ဒီနောက်ဆုံးအချက် ကတော့ Professional Ethics အရ လိုက်နာရမည့် အသိဥာဏ်ဆိုင်ရာမူပိုင်ခွင့်ဥပဒေ (Intellectual Property Law)၊ Patent (မူပိုင်ခွင့်)၊ Copyright (ကူးယူပိုင်ခွင့်) Trade secrets (ကုန်ပစ္စည်းလျှိ့ဝှတ်ချက်) Trademarks (ကုန်ပစ္စည်း အမှတ်
အသား) စသည့် ကန့်သတ်ချက်များ လိုက်နာရမည့် စည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ သူများ Product ကိုယ့် Product လုပ်တာတို့၊ ကိုယ်ရေးထားတဲ့ Software မို့ Source Code တွေကိုယ်ပိုင်ထင်လို့ ယူသွား တာမျိုးတို့ နောက်တစ်နေရာက နေ Freelance ပုံစံနှင့် ပြန်ရောင်းတာမျိုးတို့ကိုလည်း ရှောင်ရှားနိုင် မှာဖြစ် ပါတယ်။
အထက်ပါအချက်တွေကို လိုက်နာလေ့ကျင့်ဆောင်ရွက်နိုင်ကြပါရင် အောင်မြင်သော IT Professional များဖြစ်လာကြမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ IT ခေတ်ကလည်း မလွှဲမသွေ တိုးတက်လာမှာ ဧကန်မလွှဲပါပဲ…