ဘာပဲ​ပြောပြာ..

kokosi(44)
Published in
#ngu
Words
241
Reading
2 min
Listen
Play
8y

လက်ရှိလူထုတင်မြှောက်ထားတဲ့အရပ်သားအစိုးရကိုစေတနာအပြုသဘောဖြင့်ထောက်ပြဝေဘန်တင်ပြလိုက်ပါတယ်လက်ရှိ တာဝန်ယူနေရတဲ့ အစိုးရကို ရှေ့လဲ မတိုးသာ နောက်လဲ မဆုတ်သာ လူမျိုးရေးဘာသာရေးတွေပါ ထွေးရောယှက်တင်ဖြစ်နေတာကိုလည်း နားလည်ကိုယ်ချင်းစာမိပါတယ်ဒါပေမဲ့လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုမလုပ်ပဲ မလိုအပ်တာတွေကိုလုပ်နေကြတယ်လို့ကျုပ်မြင်တယ်သဘောထားကွဲလွဲနိုင်ပါတယ် ပြဿနာမရှိပါဘူး တိုင်းပြည်ကြီးအတိဒုက္ခ သုက္ခ အမျိုးမျိုးရောက်နေတဲ့အချိန်မှာ ဘယ်ဘုန်ကြီးကျောင်းကိုမှ ဆွမ်းပဒေသာပင်တွေ လှူတာမျိုး မလုပ်သင့်ပါဘူး အလှူကိုပိတ်ပင်တာမဟုတ်ပါ တိုင်းပြည်တစ်ခုလုံးဘေးဒုက္ခအမျိုး၂တွေရောက်နေတဲ့အချိန်မှာ ဘုန်းကြီးကျောင်းတွေဟာ တကယ်တော့မဆင်းရဲပါဘူး ဒုက္ခတကယ်ရောက်တဲ့အထိ ဆင်းရဲတာမျိုးမရှိသလောက်ပါ အကုန်လုံးကိုမဆိုလိုပါ အထိုက်အလျောက်တော့ပြည့်စုံကြပါတယ် စစ်အစိုးရလက်ထက်တုံးက သူတို့မယားနားကပ်ပေါင်ပြီးလှူတာတစ်ခုမှမပါဘူး ပြည်သူ့ ဘဏ္ဍာတွေကိုအလွဲသုံးစားလုပ်ပြီး ရဟန်းသံဃာတွေကို လာဘ်ထိုးဖျက်ဆီးသွေးခွဲခဲ့တာခုအထိပဲ သံဃာတွေ မစည်းလုံးတော့ဘူး အမှန်တရားဟာ ငွေအောက်မှာ သံဃာတွေလည်း အချို့ ထင်ရှား မထင်ရှား ကျော်ကြား မကျော်ကြား တဲ့ သံဃာတွေ ခရိုနီ စစ်အုပ်စုရဲ့ ငွေကြေး အလုံးအရင်းနောက်ပါသွားကုန်ကြပြီ အဂတိ တွေပေါ့ လက်ရှိ ဒီမိုကရက်တစ် အစိုးရ မနိုင်မနင်းဖြစ်နေတဲ့ကြားက ဘာသာရေးလူမျိုးရေး အစွန်းရောက် အမုန်းစကားလက်ကိုင်ထားသူတွေကို ကြောက်နေသလိုပဲလို့ကျုပ်မြင်တယ် သူတို့နောက်မှာရှိနေတဲ့အကောင်ကြီးတွေကိုလဲဘာမှကြောက်စရာမလိုပါ အလိုလိုက်လွန်းလို့ အမိုက်စော်ကားနေတာပါ ဒီအစိုးရမှာပိုက်ဆံမရှိပါပဲလျက် တိုင်းပြည်တစ်ခုလုံး ဒုက္ခရောက်နေပါလျက်နဲ့ ဘာကိစ္စ မလိုအပ်ပဲ ဘုန်းကြီးကျောင်းတွေမှာဆွမ်းပ ဒသာပင်တွေလိုက်လှူနေရတာလဲ ငတ်နေတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းမှမရှိပါဘူးအချို့အနည်းငယ်တော့ရှိရင်ရှိမှာပေါ့ မရှိချင်ယောင်ဆောင်တာမျိုးတွေကလည်းရှိသေးတယ် ထားပါတော့ သာသနာရေးဟာ ပြည်တွင်းမှာသာမကပြည်ပမှာပါအတော်သိက္ခာကျနေပြီ ကမ္ဘာကြီးကရွာကြီးဖြစ်နေတာကို မြင်အောင်ကြည့်ကြပါအုံး ဘာမှမသိပဲ စွတ်လုပ်မနေကြပါနဲ့အဖတ်ဆယ်မရဖြစ်တော့မယ်ဒီလိုဆွမ်းပဒေသာပင်တွေလိုက်လှူတာ စစ်အစိုးရရဲ့ နည်းစနစ်လို့ပြောချင်ပါတယ် ဘုန်းကြီးတွေကိုလိုက်ဖားနေသလိုပဲမြင်တယ် အဲဒီငွေတွေ အခြားတကယ်ဒုက္ခရောက်နေတဲ့ လိုအပ်တဲ့နေရာတွေမှာသုံးပါ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လောက်ထိရောက်လိုက်မလဲဆိုဒါ အထင်းသားကြီးပါ ဘွဲ့တံဆိတ် ဆွမ်းဆန်စိမ်း လောင်းလှူ ထပ်ဆင့်ပူဇော်ပွဲတွေလုပ် တော်ရောပေါ့ ဒကာ ဒကာမတွေ ဘုမသိ ဘမသိနဲ့ သနားစရာကောင်းလှပါတယ်လက်ရှိအစိုးရခမျာလဲ ဘာသာရေးအပေါက်အပြဲ ဗရုတ်သုက္ခတွေကို မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးတွေကို လိုက်လှူနေရတာ သနားစရာကောင်းလှပါတယ် တကယ်တော့ တစ်ဖက်အုပ်စုရဲ့ ငွေဖြုံးအား ( ဓနအား) ကိုမယှဉ်နိုင်ပါဘူး ၂ဝဝ၈ ကြောင့်လဲအာဏာအားလဲမယှဉ်နိုင်သေးပါဘူးလက်ရှိအစိုးရမှာ ငွေကြေးအတိုင်းအတာအရ ခရိုနီ တွေ စစ်ဗိုလ်ချုပ်တွေ ဦးပိုင်တို့ အဆက်ဆက်ကိုယ်းကွယ်ခဲ့တဲ့ ဘုန်တော်ကြီးတွေလောက်မချမ်းသာပါဘူးလက်ရှိအစိုးရ အနေနဲ့ မယောင်ရာဆီမလူးစေချင်ဘူး ဒါကိုသိနားလည်ပေးပါသေးတယ် လက်ရှိအစိုးရ ( တိုင်းဒေသကြီးအစိုးရလောက်ကတောင်) အသိအမှတ်မပြုဘေးဖယ် အပြစ်ပယ်ခံရတာလောက်ရင်နာစရာမရှိတော့ဘူး အသိအမှတ်လေးတော့ပြုသင့်တယ် ဘာကြောင့်လဲ သူတို့ ဘဝတွေအသက်တွေ နှိပ်စက်ခံရတာတွေ ခုထိအပြင်ရောက်လာပေမဲ့လူစဉ်မမှီတဲ့ဘဝတွေရောက်သွားခဲ့ရတာတွေ နေစရာကျောင်းမရှိ ဝတ်စရာသင်္က်န်းမရှအိုဘာမှမရှိတော့တဲ့ဘဝတွေကို ကျုပ်ကိုယ်တိုင် မျက်ရည်အကြိမ်၂ ကျပြီးတတ်နိုင်သလောက်စောင့်ရှောက်ခဲ့ရတာဒီနေ့အထိပါ မဏ္ဍပ်တိုင်မတက်လိုပါ ကြေကွဲစကားတွေပါဒါဟာဘယ်သူတွေလဲဆိုတော့ကမ္ဘာ့သမိုင်းဝင်ရွှေဝါရောင်သံဃာတော်တွေပါ ဘယ်သူမှညင်းလို့မရပါဘူးခုလို လက်ရှိအစိုးရဖြစ်လာအောင်သူတို့ ( ရွှေဝါရောင်တို့ရဲ့အခန်းကဏ္ဍအများကြီးပါခဲ့တယ်ဆိုတာတော့ လက်ရှိ အစိုးရနားလည်သင့်တယ် ) ဘုန်းကြီးကတော့ဘာမှထည့်မတွက်ဘူး အခွင်းအရေးလဲမတောင်းဆိုဘူး ဝင်စွက်ဖက်တာမျိုးလဲ မလုပ်တော့မပါတော့ဘူး နောက်ဆုံးဆွမ်းစားပင့်တာကအစမကြွတော့ဘူး နာရေးကလွဲပြီးဘယ်အခမ်းအနားကိုမှမတက်တော့ဘူး အကုသိုလ်ုဖြစ်စရာတွေ ရှောင်လိုက်ပြီ ပဋိပတ္တိ တရားစခန်းတွေပဲအမြဲဖွင်တော့မယ် ခုဒါတွေပြောနေတာနိုင်ငံရေးမဟုတ်ဘူး သွန်သင်ဆုံးမတာ အပြုသဘောစေတနာနဲ့ ပြည်ထောင်စုကိုချစ်လို့ပါ ငွေတွေအများကြီးတော့မချမ်းသာပါ ဒါပေမဲ့ ပြည်ထောင်စုကိုချစ်တာချင်းတော့ ဘယ်သူနဲ့မဆိုမှန်၂. ကန်၂ ယှဉ်ရဲပါသည်ခုအခြေအနေအရ လက်ရှိအစိုးရလဲဆွဲမိဆွဲရာ ဂရောင်ဂတန်း ဆွဲနေရသလိုဖြစ်နေပါရောလား ကိုယ်ချင်းစာပါသည် ဘရမ်းဘတာ တပ်ပျက်ဗိုလ်လုပ်အုပ်ချုပ်နေရသလိုဖြစ်နေပါရောလား တောစကားပြောရရင် ကတောင်းတခြားဖင်တခြား တိုင်းပြည်ဆိုဒါ တို့နိုင်ငံမှအစစ်ပဲဒါ့ကြောင့်ဘယ်နိုင်ငံကမှမလေးစားအထင်မကြီး အထင်သေးအစော်ကားခံနေရတာ အဲဒီအထဲမှာ ရဟန်းသံဃာအချို့ ချို့ကြောင့်လည်းအများကြီးအထင်သေးအစော်ကားအပြောခံရတာတွေအမျာကြီးပါပဲ ပြီးခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်လောက်က ဥရောပဘူတာရုံတစ်ခုမှာ ရထားစောင့်နေရင်းရဟန်းတစ်ပါး မွတ်စလင်တစ်ယောက်က အသားလွတ် ရိုက်သွားတာကိုခံလိုက်ရတယ် မလေးလိုနိုင်ငံမျိုးတွေမှာတော့ အသားလွတ်အသတ်ခံရတာတွေအများကြီးပါပဲဒါတွေဟာကိုယ့်နိုင်ငံက ပေါ်ပင်မျိုးချစ်သူရဲဘောတွေရဲ့ လှိုင်းဂယက်တွေကြောင့် သေကြေပျက်စီးရတာရင်နာစရာကောင်းလှပါတယ်ခုလဲလက်ရှိအစိုးရဖြစ်လာအောင် ဘဝတွေအသက်တွေ ကျမ်းမာရေးတွေ ပြန်လွတ်လာပြန်တော့နေစရာကျောင်းမရှိတာတွေကြောင့်ဒုက္ခတွေ ရောက်နေခဲ့ကြတာတွေကောဒီအစိုးရသိရဲ့လား ကျုပ်အတွက်ဘာမှမပူနဲ့ ဘာအခွငိ့အရေးမှမလိုချင်ဘူး တောင်းလဲတောင်းမှာမဟုတ်သလို ရတိုင်လည်းဘယ်တုန်းကမှမတရားတာကိုအလှူမခံခဲ့ဘူး ဘုရားနည်းနဲ့ဆွမ်းခံစားတယ် မတရားနည်းနဲ့ မလိုချင်ဘူး ဒါဟာ ငါ့သမိုင်းပဲခုလာမယ့် ၁၈. ရက်မှာ ၁၁. နှစ်မြောက် အထိမ်းအမှတ်ပွဲ တော်ဝင်နှင်းဆီမှာ လုပ်မယ်လာချင်တဲ့သူလာကြပေါ့ သိပ်ပြီးခယဖိတ်နေစရာတော့မလိုလောက်ပါဘူးဘာလဲဒီအစိုးရကကော မုန့်ကျွေးတဲ့ဘုန်းကြီးစာတတ်တယ်ထင်ပုံရတယ် ဒို့ကတော့ မုန့်လဲမကြွေးနိုင်ဘူး ပိုက်ဆံလဲမရှိဘူး ရှိအောင်လဲအချောင်မလိုက်ဘူး သန့်သန့်ပဲနေတော့တယ် လက်ရှိအစိုးရ ပိုက်ဆံပေါ ဘုန်းကြီး ဘွဲ့ကြီးတွေကို ဆည်းကပ်တာလွန်လွန်းတယ် အလိုလိုက်လွန်းအားကြီးတယ်အဲဒီလိုတွေကြောင့်ဘုန်းကြီးတွေအကျင့်ပျက်ကုန်ကြတာ ဒီတော့ တပည့်တော်တို့ သံဃာတော်တွေစည်းလုံးညီညွတ်မှုပြိုကွဲသွားအောင်ငွေကြေးအရှိန်အဟုန်နဲ့ဖိတွန်းပံ့ပိုးလှူဒါန်းတာကိုအလှူခံတာကလဲ ဘူမသိ ကိုးမသိ ရပြီးရောဆိုပြီးအလှူခံလိုက်ကြတာပါနောက်တော့ခိုင်းတာအကုန်လုပ်ရတော့တာပေါ့ ခုဟာကလူတွေကသာဆင်းရဲဒုက္ခရောက်နေတာနော်ဘယ်ဘုန်းကြီးကျောင်း ငတ်ပြတ်နေတာမရှိဘူးမျက်မြင်ကိုယ်တွေ့တွေပါတကယ်အတိဒုက္ခ ရောက်နေ ဘုန်းကြီးကျောင်းတွေလဲ သွားရောက်လှူဒါန်းခဲ့တာအများကြီးပါ

ဘာပဲ​ပြောပြာ.. | Ecency