မင်္ဂလာရှိသော ရက်မြတ်အခါသင်္ကြန်မှာ Myanmar Steemit အဖွဲ့သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...🤗🤗🤗
ဒီနေ့တော့ ဘယ်မှသွားမလည်ဖြစ်တော့ဘူး နေပူချက်က 9+ သေလို့တောင်ရတယ် 😩😩
ဇနီးနဲ့သားကတော့ သူတို့သွားချင်တဲ့ နေရာတွေ လိုက်ပို့ခိုင်းတယ် နေပူလို့ ပို့ရမှာ ပျင်းတာနဲ့ ဆင်ကြံ ကြံရတော့တာပေါ့ဗျာ..🤔🤔🤔
အပေါ်ထပ်ကို အပြေးလွှားတက်ပြီးတော့ ဒီနေ့ ဘယ်သူတွေ ဘယ်သွားလည်ကြမလဲ သွားလည်မယ့်သူရှိရင် ကျနော့် ဇနီးနဲ့သားကို အလည်လိုက်ဖို့အတွက် ထည့်ပေးချင်တဲ့အကြောင်း အဖော်လိုက်ဆက်ရတော့တာပေါ့ 😁😁😁
တိုက်က 12ထပ် ကျနော်နေတာက 2ထပ်မှာ အသိမိတ်ဆွေ မြန်မာပြည်သားတွေ နေတာက 8ထပ် 9ထပ် 10ထပ် 11ထပ် 12ထပ် မှာ နေကြတယ် ပြန်ဆင်းလာတော့ ဟောဟဲ ဟောဟဲ ဆိုဒ်နေပြီ မောချက်က 9+ 😥😥😥
ဘာလို့လဲဆိုတော့ မြန်မာပြည်သား အတော်များများက သူများနိုင်ငံမှာ နိုင်ငံမှာ အလုပ်လာလုပ်ကြတော့ အခန်းတွေ ဘာတွေ ငှါးနေရင် ဈေချိုတဲ့ အခန်းပဲ ငှါးနေကြတာများတယ်၊ အထပ်မြင့်လေ အခန်းခ ဈေးသက်သာလေ ကျနော်ကြတော့ လူက ဝတော့ အမောမခံနိုင်ဘူးဗျ ဒါကြောင့် အောက်ဆုံးအထပ်မှာ ငှါးနေတာ တိုက်မှာက ဓာတ်လှေကား မဆင်ပေးထားတော့ အပေါ်ဆုံးထပ်မှာ ဈေးသက်သက်သာလည်း ငှါးမနေနိုင်ပါဘူးဗျာ...😌😌😌
အခုတော့ ဇနီးနဲ့သား အပြင်သွားလည်ကြတော့ အခန်းမှာ ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ ဘယ်မှသွားမလည်မယ့်အတူ ဖုန်းလေးကောက်ကိုင်ပြီးတော့ အေးအေးဆေးဆေးပဲ နေခဲ့လိုက်တော့တယ်😊😊😊
သင်္ကြန်အချိန်အခါဆိုတော့ steemit မှာ စာရေးသူများကလည်း သင်္ကြန်နဲ့ ပက်သက်ပြီးတော့ စာရေးကြတာ ဝေဝေဆာဆာပါပဲလား ဟ ဟားး.. သူများတွေက သင်္ကြန်နဲ့ ပက်သက်ပြီးတော့ ရေးကြဖွဲ့ကြနဲ့ ကျနော့်မှာတော့ ဘာရေးလို့ ရေးရမှန်းတောင် မသိဘူး ဟိ ဟီးး.. သင်္ကြန်အကြောင်း ရေးရင်းကောင်းမလား ကိုယ်တွေ့ဖြစ်ရပ်မှန်ပဲ ရေးရမလား ကဗျာပဲရေးရမလား ဝတ္ထူလေးပဲ ရေးရင်ကောင်းမလား စဉ်းစားနေတာနေဗျာ 🤔🤔🤔
ဘာရေးလို့ ရေးရမှန်း မသိတာနဲ့ အကောင့်လေးဖွင့် Home feed ထဲ သွားပြီးတော့ tag မှာ myanmar နဲ့ New ကို ရွေးပြီးတော့ သူများတွေ ဘာတွေများ ရေးပြီးတင်ထားလည်း ဆိုပြီးတော့ ဟိုဝင်ဒီဝင် ရှာရင်းဖွေရင်းနဲ့ စာတွေပဲ လိုက်ဖက်နေလိုက်တော့တယ်ဗျာ..🤑🤑
နှစ်သစ်မှာ အားလုံးပဲ ရွင်လန်းချမ်းမြေ့ကြပါစေ။