Time For Love

khitthit(44)
Published in
#love
Words
161
Reading
1 min
9y
Listen to this post
~1 min

ကျွန်မတို့ ချစ်တဲ့သူမှန်သမျှ
တစ်နေ့ တော့ သေဆုံးရလိမ့်မယ်
😢😢😢

အမေသာ သေသွားရင်
အဖေသာသေသွားရင်
ယောကျာ်းသာသေသွားရင်
မောင်လေးသာ သေသွားရင်
ခွေးလေးသာ သေသွားရင်
စသည်ဖြင့်
ကိုယ် ချစ်တဲ့
သူတွေကွယ်လွန်သွားမှာကို
ကျွန်မတို့ တွေးမိတိုင်း အပူကြီးပူပန်တတ်ကြပါတယ်

ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း
လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့
ကံတရားကို တားဆီးလို့ မရနိုင်ပါ

မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ
ဘယ်သူ မှအတပ်မပြောနိုင်

Expired Date လို့ ခေါ်တဲ့ ကျွန်မတို့ ရဲ့
သက်တမ်း ကုန်ဆုံး ရက်ဟာ နောက်ထပ်
၁ပတ်ပဲကျန်တော့တာဖြစ်နိုင်သလို
အနှစ်၃၀လောက်မှ
ရောက်လာတာမျိုး လဲဖြစ်နိုင်ပါတယ်

ကျွန်မတို့ ချစ်တဲ့သူတွေ အရင်သေတာဖြစ်နိုင်သလို
ကိုယ်က သူတို့ ထက် အရင်
သေသွားတာမျိုး လည်းဖြစ်နိုင်တာပဲလေ

မသိနိုင်တဲ့အရာတစ်ခုကို ကြိုတွေးပြီး ကြောက်လန့် စိတ်ပူနေမဲ့အစား အသက်ရှင် ကျန်းမာ လျက် အတူတူ ရှိနေခိုက်မှာ ပိုချစ်ဖို့ လိုပါတယ်

အမေ့ဆီ ဖုံးမဆက်မိတာကြာပြီလား
ခုပဲဆက်လိုက်ပါ
အဖိုးအဖွား အိမ်မရောက်တာကြာပြီလား
ခုပဲသွားတွေ့ လိုက်ပါ
မောင်နှမအချင်းချင်း ကတောက်ကဆဖြစ်ထားလား
ခုပဲပြန်ခေါ် လိုက်ပါ

ဒီတစ်ကြိမ်တွေ့ လိုက်ရတာ
စကားပြောလိုက်ရတာ
နှုတ်ဆက်လိုက်ရတာ
ရယ်မောလိုက်ရတာ ဒီဘဝအတွက် နောက်ဆုံးလည်း ဖြစ်နိုင်ပါတယ်

ချစ်သူကို နမ်းတဲ့အခါ ပွေ့ ဖက်တဲ့အခါ ဒါနောက်ဆုံးဖြစ်နိုင်ပါလားလို့ သဘောထားပြီး ထွေးပွေ့နမ်းမွှေးပါ

မကြာခင် သူ့ ကို ဆုံးရှုံးရတော့မှာပါလား ဆိုတဲ့စိတ်မျိုးနဲ့  အစွမ်းကုန်ချစ်လိုက်ပါ ဖက်လိုက်ပါ

ကိုယ်ချစ်ရသူတွေနဲ့ အတူရှိနေရတဲ့ဘဝက ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ စဉ်းစားမိပါစေတဲ့

တစ်ခါတစ်လေ အိမ်မှာ မိသားစု တွင်းမှာ ချစ်သူတွေကြားမှာ အဆင်မပြေတာတွေ တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးနဲ့ စိတ်အခန့် မသင့်ဖြစ်ကြတာတွေ
ကပ်သပ်နေတာတွေ
စကားအနိုင်လုပြောနေတာတွေ
စိတ်​နာအောင် ပြောနေကြတာတွေကို ရှိတတ်ပါတယ်
အဲဒါတွေကို အချိန်မှီရပ်လိုက်ပါ
ဘာဖြစ်လို့လဲ ဆိုရင် ကျွန်မတို့ မှာ အချိန်ဘယ်လောက်ကျန်သေးသလဲဆိုတာ ဘယ်သူမှကို မသိနိုင်ကြလို့ ပါ

တစ်ယောက်ထဲ ရပ်တည်မနေနိုင်တဲ့ လူ့ ဘဝ
ချစ်သူခင်သူတွေဝန်းရံနေမှ လုံခြုံနွေးထွေးတဲ့ လူ့ ဘဝမှာ ဆက်ဆံရေးဆိုတာဟာ အရေးအကြီးဆုံးပါ

ကျွန်မ ကိုယ်တိုင် အပါအဝင် ကျွန်မတို့ ချစ်သူတွေလည်း ဘယ်တော့မှန်းမသိတဲ့ တစ်နေ့မှာတော့ သေဆုံးကြရလိမ့်မယ်ဆိုတာ သိထားရင် သူတို့ နဲ့ ရန်ဖြစ်ချင်တော့မှာ မဟုတ်ပါ

အချင်းချင်း ပိုလို့ချစ်နိုင်ကြပါစေ။

NLS
#Crd

ကြိုက်လို့copy ယူပါသည်။
#CREDIT image

Time For Love | Ecency