ချောတိုင်တက်ကြသူများ

khaylay(49)
Published in
#msu
Words
80
Reading
1 min
Listen
Play
8y

image
လူပတ်ဝန်းကျင်မှာလည်းချောတိုင်တက်သကဲ့သို့ သူများကိုဆွဲချ နင်းတက်နေကြသူများရှိသည်။ အချို့က ဝါသနာပါ၍ လုပ်နေကြသည်။ မဖြစ်မနေသည်လိုလုပ်ရန် အခြေအနေရောက်လာ၍ လုပ်ဖြစ်သွားကျသူများလည်းရှိသည်။ သူများကို နင်းတက်မှရသည့်အောင်မြင်မှု သူများကိုဆွဲချမှရမည့်ရှင်သန်မှုသည်လိုရှင်သန်မှု အောင်မြင်မှုများကို သာယာနေကြသူများရှိသည်။
တစ်ခါက သူငယ်ချင်းသုံးဦး ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး သင်္ဘောပျက်ပြီး လှေတစ်စီးနှင့် ခရီးဆက်ခဲ့ကြပုံအကြောင်းဖတ်ရှု့ခဲ့ရသည်ကို သတိရမိသည်။ စားစရာလည်းအများကြီးမသယ်လာနိုင် သောက်ရေကလည်းနည်း။ ကပ်စရာကမ်းကလည်းမမြင်။သည်လိုနှင့် ခရီးဆက်ခဲ့ရင်း ရက်များအတော်ကြာလာသောအခါ သူငယ်ချင်းသုံးဦး မည်သို့ဆက်လုပ်ရမလဲမသိ။ စားစရာကလဲမရှိ။ ခရီးကဘယ်လိုမှန်းမသိ။ သည်အခြေအနေမှာပဲ တစ်ဦးသော သူငယ်ချင်းက ကျန်းမာရေးချို့တဲ့လာသည်။ ဝေဒနာက တဖြည်းဖြည်းပိုဆိုးလာ။ သည်တွင်နေမကောင်းသည့်သူငယ်ချင်းကိုထားပြီး ကျန်နှစ်ဦးက တိုင်ပင်ကြသည်။ 'ငါတို့မှာ စားစရာလည်း မရှိတော့ဘူး။ ဒီအတိုင်းဆက်သွားရင် သုံးယောက်စလုံးသေသွားနိုင်တယ်။ သုံးယောက်စလုံး အသေခံမလား။ ဖျားနာပြီးသေတော့မယ့်လူနာကို ငါတို့ရိက္ခာအတွက် သတ်မလား။' ထိုအခါ နောက်တစ်ယောက်ကလည်း 'အေး ကောင်းသာဟ။ ဒါမှ ငါတို့အသက်ရှင်နိုင်မှာလုပ်ကြတာပေါ့' ဟု အလွယ်တကူသဘောတူလိုက်သည်။ ပင်လယ်ပြင်မှာ ခရီးကြမ်းကို အတူနှင်ရင်း အတူဒုက္ခရောက်ကြရင်း လောကဓံရိုက်ချက်ကြမ်းလာတော့ ကမ္ဘာမီးလောင်သားကောင်းချနင်းဆိုပြီး မကြံကောင်း မစည်းရာ လုပ်ကြသည်။ ဤသည်ကို Law Of The Seaဟု သူတို့က ပြောကြသည်။ နောက်ဆုံးတွင် ထိုအမှုသည် တရားရုံးသို့ရောက်သွားသည်။
MSU-007

ချောတိုင်တက်ကြသူများ | Ecency