This content got low rating by people.

ဝေးခဲ့ရင်

Words
29
Reading
1 min
8y
Listen to this post
~1 min

တော ရောက် တောင်ရောက်

ငါ့အတွေးတွေနဲ့ ငါ ရှုပ်ယှက်ခက်နေတာကြည့်လို့

နင်လည်း ပင်ပန်းနေရောပေါ့။

ဒီခရီး နီးလား ဝေးလားမသိခင်

အားတင်းထားပါတယ် ဆိုတဲ့စကား

ကြက်တူရွေးနှုတ်တိုက်ရွက်ခဲ့တာပါပဲဟာ။

စစ်မရောက်ခင်ထဲက

ငါ့မှာ မြှားမှ မရှိတာလေ

ဝေးကွာခြင်းသာ စစ်မြေပြင်ဆို

စောစောစီးစီး တဖက်သတ် စစ်ရပ်စဲပါရစေ။

ခွင့်လွှတ်ပါ ကောင်မလေးရေ

ငါဆိုတဲ့ကောင်က

မတိုက်ခင်ထဲက

သုံ့ပန်းဖြစ်နေလို့။။
khinthidarsoe@khinthidarsoe