တရားရုံးရောက်သောအခါ 'သူတို့သင်္ဘောသားတွေ ဒီလိုအခြေအနေရောက်လာရင် ဒီလိုပဲဖြေရှင်းကြတယ်တဲ့'ဟု လျှာက်လဲကြသည်။ တရားသူကြီးက သူတို့လျှောက်လဲချက်ကို လက်မခံခဲ့ပေ။ သူတို့ကို လူသတ်မှုနှင့်ထောင်ချလိုက်ပါသည်။ သို့သော်လည်း နှစ်လတည်းသာဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်သည်ကို ဥပဒေအရခွင့်မပြုဘူးဆိုသည့် အဓိပ္ပါယ်နှင့်ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်းဖြစ်သည်။ တစ်ဖက်တွင် 'မင်းတို့ ဒီလိုလုပ်တာကို စိတ်ခံစားမှုအရ နားလည်တယ်ဆိုတဲ့သဘောနဲ့ အပြစ်ကို လျှော့ပေါ့ပေးလိုက်ပါတယ်' ဆိုသည့် သဘောဖြင့် တရားသူကြီးကပြောကာ ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်သည်။
လူတစ်ချို့သည် ချောတိုင်ဆိုသည့် ဘဝခရီးကြမ်းမှာ အပေါ်တက်ရန်ကြိုးစားကြရင်း ရှင်သန်ရန်ကြိုစားရင်း သူတစ်ပါးကို နင်းတက်သွားကြသည်။ တချို့ကလည်း 'မင်းကငါ့ကိုနင်းတက် ငါကအောက်ကထိန်းမယ် ပြီးရင်ရတာကို ခွဲယူကြမယ်' ဆိုပြီး အောက်လူနှင့်အပေါ်လူ မျှစားဖို့အနင်းခံကြသည်။ အချို့က တစ်ဦးတည်းပဲစားချင်သည်။ ခွဲဝေမစားချင်။ ထိုသို့ဆိုလျှင် အပေါ်ကလူကိုဆွဲချရမည်။ တကယ်လည်း ဆွဲချသည်။ အောက်ကလူကိုလည်း နင်းတက်ရမည်။ တကယ်လည်း နင်းတက်ကြသည်။ အပေါ်ကအမြန်ရောက်ချင်စိတ်နှင့်နင်းကြသည်။
ချောတိုင်တက်ခြင်းသည် အပျော်သက်သက်သာဖြစ်သည်။ မည်သူအတွက်မျှ ထိခိုက်ခြင်းမရှိ။ သို့သော် Law Of The Sea ကို ပင်လယ်ပြင်မှာ သာမက မြေပြင်မှာပါ ကျင့်သုံးသင့်သူ များလာခြင်းက စဉ်းစားစရာဖြစ်လာသည်။ ကမ္ဘာတစ်ဝန်းတွင် တရားစီးရင်းရေးကလည်း ညှာတာချင်သူကိုတော့ စိတ်ခံစားမှုအရဆိုပြီး ညှာတာကြသည်။ မညှာတာချင်သူကိုတော့ ဥပဒေအတိုင်း ထိထိရောက်ရောက်လုပ်ပြကြသည်။ စိတ်ခံစားမှုကြောင့်ဖြစ်မည်ထင်သည်။ ကျော်တက် ခွတက် နင်းတက်သွားခြင်းသည် ချောတိုင်တက်ပွဲမှာ ကြည့်လို့ကောင်းသော်လည်း လူ့ပတ်ဝန်းကျင်မှာမူ အတော်ပင်ကြည့်ရဆိုးလှသည်။ နားဝင်ဆိုးလှသည်။ ယခုကဲ့သို့လူများ တက်ပြီးဆင်းလာသည့်အချိန်ရမည်ဆုကို တွေ့ကြည့်ရင်း ရင်ထဲမှာမွန်းကျပ်လာပါတော့သည်။
MSU-007