Five monkey

kohtoo(30)
Published in
#text
Words
124
Reading
1 min
Listen
Play
8y

စမ်းသပ်မှုတစ်ခုမှာ လူတွေက မျောက်ငါးကောင်ကို လှောင်အိမ်တစ်ခုထဲထည့်ပြီး လှောင်အိမ်ထိပ်မှာ ငှက်ပျောသီးတစ်ခိုင်ကို ချိတ်ဆွဲထားလိုက်တယ်။ လှောင်အိမ်မှာ အော်တိုစမ်းသပ်ခလုတ်တစ်ခုလဲ တပ်ဆင်ထားပြီး မျောက်တွေက ငှက်ပျောသီးကို သွားယူမယ်ကြံတိုင်း ရေနဲ့အပက်ခံကြရတယ်။

စစချင်း မျောက်တစ်ကောင်က ငှက်ပျောသီးကိုယူဖို့ကြံတော့ ရေနဲ့ပက်ခံလိုက်ရတယ်။ မျောက်ငါးကောင်လုံး ရေတွေ စိုကုန်တာပေါ့။ ကျန်တဲ့မျောက်တွေလည်း စမ်းကြည့်ကြတယ်။ ရေပက်ခံရတာပဲ အဖတ်တင်ခဲ့တယ်။ ဒါနဲ့ မျောက်တွေက ငှက်ပျောသီးကိုမယူရင် ရေပက်မခံရဘူး.. ဒါကြောင့် ငှက်ပျောသီးကို သွားမယူဖို့ အားလုံးက သဘောတူဆုံးဖြတ်လိုက်ကြတယ်။

နောက်တော့ စမ်းသပ်တဲ့လူတွေက မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်တယ်။ (မျောက်ညိုလို့ ဆိုပါစို့)။ လှောင်အိမ်ထဲအသွင်းခံရတဲ့ မျောက်ညိုဟာ ငှက်ပျောသီးကိုမြင်တာနဲ့ ချက်ချင်းသွားယူမလို့ပါပဲ။ ဒါပေမယ့် တစ်ကောင်ကောင်က ငှက်ပျောသီးယူမယ်ကြံတိုင်း ရေပက်ခံရမယ်ဆိုတာကိုသိတဲ့ ကျန်မျောက် (၄)ကောင်ရဲ့ အထုအထောင်းကို မျောက်ညိုခံလိုက်ရတယ်။ မျောက်ညိုကယူဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် တယ်။ ယူဖို့ကြံတိုင်း အထုအထောင်းပဲခံနေရတော့ နောက်ဆုံးလက်လျော့လိုက်ရတယ်။ မျောက် ငါးကောင်စလုံးက ရေပက်မခံရတော့ဘူးပေါ့။
စမ်းသပ်တဲ့လူတွေက နောက်မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်။ (မျောက်ဖိုးစိန် ဆိုပါတော့)။ မျောက်ဖိုးစိန်လည်း မျောက်ညိုအတိုင်းပဲ လှောင်အိမ်ထဲဝင်လာတာနဲ့ ငှက်ပျောသီးကိုယူဖို့ ကြံတယ်။ နောက်ဆုံးတော့ ကျန်မျောက်တွေရဲ့အရိုက်ကိုပဲ ခံလိုက်ရတယ်။ မျောက်ညိုကလည်း အရိုက်ခံထားရဖူးတော့ မျောက်ဖိုးစိန်ကို ကျန်မျောက်တွေဝိုင်းရိုက်နေတုန်း သူလဲ ဆွမ်းကြီးဝင်လောင်းတာပေါ့။ မျောက်ဖိုးစိန်လည်း ယူဖို့ကြံတိုင်း အရိုက်ပဲခံနေရတော့ လက်လျော့လိုက်ရတယ်။
အဲလိုနဲ့ စမ်းသပ်တဲ့လူတွေက မျောက်တွေကို တစ်ကောင်ပြီးတစ်ကောင် အသစ်တွေနဲ့လဲလိုက်တယ်။ နောက်ဆုံး မျောက်ငါးကောင်လုံးဟာ အသစ်တွေပဲဖြစ်ကုန်တယ်။ ဒါပေမယ့် တစ်ကောင်မှ ငှက်ပျောသီးကို သွားမယူရဲကြဘူး။ ဘာကြောင့်လဲဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိဘူး။ သွားယူရင် အရိုက်ခံရမယ် ဆိုတာပဲ သိတယ်။
image
ဒီလိုနဲ့ပဲ “ ရှေးထုံးစဉ်လာ” ဆိုတာ ဖြစ်ပေါ်လာတယ်။
ရှေးရိုးစဉ်လာကို မသုံးသပ် မစိစစ်ကြည့်ရင် အဓိပ္ပါယ် မဲ့သွားတတ်တယ်။
ကျွန်တော်တို့ဟာ ငှက်ပျောသီးကို သွားယူရင် ရေပက်ခံရမယ်ဆိုတာကို သိတဲ့မျောက်လား....? အရိုက်ခံရမယ်ဆိုတာကိုပဲ သိတဲ့မျောက်လား

Five monkey | Ecency