Ecosystem of Ethereum(Myanmar)

khitthit(44)
Published in
#eth
Words
208
Reading
1 min
Listen
Play
9y

Ecosystem of EthereumFB_IMG_1502014443483.jpg

(တစ်ယောက်ယောက်မေးထားတဲ့အတွက် တခြားမသိသေးသူတွေလည်း သိရအောင် နားလည်သလောက် အကြမ်းဖျဉ်းရေးပါတယ်။)

Bitcoin ဟာ ဘဏ်စနစ်ကိုတော်လှန်ပစ်ရန်ရည်ရွယ်ပြီး တီထွင်ထုတ်လုပ်ခဲ့တဲ့ ဒီဂျစ်တယ်ငွေကြေးတစ်ခုပါ။ Blockchain နည်းပညာကို အသုံးပြုပြီး ကမ္ဘာ့တစ်ဖက်ခြမ်း လူတစ်ဦးမှ အခြားတစ်ဖက်ခြမ်းရှိ လူတစ်ဦးသို့ မည်သည့်ကြားခံဝန်ဆောင်မှုမှမလိုဘဲ ကုန်ကျစရိတ်နည်းနည်းနဲ့ လွယ်ကူလျင်မြန်စွာ လွှဲပြောင်းပေးချေလို့ရစေပါတယ်။ အစိုးရထိန်းချုပ်မှု၊ မည်သည့်ထိန်းချုပ်မှုမှ မရှိပါဘူး။ ဒါကို decentralized ဖြစ်တယ်လို့ခေါ်ပါတယ်။ ဥပမာ - ကျွန်တော်တို့ ငွေစက္ကူကို တစ်မြို့မှ အခြားတစ်မြို့သို့ လွှဲပြောင်းပေးချေဖို့အတွက် ကြားခံ ဘဏ်၊ လူကိုယ်စားလှယ်၊ ကား၊ ရထား၊ လေယာဉ် အစရှိသည်တို့ဖြင့် လွှဲပြောင်းပေးချေရသလို အစိုးရထိန်းချုပ်မှု၊ တစ်စုံတစ်ဦးထိန်းချုပ်မှုတွေရှိပါတယ်။ centralized ပေါ့။ Bitcoin ဟာ အဲ့ဒီ ကြားခံဝန်ဆောင်မှုတွေမလိုအပ်ဘဲ၊ မည်သည့် ထိန်းချုပ်မှုမှ မလိုအပ်ဘဲ Blockchain network မှတဆင့် တစ်ဦးမှ တစ်ဦးသို့ လွတ်လပ်စွာတိုက်ရိုက်ပေးချေနိုင်စေပါတယ်။ ဒါကို peer to peer network လို့ခေါ်ပါတယ်။

Ether ခေါ် ရေနံနှင့်သဘာဝဓါတ်ငွေ့(crypto-fuel) ဟာ Ethereum ရဲ့ အဓိကအမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ Bitcoin ကို မိုင်းတူးပြီးထုတ်သလို Ethereum ကို ရေနံတူးဖော်ခြင်းဖြင့် ထုတ်ပါတယ်။ Bitcoin ရဲ့ Blockchain နည်းပညာကိုအခြေခံပြီး မျိုးဆက်သစ် Ethereum network ကို တည်ဆောက်ပါတယ်။ Ethereum network ဟာလည်း Blockchain network လို peer to peer network ပါပဲ။ ဒါပေမယ့် Ethereum network မှာ ရေနံ၊ စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ အစားအသောက်ဝန်ဆောင်မှု အစရှိတဲ့ ရှိနှင့်ပြီးသား ၀န်ဆောင်မှုအားလုံး ပါဝင်ချိတ်ဆက်နိုင်ပါတယ်။ Bitcoin ကဲ့သို့ မည်သည့်ကြားခံဝန်ဆောင်မှုမှမပါဘဲ တစ်ဦးမှ တစ်ဦး လွတ်လပ်စွာ ငွေပေးချေနိုင်စေရုံသက်သက်ပဲ မဟုတ်ဘူး။ မည်သည့်အရာကိုမဆို ကြားခံဝန်ဆောင်မှုမလို၊ တစ်စုံတစ်ဦး ထိန်းချုပ်ဆောင်ရွက်ပေးမှုမလိုဘဲ ကုန်ကျစရိတ်နည်းနည်းနဲ့ လျင်မြန်လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေပါတယ်။

ဥပမာ- သင်ဟာ Ethereum network မှာပါဝင်ချိတ်ဆက်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်မှာ ဆီဝင်ဖြည့်တဲ့အခါ ကျသင့်ငွေကို သင့် ဖုန်းမှတဆင့် Ethereum ပေးချေလိုက်ရုံဖြင့် ကိုယ်တိုင်ဆီဖြည့်နိုင်ပါတယ်။ ငွေကြေးကို အမှန်တကယ် ကိုင်တွယ်ပေးချေစရာမလိုဘဲ software program မှတဆင့် ချိတ်ဆက် ဆောင်ရွက်စေခြင်းဖြစ်ပါတယ်။ အကြွေစေ့ထည့်ပြီး အစားအသောက်ယူရတဲ့ စက်တွေ၊ ကား၊ ရထားလက်မှတ်ခတွေ နေရာမှာ အစားထိုး တိုကင်အဖြစ် Ethereum က လုပ်ဆောင်ပါမယ်။ ကြားခံလူတစ်ဦးဦး ထိန်းချုပ်ဆောင်ရွက်ပေးတာမျိုး မလိုတော့ပါဘူး။ အမှန်တကယ်တိုကင်၊ အကြွေစေ့လည်းမလိုတော့ပါဘူး။ ဒါဟာ Ethereum ရဲ့ ecosystem ဖြစ်ပါတယ်။ ပြင်ပမှာ လက်တွေ့လုပ်ဆောင်နေတဲ့ ၀န်ဆောင်မှုအားလုံး၊ အရာအားလုံးကို decentralized ဖြစ်စေပါတယ်။ ကိုယ်တိုင်ပေး ကိုယ်တိုင်ယူစနစ်ပါ။ ဘာကြောင့် Ethereum ဟာ အချိန်တိုအတွင်း ဒုတိယနေရာရောက်လာရသလဲဆိုတာရဲ့ အဖြေတစ်ခုဆိုလည်း မမှားပါဘူး။

ဒီ ecosystem ကျယ်ပြန့်လာတာနဲ့အမျှ Ethereum network ကျယ်ပြန့်လာပါမယ်။ Ethereum network ကျယ်ပြန့်လာတာနဲ့အမျှ တစ်ကမ္ဘာလုံးမှာ Ethereum ဖြစ်လာပါမယ်။ Ethereum ဟာ ဒီအချက်ကို အဓိကလုပ်ဆောင်နေတာဖြစ်ပါတယ်။

Credit: Bitcoin Seeker

Ecosystem of Ethereum(Myanmar) | Ecency