ချောတိုင်တက်ကြသူများ

khaylay(49)
Published in
#msu
Words
91
Reading
1 min
Listen
Play
8y

image
အများအားဖြင့် လွတ်လပ်ရေးနေ့တွင် ချောတိုင်တက်ပွဲများကျင်းပကြလေ့ရှိသည်။ အချို့ဘုရားပွဲများတွင်လည်း ချောတိုင်တက်ပွဲ ထည့်သွင်းကျင်းပသည်ကိုတွေ့ဖူးသည်။ ပျော်ပွဲရွှင်ပွဲအနေဖြင့်လည်းကောင်း အားကစားတစ်ရပ်အနေဖြင့်လည်းကောင်း ဒေသအသီးသီးတွင်ကျင်းပကြသည်။ ဝါပိုးတိုင်ကြီးတစ်လုံးကို တည့်တည့်မတ်မတ်ငြိမ်နေအောင်စိုက်ထူးထားပြီး ဆီတွေပြောင်ချောနေအောင် သုတ်ပေးထားသည်။ ရပ်ကွတ်အတွင်းရှိ လူငယ်လူရွယ်အများစု ပါဝင်ယှဉ်ပြိုင်ကြသည်။ အင်္ကျိချွတ် ခါးတောင်းကိုမြှောက်အောင်ကျိုက်ပြီး ကြိုးစားပမ်းစားတက်ကြသည်မှာ ကြည့်ရသူအဖို့ ပျော်စရာကောင်းလှသော်လည်း ချောတိုင်တက်ကြသူများမှာမူ အလွန်ပင်ပန်းလှသည်။
ချောတိုင်တက်ကြသူများကို ရပ်ကွတ်အတွင်းရှိ ငွေကြေးတက်နိုင်သူများက ချောတိုင်ထိပ်တွင် အလံနှင့်တွဲချည်၍ ဆုကြေးငွေပေးကြသည်လည်း ရှိသကဲ့သို့ တိုင်ထိပ်ရှိ အလံကိုဖြုတ်လာနိုင်သူက သတ်မှတ်ဆုကြေးကို တောင်းကြသည်လည်းရှိသည်။ ချောတိုင်တက်ခြင်းသည် လူတန်းစားခွဲခြားခြင်းမရှိ အသက်အရွယ်ခွဲခြားခြင်းမရှိ ဝသူပိန်သူခွဲခြားခြင်းမရှိ ကီလိုတန်း သတ်မှတ်ချက်မရှိ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သော အားကစားနည်းတစ်မျိုး ဖြစ်သကဲ့သို့ ချစ်စရာကောင်းသော ဓလေ့တစ်ခုလည်းဖြစ်သည်။
ချောတိုင်တက်ပွဲစသည့်ဆိုသည်နှင့် အလုအယက်တက်ကြတော့သည်။ တစ်ဦတည်းမဟုတ်။ ဟိုဘက် သည်ဘက် လေးဦး ငါးဦး လုတတ်ကြသည်။ တက်လိုက် လျှောကျလိုက် အောက်ကလူကဆွဲချလိုက် နည်းနည်းတက်လိုက် အပေါ်ကကန်ချလိုက်။ အပေါ်ကလူ ပြုတ်အကျမှာ ကိုယ်ပါရောပြုတ်ကျသွားလိုက် သည်လိုနှင့်လက်ပန်းကျပြီးမောသွားတာပဲအဖက်တင် သူလည်းမရ ကိုယ်လည်းမရသည့်အဖြစ်များလည်းရှိသည်။ အချို့ကလည်း အပေါ်ကလူကို ဆွဲချရင်းတက်လိုက် အောက်ကလူကိုကန်ထားရင်း တက်လိုက်ဖြင့် ထိပ်ဆုံးရောက်သွားကြသူများလည်းရှိသည်။ ချွေးတလုံးလုံးနဲ့ မောပန်းနေကြသော်လည်း သူတို့မျက်နှာများတွင် အပြုံးများနှင့်ပျော်နေကြသည်။ ပွဲကြည့်ပရိတ်သတ်ကလည်း အမျိုးမျိုးအားပေးကြသည်။ တိုင်ထိပ်မရောက်မီ လျှောကျလာလျှင်လည်း လက်ခုတ်ဝါးတီး အားပေးသည်။ တိုင်ထိပ်ရောင်သူကိုလည်း ထို့အတူ အားပေးကြပါသည်။
MSU-007

ချောတိုင်တက်ကြသူများ | Ecency