Introduction myself

Words
62
Reading
1 min
9y
Listen to this post
~1 min

Hello everyone.
မင်္ဂလာပါ။
My name is kohtoo.
image
ကျွန်တော့နာမည် ကိုထူးလို့ခေါ်ပါတယ်။
ကျွန်တော့ အသက်က ၂၈နှစ်ရှိပါပြီ။
ကျွန်တော်ကတော့ မကွေးမြို့နားက ရွာလေးမှာ နေပါတယ်။
image
ကျွန်တော်တို့ရွာလေးကတော့ ဖွံ့ဖြိုးတိုးတက်ခါစဆိုတော့ ကားသံတွေဘာတွေ သိပ်မရှိဘူးပေါ့။ သာယာတာပေါ့ဗျာ။ ဘယ်နားကြည့်ကြည့် လယ်ကွင်းတွေနဲ့ ဝိုင်းရံထားတဲ့ရွာလေးပေါ့။
image
ရွာကလူတွေကလဲ အကုန် သဘောကောင်းမနောကောင်း ဖြူစင်တဲ့လူတွေကြီးပါပဲ။
အခုအချိန်မှာတော့ ကျွန်တော့် မိဘတွေရဲ့ လယ်ယာလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေရတာပေါ့။ ကျွန်တော့မှာ ချစ်စရာကောင်းတဲ့ ဇနီးတစ်ယောက်နဲ့ သားလေးတစ်ယောက်လဲရှိသေးတယ်ဗျ။ ကျွန်တော့ ဘဝရဲ့ အမောပြေလေးတွေပေါ့ဗျာ။
ဒီ steemit ကို ကျွန်တော့ သူငယ်ချင်းမိတ်ဆက်ပေးတာနဲ့ စမ်းသုံးကြည့်တာပါ။ ကျွန်တော်က စာရေးရတာလဲ ဝါသနာပါတယ်လေ။ အခုလိုအဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ။
image
ဒါက ကျွန်​​တော်​ရဲ့ ပထမဆုံး introducing post ​လေး​ပါ။
လိုအပ်​တာ​လေး​တွေလဲ ညွန်​ပြ ပါဦးလို့။ followလေးလဲ လုပ်ခဲ့ကြပါဦးလို့။
image

Introduction myself | Ecency