Penetration

Words
102
Reading
1 min
9y
Listen to this post
~1 min

အားငယ်စရာ မဟုတ်ပါ

လူတစ်ယောက်သည်
ပညာတတ်ခြင်း မတတ်ခြင်းထက်
အကောင်းအဆိုးကို ခွဲခြားနိုင်ပြီး
ယဉ်ကျေးသူသည်တန်ဖိုးရှိသူပါ။

ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲ ခြင်းထက်
စိတ်ဓာတ်အဆင့်အတန်းရှိပြီး အောက်တန်း
မကျသူသည် ဘ၀ ချမ်းသာသူဖြစ်ပါတယ်။

ရုပ်ရည်ချောခြင်း ၊ ဆိုးခြင်းထက်
စိတ်ဓာတ်ချောပြီး မယုတ်မာတတ်သူသည်
ဘ၀ ကိုပါချောမောစေပြီး သံသရာတွင်လည်း
လှပသူဖြစ်သည်။

ဂုဏ်ဒြပ်ဆိုတာ လူတစ်ယောက်ရဲ့
အကာဖြစ်ပေမယ့် အပြင်မှာ ကာထားပြီး
အတွင်းမှာ ပုပ်သိုးနေရင်တော့
ဂုဏ်ဒြပ်ရှိနေလည်း အပုပ်နံ့
ထွက်နေပါလိမ့်မယ်။
ဂုဏ်ဒြပ်မရှိပေမယ့်လည်း
သိမ်ငယ်စရာမဟုတ်သလို
လူတန်းစေ့အောင် လူပီသဖို့ လိုပါတယ်။

ရာထူးနှင့် အရှိန်အ၀ါတို့သည်
ဘ၀ ရဲ့ အနှစ်သာရမဟုတ်သလို
တစ်သက်လုံး ပိုင်ဆိုင်ရသော
အရာတွေမဟုတ်ပါ။
"မီးစာကုန် ဆီခမ်း" မည်မှာ
မလွဲဧကန်ဖြစ်ပါတယ်။

မီးစာကုန် ဆီမခမ်း ခင် ဘ၀မှာ
အားမငယ်ရရအောင်
အလင်းရောင်ကိုဖြစ်ပေါ်စေသော
ကိုယ့်ကျင့်တရားနှင့် စာနာစိတ်ကို
ထွန်းညှိထားခဲ့ရင် သံသရာအထိ
"ဆီ မခမ်း"နိုင်ပါ။

သူတောင်းစားမှာလည်း အားသာချက် ၊
အားနည်းချက်ရှိသလို သူဋ္ဌေးမှာလည်း
အားငယ်စရာ ၊ အားတက်စရာတွေ
ရှိနေပါတယ်။ ဆင်မှာ ဆင်အထွာရှိသလို
ဆိတ်မှာလည်း ဆိတ်အထွာရှိပါတယ်။

ကျွန်တော်တို့ထက် အဆပေါင်းများစွာ
သေးငယ်ပြီး ခွန်အားနည်းသော
ပုရွက်ဆိတ်ကိုက်ရင် မနာတတ်သောလူ
မရှိဘူးဟု ထင်ပါသည်။

သက်ရှိ သက်မဲ့ တိုင်းတွင်
တန်ဖိုးကိုယ်စီရှိနေပြီး အရည်အချင်းဆိုတာ မိမိအပေါ်တွင်မူတည်၍ တန်ဖိုးတက်ခြင်း
တန်ဖိုးမဲ့ ခြင်းတို့သည်လည်း မိမိ၏ ရပ်တည်မှူ
ခံယူမှူတွေနဲ့ လုံးဝသက်ဆိုင်ပါသည်။

Credit to Original Writer image

Penetration | Ecency