နံရိုးပိုင်​ရှင်​ရယ်​...

Words
41
Reading
1 min
Listen
Play
9y

ဘယ်ဘက် တစ်ခြမ်း ငလျင်လှုပ်တော့
နံရိုးလေး အက်သွားတယ် ...

သေချာတယ် ဒါဟာ ...မစစ်တဲ့ အရိုး
နာမည်ကိုက နံရိုး တဲ့.....

လေ အတိုးတောင် မခံနိုင်တော့
သံသရာ လှိုင်းတစ်ချက် အပုတ်မှာ
ဖျောက်ခနဲဆို ကျိုးသွားလေရဲ့ ...

တကယ်ဆိုးတယ်ဗျာ

ဘယ်ဘက်တစ်ခြမ်း နိမ့်လိုက် / မြင့်လိုက်
ဖြစ်သွားတယ်...

အစားထိုးပြီး ...အမည်မတတ်ချင်ဘူး

တစ်သက်လုံး အတွက်ဆို
အသက်ဆက်မျှော်လင့်ချက်အဖြစ်
အာဒံ အဖြစ်နဲ့ ဧဝ ရဲ့ နံရိုး ကိုတော့ လိုချင်မိတယ် ...