**ခွင့်လွှတ်ခြင်း **
အရာရာကို ခွင့်လွှတ်တတ်လျှင် စိတ်ချမ်းသာသည်။ သူတစ်ပါးကို ခွင့်မလွှတ်တတ်လျှင် သူတစ်ပါးက ဘာမျှမဖြစ် မိမိကသာခံစားရ၏။
သူတစ်ပါး၏ အပြစ်ကို မိုးလောက်ကြီးလည်း ခွင့်လွှတ်နိုင်လျှင် သေးသေးလေးဖြစ်သွား၏။ ခွင့်မလွှတ်လျှင် ညောင်စေ့လေးပင်လျှင် ညောင်ပင်လောက်ထိ ကြီးသွားနိုင်၏။ ခွင့်မလွှတ်လျှင် သူများကို အပြစ်ဖြစ်စေ၍ ရန်များသည်။ ခွင့်လွှတ်လျှင် ရန်သူပင် မိတ်ဆွေဖြစ်သွားတတ်သည်။ ခွင့်လွှတ်ရန် မသိသဖြင့် အပြစ်တင်ကြ မိတ်ပျက်ကြသည်။ နောက်ဆုံး အပြစ်တင်လျှင် ကိုယ်သာပင်ခံစားရ၏။
ခွင့်မလွှတ်ခြင်းသည် အပြင်းထန်ဆုံး လက်နက်ဖြစ်သည်။ အဏုမြူထက်လည်း ပြင်းထန်သည်။ ဟိုက်ဒရိုဂျင်ဗုံးထက်လည်း အားပြင်းသည်။ လေဆာထက်လည်း မြန်သည်။ ပိုးမွှာလက်နက်ထက်လည်း ကာကွယ်ရခက်သည်။ ငလျင်ဘေးထက်လည်း သိရန်ခက်သည်။ မုန်းတိုင်းထက်လည်း ခါးတီးသည်။ ရေဘေးထက်လည်း ခန့်မှန်ရခက်သည်။ လောကတွင်ရှိသမျှ လူသတ်လက်နက် ဖောက်ခွဲလက်နက် ဘေးဆိုးကပ်များထက် ဆိုးရွားသည်။ ထို့ကြောင့် ခွင့်မလွှတ်ခြင်းဟုသော လက်နက်ကို ဖျတ်သိမ်းရန် လို၏
Msu-007