Messi

Words
68
Reading
1 min
Listen
Play
8y

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား (၅) ကြိမ်ဆိုတာ
အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြကစားပြီးမှ
ရတာ မဟုတ်ဆိုတာ ငါတို့ သိရတယ် မက်ဆီ

ဘောလုံးကစားသမားတစ်ဦးအနေနဲ့ ဆုဖလား (၃၂) လုံးဆိုတာ
အာရှအဆင့်မှာ ၀င်ပြိုင်ရင်း ရတာ မဟုတ်ဖူးဆိုတာ
ငါတို့သိရတယ် မက်ဆီ

လက်ရှိအချိန်ထိသွင်းယူထားတဲ့ ဂိုးပေါင်း (၄၇၀) ကျော်ဆိုတာ
အပျော်တမ်းဘောလုံးပွဲတွေမှာ သွင်းယူထားတာ မဟုတ်ဖူးဆိုတာ
ငါတို့ သိတယ် မက်ဆီ

နိုင်ငံတကာပြိုင်ပွဲနဲ့ ပတ်သက်ရင် အာဂျင်တီးနားအသင်းအတွက်နဲ့
နာစရာတွေ မရှိတော့လောက်အောင် ရင်နာနေရမယ့် အဖြစ်ကို
ငါတို့ သိတယ် မက်ဆီ

ငါတို့အားလုံးသိတယ် မက်ဆီ….

ငါတည်းတစ်ယောက် ကောင်းရုံလောက်နဲ့ ဘောလုံးအားကစားမှာ

အကောင်းဆုံးကစားသမားပဲဖြစ်မယ် အကောင်းဆုံးအသင်းမဖြစ်နိုင်ဘူး

နိုင်ငံအသင်းအတွက် ကိုယ်နိုင်သလောက် ထမ်းပြီးပီပဲ….

စိတ်ကိုမလျှော့လိုက်ပါနဲ့ မက်ဆီ ဟာ မက်ဆီအဖြစ်

ကမ္ဘာ့ဘောလုံးလောကမှာ အစဉ်မြဲရှင်သန်နေမှာပါ

"လီယိုနယ်မက်ဆီ" ဆိုနဲ့ ခေါင်းစဉ်နဲ့တင် ငါတို့တွေ

ရေးလို့မဆုံးတဲ့ စာတွေ စီမြဲ စီနေကြမယ်

photo from facebook image

Messi | Ecency