလူမျိုး​တွေက ဘယ်​​တော့မှ​မလုပ်​ကြဘူး ငံပြာရည်​​တွေနဲ့ ဖားမား​တွေပဲလုပ်​ကြတာတဲ့၊ တစ်​ခါ​ပြောလည်း ဖားမား နှစ်​ခါ​ပြောလည်း ဖားမား၊ ထပ်​ခါထပ်​ခါ​​ပြောတိုင်း ဖားမားဆိုတာ ပါ​နေ​တော့ သီးမခံနိုင်​​တော့ပါ၊ ကျ​​နော့်​အား လှမ်းဆွဲထားတဲ့ မိန်းမဖြစ်​သူလက်​အား အသာ​လေး တွန်းထုတ်​ပြီး​တော့...

"ဒီမှာ ဒီမှာ.. အခု မီးခိုးတာက ငံပြာရည်​လား ဖားမားလား ငံပြာရည်​ မီးခိုးရင်​ ငံပြာရည်​ကို​ပြော၊ ဘာဆိုင်​လို့ ဖားမားဆိုတာကို ထည့်​​ပြော​နေတာလဲ"

"ဟဲ့ နင်​နဲ့ ဘာဆိုင်​လို့ ဝင်​​ပြောရတာလည်း ငါ့ဟာငါ ဘယ်​သူ့​ပြော​ပြော နင့်​အပူပါလား"

"ပါ​တာ​ပေါ့ဗျ ခင်​ဗျား အခု​ပြော​နေတဲ့အထဲမှာ ဖားမား ဖာမားထည့်​ထည့်​​ပြော​နေတာ ကျုပ်​က ဖားမား(မြန်​မာ)လူမျိုးဗျ၊ မီးခိုးတာ ဖားမားမဟုတ်​ရင်​ ဖားမားဆိုတာကို ထည့်​မ​ပြောနဲ့​လေဗျာ.. အခု ခင်​ဗျာ​ပြော​နေတာက အရမ်းကို လွန်​​နေပြီ"

ဤကဲ့သို့ ကျ​နော်​နဲ့အခန်းပိုင်​ရှင်​ စကားအ​ခြေတင်​များ​နေတဲ့အချိန်​မှာ ပုလိပ်​​တွေ ဝင်​တားကြ​လေ​တော့သည်​၊ ကြာရင် ပြဿနာ​က မီးသူခိုး ငံပြာရည်​နဲ့ မဖြစ်​ပဲနဲ့ ကျ​နော်​နဲ့ အခန်းပိုင်​ရှင်​ ပြဿနာ တက်​သွားနိုင်​သည်​။

ကျ​နော်​နဲ့ အခန်းပိုင်​ရှင်​ စကား​အ​ချေတင်​ ​ပြော​နေတဲ့ အချိန်​ခဏ​လေးအတွင်းမှာ ရုပ်​ရုပ်​သဲသဲဖြစ်​သွားအချိန်​ကို အခွင့်​​ကောင်းယူပြီး​တော့ မီးသူခိုး ငံပြာရည်​မှာ ထွက်​​ပြေးလွတ်​​မြောက်​သွား​လေသည်​။

အခန်းပိုင်​ရှင်​မှာ မီးသူခိုး ငံပြာရည်​ လွတ်​သွားတာကို မခံချိ မခံသာ ဖြစ်​ပြီး​တော့ ​အောက်​​ပြေးဆင်းပြီးရှာလိုက်​ အ​ပေါ်ပြန်​​ပြေးတက်​လာလိုက်​နဲ့ ​ယောက်​ယှက်​ခက်​​နေ​လေ​တော့သည်​၊ ပုလိပ်​​တွေလည်း မီးသူခိုးကို ဖမ်းလို့​မမိမယ့်​တူတူ ​စောင့်​မဖမ်း​တော့ပဲ ပြန်​သွားကြ​လေ​တော့သည်​။

အခန်းပိုင်ရှင်မှာေ​စာင့်ကြီးေ​​​​အာက်ကြီးနဲ့ ​အော်တို မီးမိန်းကြီးထားတဲ့ ​သေတ္တာ​ဘောက်အား ​သော့ဖွင့်၍ ​​​ကျ​နေတာ မီးမိန်းကြီးအာ ပြန်​တင်​၍ မခံချိ မခံသာနဲ့ ပြန်​သွား​လေ​တော့သည်​၊ ​​​သေချာတာက​တော့ အခန်းပိုင်​ရှင်​က​ မီးသူခိုးကို မတင်းပဲနဲ့ ကျ​နော်​နဲ့ စကားများ​နေတဲ့အချိန်​ မီးသူခိုးလွတ်​သွားတဲ့​အ​ပေါ် မှာ ကျ​နော့်​ကို တင်း​နေမှာ​တော့ အ​သေချာပင်​၊ တင်းလည်း မတက်​နိုင်​ပါ၊ ကျ​နော့်​မှာ မဟုတ်​ရင်​ မခံတတ်​တဲ့စိတ်​က ဟိုးး ငယ်​စဉ်​ က​လေးဘဝထဲက ရှိပြီးသားပါ၊ သူများကိုလည်း မဟုတ်​တာ မ​ပြောသလို ကိုယ့်​ကိုလည်း မဟုတ်​တာ လာမ​ပြောနဲ့ ​မဟုတ်​ပဲ​လာပြောလို့က​တော့ ​မြေလှန်​ပြီး မိုးပါမီးရှို့ပစ်​လိုက်​မည်​D:

Author kolinn@kolinn

အိပ်​ပျက်​ရတဲ့ည | Ecency