တွေးရင်းငေးရင်းနဲ့ဆွေးရမှာလားငါမသိ
တကယ်ဆို သတိနဲ့နေသင့်ခဲ့တာလို့လည်းဆိုမလိုပါပဲ။ သတိနဲ့နေဆိုတော့လည်း သတိဆိုတဲ့ သတိရခြင်းအကြောင်းက အရင်အတိတ်ဟောင်းတွေကိုနှိုးဆွနေလေရဲ့လေ။
သတိမရှိသူတစ်ဦးဖြစ်ရပါလို၏လို့ မိမိကိုယ်ကိုယ်ဆုတောင်းမိပြန်တယ်။ အတိတ်ကခံစားချက်တွေ နောက်ထက်ပြန်လည်အမှက်ရမနေစေဖို့ပေါ့။ ဒါပေမယ့် ကျနော့ဆုတောင်းက မှားနေခဲ့ပြန်တယ်။
မေ့လျော့တက်သူတစ်ဦးဟာ ဘယ်လိုနည်းနဲ့မှ ကောင်းမွန်တဲ့ဘဝကိုရရှိခံစားနိုင်မှာမဟုတ်ဘူးလေ။ ဒါကြောင့်ဆုတောင်းမိတာတွေကိုပြန်ရုပ်သိမ်းဖို့ ဘုရားရှင်ဆီမှာ ဆုတွေထပ်တောင်းရပြန်ပါတယ်။
တပည့်တော်တောင်းဆုပြုမိခဲ့သော ဆုတောင်းအမှားတွေကိုဖျောက်ဖျက်ပေးတော်မူပါအရှင်ဘုရားပေါ့။ လူအခြင်းခြင်းဆိုရင်တော့ ကျနော်က အခြားသူဆီက အရာဝတ္ထုတစ်ခုတောင်းလိုက်တယ်ပေါ့။ သူ့ဘက်က ကိုယ့်ကိုပေးလာပြန်တော့လည်းကိုယ်ကမလိုချင်လို့ပြန်ပေးလိုက်တဲ့ပုံစံပေါ့။ ဘုရားရှင်က ဘာမှမပြောပေမယ့် လူတွေကတော့ပြောဆိုကြလိမ့်မယ်..
"မင်းတော်တော်ရှုပ်တဲ့ကောင်ပဲ ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ဆိုပြီးတော့"ပေါ့....
တစ်ကယ်တမ်းမှာတော့ လူတွေက ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တာကို အစောတလျှင်လုပ်ကိုင်တက်ကြတယ်။(လူတိုင်းတော့မဟုတ်ဘူးပေါ့။ အဲ့ဒီလိုအလျှင်လိုလို့ လုပ်လိုက်တဲ့အတွက် နောက်ပိုင်းမှာဖြစ်လာမယ့် အကောင်းအဆိုးအကြောင်းအကျိုးတွေဟာ လိုအပ်ချက်တွေများစွာနဲ့သာ အဆုံးသတ်လေ့ရှိတယ်။ ကောင်းတာဖြစ်ခဲ့ရင်လည်းလိုအပ်ချက်တွေရှိနေအုံးမှာပဲ၊ ဆိုးတာဖြစ်ခဲ့ရင် ဒုက္ခဆိုတဲ့အရာခပ်ကြီးကြီးနဲ့တွေ့နေရတက်တယ်။
ကျနော်ပြောခဲ့သလို လိုချင်တာကိုတောင်းတယ်၊ ရခဲ့ပြန်တော့လည်း မလိုချင်တော့ပြန်တဲ့အခါ ဆုတစ်မျိုးထပ်တောင်းရတယ်။ ဒီတော့ ဆုနှစ်ခုတောင်းတာတောင် တစ်ကယ်တမ်းပြည့်ခဲ့မယ်ဆိုရင် ကျနော်တို့က အရင်ဆုမတောင်းပဲနေခဲ့စဉ်ကအတိုင်း ရှိရင်းအတိုင်း ဒုံရင်းအတိုင်းမပြောင်းလဲပဲဖြစ်နေလိမ့်မယ်။ ဆုနှစ်ခုတောင်းတာသာ အလုပ်တစ်ခုပိုဖြစ်သွားစေလိမ့်မယ်။
ဒီတော့ အလုပ်တစ်ခုကိုလုပ်ရင် သေချာစဉ်းစားပြီးခရီးဆုံးထိသွားသင့်တယ်။ တစ်ကယ်လိုအပ်တဲ့အရာ လိုချင်တဲ့အရာဖြစ်ဖို့လည်းလိုမယ်ထင်ပါတယ်။
ငေးနေလို့လည်း မထူး
တွေးနေလို့လည်းမထူးပါဘူး....
လူဆိုတာကလည်း လိုအပ်ချက်တွေအများသားလေ။
Writer : koayezaw