ခေါင်းစဉ်က နည်းနည်းတော့ကြီးသွားမယ်ထင်ပါတယ်ဗျာ ဟက်အက္ခရာခံပြီးရေးထားတာမို့လို့ပါ။😁😁
အမှန်တော့ ကျနော် ပေါက်ကရလျှောက်တွေးကြည့်နေတာပါ။ လူတွေဟာ တနေရာနဲ့တနေရာ ဟိုပြောင်းဒီရွှေ့နဲ့နေထိုင်ကြတယ်။ တချို့ကလည်း အိမ်ယာအတည်တကျမရှိပဲ လေလွင့်သူတွေပေါ့။ ဘာပဲပြောပြော ဒီကမ္ဘာကြီးထဲက လူတွေဟာ သွားလာလှုပ်ရှားနေ့ကရင်းနဲ့ တဖြေးဖြေးလူဦးရေတိုးပွားမှန်းမသိတိုးပွားလာနေကြပါတယ်။ အဲ့ဒီလိုတိုးပွားလာနေတယ်ဆိုတာကိုလည်း သတိထားမိသူမှသာ သိမြင်ကြလိမ့်မယ်လို့ထင်မိပါတယ်။ လူတွေဟာ နေ့စဉ်ဘဝတွေကို မိမိတို့ဘဝရှေ့ရေးကလွဲရင် အခြားအရာသိပ်မစဉ်းပဲဖြတ်သန်းနေကြပါတယ်။
မိမိတို့ရဲ့ဘဝအရေးကလွဲရင် အခြားသောအရာတွေကိုအမှုမဲ့အမှက်မယ့်နဲ့ မေ့လျော့ထားကြတယ်ပေါ့။ ကျနော်စဉ်းစားမိတာက သစ်ပင်တွေပေါ်က ခါချဉ်ကောင်တွေနေတဲ့ ခါချဉ်ထုပ်လို့ခေါ်တဲ့ ခါချဉ်အိမ်တွေကိုကြည့်ပြီးပဲ စဉ်းစားနေခဲ့မိတာပါ။
ခါချဉ်ထုပ်က ပထမဦးစွာ သူ့ရဲ့အိမ်ကိုသေးသေးပဲဆောက်တာတွေ့ရပါတယ်။အမြဲတမ်းအဲ့ဒီလိုမျိုးလားဆိုတဲ့ ခါချဉ်တို့ရဲ့အလေ့အထကိုမသိမလေ့လာမိတော့ ကျနော့ထင်မြင်မှုက မှားချင်လည်းမှားနေပါလိမ့်မယ်ဗျ။
ခါချဉ်တွေဟာ သူတို့ရဲ့အိမ်ကို ခပ်ရွယ်ရွယ်ခပ်သေးသေးပဲဆောက်ပြီး နေထိုင်ကြတယ်။ နောက်အချိန်နည်းနည်းကြာတဲ့အခါအဲ့ဒီခါချဉ်ထုပ်ကိုကြည့်မိတော့ ခါချဉ်ထုပ်က နည်းနည်းပိုကြီးလာခဲ့တယ်။
အမှန်တော့ ခါချဉ်ကောင်တွေအရေအတွက်များလာတဲ့အတွက် အိမ်သေးနဲ့မဆံ့တော့လို့ အိမ်ကိုချဲ့ထွင်လာတယ်လို့ထင်တယ်။ နောက်ထပ်အချိန်နည်းနည်းပိုကြာလာတဲ့အခါ အဲ့ဒီခါချဉ်ထုပ်ဟာ အကြီးကြီးဖြစ်လာသလို ခါချဉ်ကောင်တွေကလည်း များလွန်းနေခဲ့ပါတယ်။ အဲ့ဒီလိုပွားများလာတာနဲ့အမျှ ခါချဉ်တွေဟာ အိမ်သစ်တွေထပ်ဆောက်ကြရင်း သူတို့နေတဲ့သစ်ပင်က ခါချဉ်ထုပ်တွေနဲ့သာပြည့်နှက်လာပါတော့တယ်။ ကြာတော့ သစ်ပင်တစ်ပင်နဲ့မရတော့လို့အခြားအပင်တွေမှာပါလိုက်နေကြရပါတယ်။ ဒါကခါချဉ်ထုပ်ရဲ့အကြောင်းပါ။
အဲ့ဒီခါချဉ်နေတဲ့သစ်ပင်နေရာမှာ လူတွေနေတဲ့ကမ္ဘာနဲ့တွေးကြည့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ပေါ့
ကျနော်တို့ကမ္ဘာကြီးဟာလူတွေတိုးပွားလာတဲ့ဒဏ်ကိုခံနိုင်ပါ့မလားဆိုပြီးပေါ့....
ပေါက်ကရတွေးကြည့်တာပါဗျာ😁😁