ဂိမ်းတွေဆော့တာ ဘယ်လောက်တော်လည်းဆိုတာ Questကိုတောင် မနက်ပိုင်းမှပဲပီးတော့တယ်😁။
ဒီကြားထဲဂိမ်းက Errorတက်နေသေးတယ်ဗျ။ နောက်ပြီးကျနော်နားမလည်တဲ့ဂိမ်းရဲ့စည်းမျဉ်းတွေကြောင့်လည်းမနိုင်တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် 1booster packကိုတော့ရအောင်ယူမှဖြစ်မှာမို့ ဈေးကြီးတာပဲပါပါ ဈေးနဲတာပဲပါပါ ဆော့တာတော့ဆော့ရမှာပါပဲ။ ညက ဂိမ်းထဲဘယ်လောက်ဈာဉ်ဝင်သလည်းဆိုရင် သူ့ဘက်ကပြန်တိုက်မယ့်အချိန်ကိုစောင့်ရင်းနဲ့ အိပ်ပျော်သွားတယ်လေ။ 😁😁
ဂိမ်းဆော့ရတာအရင်ကထက် အချိန်ပိုကုန်နေတယ်ဗျ။ သူတို့လည်းနောက်ထက်စည်းမျဉ်းအသစ်သစ်တွေထပ်ထုတ်အုံးမယ်လို့တော့ထင်မိပါတယ်။ အခုအတိုင်းက ဆော့ရတာအဆင်ပြေပေမယ့် အရင်တုန်းက အတိုင်းပဲအကောင်ရွေးပြီးသားအတိုင်း တစ်ခါတည်းရှာ ဆော့တဲ့ပုံစံကိုပိုကြိုက်တယ်။
အခုအတိုင်းက အကောင်ရွေးရတာတစ်ချက်မှာအချိန်ကြာနေတယ်။ သူ့တို့Ruleအသစ်တွေက Moonsterတွေတောင်အလှည့်တိုင်းပြောင်းနေတက်တာဆိုတော့ အဆင်သင့်ရွေးပြီးသားဆော့လို့ရဖို့ကတော့ မလွယ်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဆော့တယ်ဗျာ😁