နေတတ်သေတတ်ဖိုပြင်

Words
311
Reading
2 min
Listen
Play
9y

image

သေနည်း မည်သူ မဆို တစ်နေ့ မုချ သေရမည် ။နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။ သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ အနေတတ်ဖို့ကတော့ မိမိကိုယ်ကို ထိန်းသိမ်းနိင်ရမယ်။နေတတ်ထိုင်တတ်ရမည်။မနေတတ်ရင် လူအပြောအဆိုခံရတတ်ပြီး ကဲ့ရဲ့ကြလိမ့်မယ်။ဒါကြောင့် ဘာလုပ်လုပ် သွားသတိ လာသတိ စားသတိ နေသတိရှိဖို့လို့ပါတယ်။သွားသတိဆိုတာ အသွားမတော် တစ်လှမ်းဆိုတာရှိပြီး ခြေလှမ်းမှားသွားရင် ဒုက္ခရောက်တတ်တယ်။ဒါကြောင့်မိမိသွားမဲ့လမ်းကို ဆူး ခလုတ်စသဖြင့် ရှင်းမရှင်းကြည့် ဘေးဝဲ ယာကိုလည်းသတိနဲ့ကြည့်က အန္တာရာယ်ကိုရှောင်နိင်ပါစေ။စားသတိဆိုတာလည်း အစားမတော်တလုတ်ဆိုတော့ အစားကြောင့်ဘေးဖြစ်တတ်ကြောင်းတွေ့ရပါလိမ့်မယ်။မိမိစားတဲ့အစားအစားတွေဟာ မိမိနဲ့တည့်မတည့်သေချာစဉ်းစားပြီး ဟင်းချက်ရာတွင်လည်း တစ်ခုနဲ့တစ်ခု အဆိပ်မဖြစ်အောင် ချက်တတ်ဖို့လိုပါတယ်။

သေတတ်ဖို့ကလည်း လူဖြစ်တဲ့အတွက် လိုသေးပါတယ်။အသေမတတ်ရင် ဒုက္ခများလိမ့်မယ်။ဒါကြောင့်အသေတတ်ဖို့ ခုထဲက ကျင့်ကြံအားထုတ်သင့်တယ်။အသက်ကြီးသောအခါမှ အသေတတ်အောင်ကျင့်မဲ့အစား ခုအချိန်ထဲက အသေတတ်ဖို့ ကျင့်ရပါလိမ့်မယ်။အသက်ကြီးတဲ့အခါ ဦနှောက်ဥာဏ်တွေကထိုင်းမှိုင်ပြီး မေ့တတ်လာကာ တရာအသိကိုမှတ်ရတာ ခက်ခဲလာနိင်သောကြောင့် ခုအချိန်မှာ ကျင့်ပါ။ငယ်ရွယ်တုန်းအချိန်ကျင့်မှာ စိတ်ချရပါလိမ့်မယ်။ဘယ်နေ့ ဘယ်အချိန်သေးမှန်း မသိတဲ့အရာကို အသက်ကြီးမှာတရားလုပ်မယ် မစဉ်းစားပါနဲ့။အသေမဦးခင် ဥာဏ်ဦးအောင်လုပ်ပါ။နောက် ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ တရားကိုရှာနိင်မှာ အဆင်ပြေပါလိမ့်မည်။နေ့မြင် ညပျောက်ဆိုတဲ့ သဘောတရားကို မြင်အောင်ကြည့်တတ်ဖို့ လိုလိမ့်မယ်။တရားဆိုတာ မိမိခန္ဓာကိုယ်မှာရှိသဖြင့် မိမိကိုယ်ခန္ဓာရဲ့ ဖြစ်ပတတ်ပျက်တတ်သော သဘောတရားကို မြင်အောင်ကြည့်ပြီး လေ့လာမှတ်သားပါ။

နောက်ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီးစိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏။သေပုံ သေနည်းမတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ငရဲ ကျသူတွေ အများ အပြား ရှိ၏။မိမိပတ်ဝန်ကျင်မှာလည်း မကျွတ်မလွတ်ဘဲ အဟိတ် ပြိတ္တာဖြစ်နေကြတာ မြင်နေ ကြားနေရပါလိမ့်မယ်။ထိုသူတို့ဟာ မသေခင်တုန်းမှာ မလှူမတန်းဘဲ ကပ်စီးနည်းသူများဖြစ်ကြပါတယ်။တစ်ချို့က လှူတန်းခဲ့ပင်မဲ့ ဥာဏ်ယှဉ်ပြီး မလှူဘဲ ဂုဏ်ပကာသနနဲ့လှူသောကြောင့် သေသောအခါ ပြိတ္တာဘဝအချိန်အတိုင်းအတာတစ်ခုအထိ စွဲလမ်းမှုကြောင့်ခဏတာ နေရတတ်ပါတယ်။ဒါပင်မဲ့ ထိုဘဝကလွတ်သောအခါ လှူခဲ့တဲ့အကျိုးကျေးဇူးကြောင့် နတ်စည်းစိမ်ခံစားရတတ်ပါတယ်။ဒါကြောင့် မသေခင် လူဖြစ်တဲ့ဘဝလေးမှာ ကိုယ်သွားချင်တဲ့နေရာရောက်အောင် လုပ်နိင်ပါတယ်။ဒါပင်မဲ့ မလုပ်ခဲ့ကြသောကြောင့် ငရဲပြည်ရေညက်သူများနေတာ တွေ့ရှိရလိမ့်မည်။

မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီးတွေ့ ရာဆွဲယူ တတ်သလို သေခါ နီးတဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြသည် ။သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ခင်ပွန်း၊ ဇနီး၊ သမီး ၊သား ၊ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝတွင် ခဏ လာပြီးဆုံဆည်းကြ ခြင်းဖြစ်သည် ။ကံ စီမံရာ အတိုင်းသူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။တိုက်တာ ၊ အိမ်ရာ ၊စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူးတွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး။ တွယ်တာဖို့ မလိုဘူး။စိတ်ကို ရှင်းရှင်းထားအားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။သံယောဇဉ်ဖြတ်နိင်ရင် မိမိအတွက်ကောင်းသလို သားသမီးတွေအတွက်လည်း ကောင်းပါတယ်။လူအများဟာ သံယောဇဉ်ဆိုတဲ့ ကြိုးကိုမဖြတ်နိင်သောကြောင့် သံသရာမှာ တစ်ဝဲလည်လည်ဖြစ်နေကြတာပါ။ထိုကြိုးဖြတ်နိင်ရင် သေဖို့လည်း ကြောက်တော့မှာမဟုတ်ကြပါ။

သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက်တစ်ဘဝအတွက် အကျိုးပေးသဖြင့် ဘဝကူးအတွက် အလွန် အရေးကြီးသည် ။ထိုဘဝကူးအချိန်လေးမှာ အရမ်းသတိထားသင့်ပါတယ်။သေခါနီးလူရဲ့ဘေးမှာ ဘုရားစာတို့ တရားဓမ္မတို့ဖွင့်ထားသင့်ပြီး မသေခင်လှူတန်းခဲ့တဲ့အကြောင်းတွေများများပြောပေးဖို့လိုအပ်ပါတယ်။ဒါမှ နောက်ဘဝကို ကောင်းကောင်းမွန်မွန်ကူးနိင်ပြီးအသေဖြောင့်လိမ့်မယ်။သေခါနီး ကာလဆိုတာ ကိုယ်အား နှုတ်အား တွေ လျော့ ပါးနေတဲ့ အတွက် ကာယကံ မှု ၊ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရမည် ။ မနောကံ အလုပ်၊ စိတ်ထဲကနှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။စိတ်နှလုံးအသွင်းကောင်းမှ လားရာကတိလည်းမြဲပါလိမ့်မယ်။မိမိတို့ရဲ့ လားရာကတိကို မိမိတို့ဘာသာ ဖန်တီးယူကြရတာပါ။မည်သူတစ်ဦးတစ်ယောက်မှ ပေးလို့မရပါ။ဒါကြောင်း နှလုံးသွင်းမှန်ပါစေ။

သေခါ နီး ဆိုတာ များများမလုပ်နိုင်တော့ ဘူး။ လုပ်သလောက်ဟာကလေးတိတိကျကျ မိမိရရ ရှိဖို့ အရေး ကြီးပေသည် ။ဒီဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီးဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ်ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံးချုပ်မယ့် ပုံစံကို တိတိကျကျရေးဆွဲ ထားရမည် ။မသေခင်မှာ ကြိုတင်မပြင်ထားဘူးဆို သေတဲ့အခါ ဒုက္ခများရလိမ့်မယ်။မိမိမသေခင်လှူခဲ့တဲ့မှတမ်း သူတစ်ပါးကောင်းခဲ့တဲ့အကြောင်းတွေ အများကြီးကို မှတ်တမ်းစာအုပ်နဲ့ထားပြီ ကြိုတင်ပြင်စဉ်ထားပါ။ဒါဆို အနေလည်းတတ်ပြီး အသေလည်းတတ်ပြီး။

အဖွဲ့သားအားလုံး အနေတတ် အသေသတ်ကြပါစေ။

kokonaing
Msc.185

နေတတ်သေတတ်ဖိုပြင် | Ecency