မြေယာဆုံးရှုံးပြီး ဒေသဖွံ့ဖြိုး ရေး မည်သို့မျှအထောက်အကူ မ ပြုသောစီမံကိန်းများကြောင့် ဒေသခံနှင့် ကုမ္ပဏီအကြား ပဋိပက္ခ များပိုမိုများပြားပြီး စားဝတ်နေရေး ပိုမိုကျပ်တည်းလာခြင်း၊ အလုပ်အ ကိုင် ရှားပါးလာခြင်းများ ရင်ဆိုင် နေရကြောင်း ဒေသခံများက ပြော သည်။ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း တွင် ပါဝင်သောကုမ္ပဏီငါးခုအ နက်မြိတ်ခရိုင်ရှိ မလေးရှား အ ခြေစိုက် MSPP ကုမ္ပဏီ၏ ဆီ အုန်းခြံလုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများရှိပြီး တိရစ္ဆာန်များသေဆုံးကြောင်း၊ တိုင်ကြားမှုမှန်ကန်ကြောင်း စစ် ဆေးတွေ့ရှိသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေး ကော် မရှင် တာဝန်ရှိသူကဆိုသည်။