ကျနော့်ဘဝ အတွေ့အကြုံများ (အပိုင်း ၅)

kolinn(54)
Published in
#myanmar
Words
231
Reading
2 min
Listen
Play
9y

image

"အားလုံးကားပေါ်ကဆင်းကြဟေ့ ပြီးရင် အောက်မှာ ညီညီညာညာ တန်းစီကြပါ"

နိုင်ငံခြားသားများ ဖမ်းဆီးချုပ်နှောင်သော အချုပ်ထောင် IDCရုံးသို့ ရောက်ပါပြီ ပုလိပ်ဖြစ်သူမှာ ကျနော်တို့အား ကားပေါ်မှ ဆင်းခိုင်းပြီးတော့ အောက်တွင်တန်းစီခိုင်းလေသည်။ ကျနော်တို့အချုပ်သားတွေမှာ IDCသို့ ရောက်သည်နှင့် နာမည်စာရင်းပေးရသည် လက်ဗွေ(လက်ဆယ်ချောင်းလုံး)နှင့် မျက်ကြည်လွှာအား Scanဖက်ရလေသည် ဓာတ်ပုံအရိုက်ခံသည်။ ထိုကဲ့သို့ လက်ဗွေနဲ့မျက်ကြည်လွှာများကို Scanဖက်ပြီးတော့ ဓာတ်ပုံရိုက်ခံရသည်မှာ ထိုင်းနိုင်ငံသို့ နောက်ထပ်တစ်ကြိမ် ပြန်လည်ခိုးဝင်လာပါက ဖမ်းခံထိခဲ့လျှင် ပထမအကြိမ်အဖမ်းခံဖူးသူ IDCရောက်ဖူးသူ မည်သူမည်ဝါဆိုတာကို သိတာနဲ့ အပြစ်ဒဏ် ကြီးကြီးကျခံရသည် သို့ ထောင်နန်းစံရမည်သာဖြစ်သည်။)လက်ဗွေနိုပ် ဓာတ်ပုံရိုက်ခံပြီး ထိုမှတစ်ဆင့် မိမိတွင်ပါလာသော ပစ္စည်းပစ္စယာများကို အပ်နှံရသည် လက်စွပ် ဆွဲကြိုး နားကပ် ခါးပတ် မီးခြစ် (အချုပ်ထဲသို့ သံထည်ပစ္စည်းမှန်သမျှ ဘာမှယူဆေါင်မရပါ)စသည့်များ အဝတ်စား နှစ်စုံစီနှင့် ငွေစက္ကူများကို ယူဆောင်ခွင့်ပြုသည်။ ပြီးတာနဲ့ ယောင်္ကျားသားများက ယောင်္ကျားသား အချုပ်ခန်းထဲသို့သွားကြရသည်။ အမျိုးသမီးများက အမျိုးသမီးအချုပ်ခန်းသို့သွားကြရသည်။

ကျနော်တို့ ယောင်္ကျားသားများကို ပထမ စပို့သည့် အချုပ်ခန်းမှာ အောက်ဆုံးအထပ်ဖြစ်ပါသည် အကျယ်အဝန်း ပေ100ပတ်လည်လောက်ရှိသည် အချုပ်ခန်းထဲတွင် အချုပ်သားများအပြည့်ရှိနေသည်။ ။အချုပ်ခန်းထဲသို့ ရောက်သည်နှင့် အားလုံးကို ဆံပင်တိုတို(အချုပ်သားကေ)ညှပ်ရလေသည် ဆံပင်ညှပ်သောသူမှာ နိုင်ငံခြားသား အင်္ဂလိပ်လူမျိုးဖြစ်သည် ဆံပင်ညှပ်ပြီးသည်နှင့် တန်းစီပြီး ရေချိုင်းခိုင်းလေသည်(ဂျပန်ရေချိုးနည်း) ရေချိုးသောနေရာမှာ အချုပ်ခန်းထဲတွင်သာဖြစ်သည် သံတိုင်အပြင်ဘက်ကနေ လှမ်းကြည့်လျှင် မမြင်ရရုံသာ ရေချိုးသောနေရာအား ကာထားသည် ဘေးပတ်လည်တွင် အကာရံမရှိပါ ရေချိုးတဲ့အခါ အင်္ဂလိပ်အဖိုးကြီး တစ်ယောက်မှာ ရေချိုးသူများကို ခေါင်းပေါ်ကနေ ဆပ်ပြာရေတွေ လိုက်လောင်းချပေးလေသည်။ ဆပ်ပြာရေတွေကို နမ်းကြည့်လိုက်တော့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေကို ရေဖျော်ထားခြင်းဖြစ်လေသည်။မတတ်နိုင်ဘူး တစ်သက်နဲ့တစ်ကိုယ် ဒီလိုအချုပ်မျိုးကို ရောက်ဖို့ဆိုတာ အရင်းအနှီးကြီးသည်D: ဝက်ဖြစ်မှတော့ ချီးမကြောက်တော့ပါ... ထိုအချိန်တွင် အချုပ်ခန်းထဲတွင်ရှိသော အချုပ်သားများထဲမှ လူတစ်စုသည် ရေချိုးနေသောသူများအား မျက်စိကျွတ်ထွက်မတတ် စူးစိုက်ကြည့်နေလေသည် အဘယ်ကြောင့်နည်း မသင်္ကာလို့ နောက်လှည့်ကြည့်လိုက်တော့ ဘုရား ဘုရား.. ထိုလူတစ်စုမှာ ဂျော်တကား(အခြောက်များ)ဖြစ်နေသည်။
ရေတောင် ဖြောင့်ဖြောင့်မချိုးရဲတဲ့ဘဝပါလား နောက်ကျောမလုံတာနဲ့ ကမန်းကတန်း အမြန်ရေချိုးလိုက်သည်။ရေချိုးပြီးသည်နှင့် တစ်အောက်လောက်အကြာတွင် အချုပ်ခန်းတွင်ရှိသော အချုပ်သား တစ်ချို့တစ်ဝက် အပေါ်ထပ်ရှိ(သုံးထပ်) အချုပ်ခန်းသို့ ပြောင်းရွေ့လေသည်။ထိုပြောင်းရွေ့သော အချုပ်သားများအထဲတွင် ကျနော်ပါ ပါဝင်လေသည်။(တော်သေးသည် ခုနက ဂျော်တကား(အခြောက်)အဖွဲ့ မပါလာခဲ့ပါ။)

"ကဲ အခုရောက်တဲ့ အချုပ်သားအသစ်တွေထဲမှာ မြန်မာလူမျိုးတွေ ပါရင် လက်ထောင်ကြပါ"
အပေါ်ထပ် အချုပ်ခန်းထဲသို့ ရောက်သည်နှင့် အသားမဲမဲ ထောင်ထောင်မောင်းမောင်း ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးများနှင့် မြန်မာလူမျိုး(ကုလား)ဖြစ်သူမှ လှမ်းအော်၍ မေးလေတော့သည်။

"လာကြ လာကြ မြန်မာလူမျိုးတွေက ဒီဘက်ခြမ်းမှာနေ တစ်ခြားလူမျိုး လာအို ကမ္ဘောဒီယားလူမျိုးတွေက ဟိုဘက်မှာနေ ဒီအချုပ်ခန်းထဲ ငါက ခေါင်းဆောင်ပဲ သေချာမှတ်ထားကြ ငါ့ပြောစကား နားထောင်ကြ နားမထောင်ရင်တော့ ငါ့အဆိုးမဆိုကြနဲ့"
မြန်မာလူမျိုး(ကုလား)ဖြစ်သူမှာ အချုပ်သားများထဲမှ အချုပ်သားများကို ပြန်လည်အုပ်ချုပ်ရသည့် ခေါင်းဆောင်(တန်းစီး)ဖြစ်ဟန်တူသည် လေသံကတော့ ခပ်မာမာပါ သူ့ကြည့်ရတာ အချိုးမပြေရင် တစ်ကယ်ဗျင်းမယ့်ပုံပါ။ ထိုခေါင်းဆောင်(တန်းစီး)ဖြစ်သူရဲ့ နေတဲ့နေရာမှာ နည်းနည်းတော့ အဆင့်မြင့်သည် အချုပ်ခန်းထဲတွင် သူနေဖို့အတွက် သီးသန့် အထပ်မြင့်လုပ်ထားပေးသည် သူ့နေရာတွင် လူဆယ်ယောက်လောက် အသာလေး နေလို့ရသည် သို့သော် သူတစ်ဦးတည်းသာနေသည်။ အခြားအချုပ်သားများကိုတော့ တမံသလင်းပြင်တွင်သာ ပေးနေခိုင်းပါသည်။ ခေါင်းဆောင်(တန်းစီး)မို့လို့ထင်သည် IDCရုံးက သူ့ကိုမျက်နှာသာပေးထားသည် အချုပ်းခန်းထဲတွင် အချိုရည်များနဲ့ မုန့်ပဲသရေစာများ ဆေးလိပ်များကို ခေါင်းဆောင်(တန်းစီး)ဖြစ်သူအား ရောင်းချခွင့်ပေးထားလေသည် ပိုပြီးထူခြားတာက ထိုခေါင်းဆောင်(တန်းစီး)အား တစ်ပတ်လျှင် တစ်ကြိမ် တနင်္ဂနွေနေ့ အပတ်တိုင်းကို အပြင်လောကသို့ ထွက်လည်ခွင့် ပေးထားလေသည်။

ဆက်လက်ရေးသားသွားပါမည်။

image

ကျေးဇူးတင်ထိုက်သူများနှင့် တစ်ကွ steemit myanmar အဖွဲ့သားများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

MSC 160
Author: kolinn@kolinn

ကျနော့်ဘဝ အတွေ့အကြုံများ (အပိုင်း ၅) | Ecency