Myanmar Movie

kogyizaw(35)
Published in
#movie
Words
174
Reading
1 min
Listen
Play
9y

2018 မှာ D နဲ့စတဲ့ ရုပ်ရှင်တွေ အံ့မခန်း အောင်မြင်လာတာကိုကြည့်ရင် မြန်မာပြည်သူလူထုက ကိုယ်ြ့မန်မာ့ရုပ်ရှင်ကို ဘယ်လောက်တောင် ပြောင်းလဲ တိုးတက် အဆင့်မှီစေချင်တယ်ဆိုတာ အသိသာကြီးပါ ... အဲ့ဒီလို့ စွန့်ဦးတီထွင်ကြိုးစားလာတဲ့ လူငယ်တွေ ..အရည်အသွေးပြည့်ဝသော၊ ပရိတ်သတ်ကိုလေးစားသော၊ ပရိတ်သတ်ကို လူလို့ သတ်မှတ်သော၊ ပရိတ်သတ်ကို အဆိပ်မခတ်သော၊ ပရိတ်သတ်ကို ဂျင်းမထဲသော လူများရဲ့ ပညာကို အသိအမှတ်ပြုရမှာစိုးပြီး မသိချင်ရောင်ဆောင်မကြိုဆိုပဲ တချို့သောလူများနဲ့ မိမိနေရာကို ဖယ်ပေးရမှာစိုးသော သူများကတော့ သူများတွေ အောင်မြင်နေတာကို မုဒိတာမပွားနိုင်ပဲ မနာလိုစိတ်တွေနဲ့ ကဲရဲ့မကောင်းမြင်နေတာဟာ လူသားမဆန်တဲ့လုပ်ရပ်တွေပါ .. ရှက်ဖွယ်အတိပါပဲ .. လို့ မြင်မိပါတယ် ..2015 တုံးက ရေးခဲ့တဲ့ ဂရုဏာနဲ့ မုဒိတာကို ခွဲခြားပြသော ဓမ္မစေတီဆရာတော်ရဲ့ တရားလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ် ...

ဂရုဏာ Vs  မုဒိတာ

နေရာ။   ။ ဈေးလမ်းမတစ်နေရာတွင်ဖြစ်သည် ...
မစမ်းမြ။   ။ "အမ သမီးလေး ဒီနှစ် ၁၀တန်းအောင်လားဟင် .. ကျမ သမီးလေးတော့ အောင်တယ် ဒါပေမဲ့ ဂုဏ်ထူးတော့ တစ်ခုမှမပါဘူး" ... ဟု မအေးမကို မေးလိုက်သည် ...
မအေးမ။ ။ "မအောင်ပါဘူး မစမ်းမြရယ် .. ကျွန်မသမီးလေး စာမေးပွဲကျတယ်"
မစမ်းမြ။ ။ " ဟယ် ... ဘယ်လိုဖြစ်တာလဲ ... ကလေးက စာကြိုးစားရဲ့သားနဲ့ ... ခြေချော် လက်ချော် ဖြစ်တာနေမှာပါ ..ကလေကို အားပေးပြီး ပြန်ကြိုးစားခိုင်းနော် ...ကလေးသနားပါတယ် ..... ။(ဂရုဏာ)
နောင်နှစ် စာမေးပွဲ အောင်စရင်းထွက်ပြီး လမ်းမ တစ်နေရာတွင် အထက်ပါ လူနှစ်ယောက် မထင်မှတ်စွာနဲ့ ပြန်ဆုံလေသောအခါ .....
မစမ်းမြ။ ။ " အမ သမီးလေး ဒီနှစ်ရော ဘယ်လိုလဲ ၁၀ တန်းအောင်သွားပြီလား"
မအေးမ။ ။ " အောင်တယ်အမရေ ... ဒီနှစ်တော့ သမီးကလည်းကြိုးစား ... မိဘတွေကလည်း ဂိုက်တွေ၊ ၀ိုင်းတွေနဲ့ ပံ့ပိုးပေးလို့ ၄ ဘာသာတောင် ဂုဏ်ထူး ထွက်တယ်ရှင့် .. "
မစမ်းမြ။ ။ " အောင်မှာပေါ့ ... ကျမသမီးတုန်းက အဲ့လို ၀ိုင်းတွေ၊ ဂိုက်တွေမှ မလုပ်တာ ... အဲလို လုပ်ပေးလိုက်ရင် ကျမသမီးက ရှင့်သမီးထက်တောင် သာအုန်းမယ်" (ဂုဏ်ထူး ၄ ဘာသာပိုပြီး ထွက်လို့ တစ်ဖက်သူကို မုဒိတာ မပွားနိုင်တာ)
ဓမစေတီ ဆရာတော် ဟောကြားတော်မူသော တစ်ရားတစ်ခုမှ ထုတ်နှုတ်တင်ပြချက်