ကျန်းမာရေး အတွက် လေကောင်းလေသန့်

Words
70
Reading
1 min
8y
Listen to this post
~1 min

သတ္တ၀ါတိုင်း အသက်ရှုတယ် ရှုပီးရင် ပြန်ထုတ်တယ်............

ဒါကို သတ္တ၀ါတိုင်း လုပ်ရတယ်............. အဲဒီလုပ်ငန်းမလုပ်တော့ရင် သေတယ်လို့ခေါ်တယ်............

လေရှုရှိုက်ခြင်း ရှုထုတ်ခြင်း ကောင်းကောင်းအလုပ်လုပ်သူတွေဟာ ကိုယ်လက်လှုပ်ရှားလုပ်သူတွေ ကျန်းမာရေးကောင်းတဲ့သူတွေပဲ.....

ကိုယ်လက်လှုပ်ရှားတဲ့အတွက် သွေးလည်ပတ်တာက နှေးရာကနေ မြန်လာတယ်.................

အသက်ရှုနှေးနေတာကနေ အသက်ရှုမြန်လာတယ်....... ဒါကို လေ့ကျင့်ခန်းလုပ်သူတိုင်းသိတယ်.............

လေကောင်းလေသန့်တွေ အများကြီး ရှုမိတယ်ဆိုရမှာပဲ............

ချွေးတွေလဲ အများကြီး ထွက်လာတယ်........... ချွေးနဲ့အတူ မကောင်းတဲ့ အညစ်အကြေးတွေလဲ ပါသွားတယ်......

ကိုယ်တွင်း လေ၀င် လေထွက် သန့်ရှင်းရေးလုပ်သလို ဖြစ်ပီး အသက်ရှုရတာ ကောင်းလာတယ်...............

အဆုတ်ကလဲ အရေးပါတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေရတယ်...........

အသက်ရှုရတဲ့အတွက် ရှုသွင်းတဲ့ လေမှ အောက်စီဂျင်ကို ရတယ်..........

ရှုထုတ်လိုက်တဲ့လေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အပြင် အလွယ်တကူထွက်သွားစေတယ်.............

လေကောင်း လေသန့်ဆိုတာ ကျန်းမာရေးအတွက် အရေးပါတယ်............

ကျန်းမာချင်တယ်ဆိုရင် လေကောင်း လေသန့်ရှုရှိုက်သင့်တယ်.................

ဒိတော့ ဘယ်ကမှ မ၀ယ်ရတဲ့ လေကောင်း လေသန့်ကို အားရ ပါးရ ရှုရှိုက်ပီး ကျန်းမာရေး ကရုစိုက်ရမယ်..............

kingorcasteem@kingorcasteem

ကျန်းမာရေး အတွက် လေကောင်းလေသန့် | Ecency