အလှဖွေရှာ ဘဝမှာ

khaylay(49)
Published in
#msu
Words
86
Reading
1 min
Listen
Play
8y

image
ရှင်သန်ခြင်းဆိုသည်မှာလည်း မွေဖွားလာချိန်မှ သေဆုံးချိန်ထိသာ ကြာမြင့်သောအချိန်အတိုင်းအတာတစ်ခုဖြစ်၏။ ချမ်းသာကြွယ်ဝမှုဖြင့် မွေးဖွားလာသော သူဌေးသားလည်းဆင်းရဲမွဲတေစွာသေဆုံးသွားနိုင်၏။ ထို့အတူ ဆင်းရဲချို့တဲ့စွာမွေးဖွားလာသော ဆင်းရဲသားသည်လည်း ချမ်းသာကြွယ်ဝစွာ သေဆုံးသွားနိုင်သည်။ ဘဝ၏သာယာလှပမှုသည် ရှင်သန်ရသောအချိန်ကာလကြာမြင့်မှုနှင့် တိုက်ရိုက်အချိုးမကျပေ။ လူတစ်ဦးသည် အသက်ရှည်ကောင်းရှည်လိမ့်မည်။ သို့သော် ရှည်တိုင်းလည်း သာယာလှပသောဘဝ တစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်း မဟုတ်တန်ရာ။ သို့ဆိုလျှင် ဘဝရှင်သန်မှုတွင် အလှတရားဟူသည် အဘယ်နည်း။
ကျွန်မတို့ လူသားများကတော့ ရှင်သန်ခွင့်ရသော အချိန်အတွင်းမှာပင် တစ်စုံတစ်ရာဖြစ်ထွန်းမှုအတွက်လည်း ကြိုးစားကြရသည်။ ဖြစ်ထွန်းလာသောတစ်စုံတစ်ရာကို နောင်လာနောင်သား မျိုးဆက်သစ်များအတွက် ချန်ထားပေးနိုင်ရန်လည်း ကြိုးစားကြရသည်။ ထို့သို့ ကြိုးစားနေခြင်းကပင် ဘဝ၏ အလှတစ်ရားတစ်ခုဖြစ်ပါလိမ့်မည်။
ဘဝတွင် ခါးတမာများနှင့်လည်း ကြုံရနိုင်သကဲ့သို့ ပျားသကာများနှင့်လည်းတွေ့ရနိုင်သည်။ ဘဝ၏သာယာလှပမှုမှာ မိမိတို့ရှင်သန်နေရသောတ်ဝန်းကျင် အခြေအနေများနှင့်လည်း ဆက်စပ်နေသေး၏။ ကောင်းသောပတ်ဝန်းကျင်နှင့် ထိတွေ့နေရချိန်တွင် ဘဝကာလှပနေသည်။ မကောင်းသော ပတ်ဝန်းကျင်နှင့် ထိတွေ့နေရချိန်တွင် ဘဝကား အကျည်းတန်နေတော့၏။ ကျွန်မကိုယ်တိုင်လည်း ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးတွင် လှုပ်ရှားရှင်သန်ခဲ့ဖူးသည်။ လူအမျိုးမျိုးနှင့် တွေ့ကြုံခဲ့ရဖူး၏။ ဒေါသ လောဘ မာန အာဃာတ သံသယများနှင့်ပြည့်နှက်နေသော ပတ်ဝန်းကျင်များနှင့်လည်း ထိတွေ့ခဲ့ဖူးသည်။ ထိုသို့တွေ့ကြုံရသည့် အချိန်တိုင်း ဆရာညွန့်ဝေ(ကသာ)၏ 'သူ့မှာအလှ အလှကိုယ့်မှာ' ဟူသည့် ကဗျာလေးကို အမှတ်ရမိ၏။
MSU-007

အလှဖွေရှာ ဘဝမှာ | Ecency