တောတွင်း မာယာ

khayae(51)
Published in
#myanmr
Words
248
Reading
2 min
Listen
Play
9y

တခါတုန်းက တောအုပ်ကြီးတခုထဲမှာ ထင်းခွေသမားနှစ်ယောက် ထင်းလာခွေကြသတဲ့ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က အသက် အနည်းငယ်ကြီးပြီး ဗဟုသုတ နဲ့လည်း ပြည့်စုံသူ ဖြစ်တော့ အလုပ်ကို စဉ်းစားတွေးခေါ်ပြီး လုပ်လေ့ရှိတဲ့ သူပေါ့ နှောက် တဦးက လူငယ်ပီပီ ပါးစပ်ကလည်း ဟော့ဟော့ ရမ်းရမ်း ပြောတတ် နှောက်တတ်တာပေါ့။

image

ဖြစ်ချင်တော့ သူတို့လာပြီး ထင်းခွေတဲ့ တောမှာ အရမ်းအမှား မခံတဲ့ တောပိုင်တောင်ပိုင် နတ်မင်းကြီးရှိသတဲ့ ဒါကြောင့် သူတို့ နှစ်ယောက်ထဲက အသက်ကြီးဆုံး သူက ငါ့ညီ ဒီတောက အမှားမခံဘူးကွာ အပြောဆို အနေထိုင် ဆင်ခြင်ပါလို့ ဆုံးမရှာသတဲ့ လူငယ်လေးကလဲ လက်တွေ့ သမားပီပီ ဆိုတော့ မယုံကြည် သော်လည်း ခေါင်းညိမ့် ပြလိုက်သတဲ့ ။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်းမခွေခင် အိမ်ကနေ ပါလာတဲ့ ထမင်းဟင်းကို ဖက်ထဲထည့်ပြီး တောပိုင် တောင်ပိုင်တွေကို စားဦးစားဖျား ကပ်လှူကျွေးမွေးပြီး အမှားအယွင်း ရှိရင်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ထားပါတယ် နောက်တော့ သစ်ပင်တွေ ခုတ်ဖို့ အပင်လိုက်ရှာကြတယ် ဒီလိုနဲ့ အပင်ကြီး တစ်ပင်ကို လူငယ်လေးက သဘောကျပြီး ထိုအပင်ကို ခုတ်ဖို့ ရွေးလိုက်သတဲ့ ဒါနဲ့ ငါ့ညီ ဒီအပင်က အရမ်းနှစ်ထမ်း ကြာပြီး နုပျိုနေတယ် အခြားသစ်ပင်တွေက အရွက်ကြွေတာ တွေ့ရပေမယ့် ဒီအပင်က အရွက်မကြွေဘဲ စိမ်းစိုနေတော့ နဲနဲ ထူးခြားနေတယ် အာ့ဒါကြောင့် အခြားအပင် ပြန်ရှာရအောင် ပါလားကွား လို့ ပြောသတဲ့ လူငယ်လေးကလဲ အကိုကြီးရာ အခြားအပင်တေရှာရင် အချိန် ကုန်နေပါအုံးမယ် ဒီအပင်ဘဲ ခုတ်ရအောင်ပါဗျား အယူသီး မနေပါနဲ့ ဟိုတုန်းက ခေတ်က ကုန်သွားပြီဗျလို့ ရည်မောကာ ပြောနေတုန်း တောကြောင် ဖြတ်ပြေးသွားတာကို နှစ်ယောက်သား တွေ့လိုက်ရသတဲ့ ။

image

image

ဒါနဲ့ ငါ့ညီ နိမိတ်မကောင်းဘူးဟ တောကြောင်တွေ့ လိုက်တယ်မဟုတ်လား လို့ မေးလိုက်တော့ အကိုကလဲ တောထဲမှာဆို တောကောင်ကတော့ ရှိမှာပေါ့ဗျား ကျနော်တို့က တောလိုက် မုဆိုး မဟုတ်လို့ ဒီကောင် အသက်နဲ့ ခန္ဓာ အိုးစားမကွဲသွားတာမှတ် မဟုတ်သေးဘူးဟ ငါ့ညီရ ဒီတောမှာ စောင့်ရှောက်နေတဲ့ နတ်တွေက သူတို့မကြိုက်တဲ့ အရာကို လူတွေ လုပ်တော့မယ် ဆိုရင် ခုလို တောကြောင်ပြပြီး တားလေ့ရှိတယ် နောက် မြွှေ ပြ ပြီးလဲ သတိပေးလေ့ရှိတယ်လို့ ငါကြားဖူးတယ်ဟ ဒါကြောင့် အခြား အင်ရှာရအောင် ပါလားကွား လို့ အကြံပြု သတဲ့။

image

image

image

လူငယ်လေးကလဲ ဒီအပင်မှ ဒီအပင် အခြားဟာ သစ်ပင်ကို မရှာချင်လေတော့ အကိုကြီးခမျာ စိတ်လျော့ပြီး အေးကွာ ဒါဆိုလဲ ဆိုးတူ ကောင်းဖက်ပေါ့ကွာ ဆိုပြီး ထင်းရဖို့ အပင်ကို နှစ်ယောက်သား ဝိုင်းခုတ်တော့တာပေါ့ ဒီလိုနဲ့ အပင်ထိပ်ပိုင်းကို ခုတ်လိုက်တော့ ထူးဆန်းစွာ ရှဥ့်ငပေါ ငါးကောင်ဟာ သစ်ခေါင်းပေါက်ကနေ ထွက်လာပြီး ထွက်ပြေး ပျောက်ကွယ်သွားသတဲ့။

image

image

အပင်ကတော်တော် ခုတ်ယူတာတောင် မပြတ်ချင်ဘဲ ရှိလေတော့ လူငယ်လေးဟာ ဒေါသတကြီးနဲ့ သစ်ပင်ကို ဆဲရေးတိုင်းထွာကာ အရှိန်ပြင်းပြင်းနဲ့ ခုတ်ရှာတာပေါ့ (ထိုခေတ်အခါတုန်းက သစ်ပင် ဖြတ်တဲ့ ချိန်းဆောဆိုတာ မပေါ်သေးဘူး ဒါကြောင့် ပေါက်ဆိန် ရဲဒင်း ဓါး လွှ စဒါတေနဲ့ ခုတ်ရဖြတ်ရ တာပေါ့) ဒီလိုနဲ့ သစ်ကိုင်း တစ်ကိုင်းဟာ ဖြောင်းးးးဆိုပျံပြီး အတော်ဝေးတဲ့ သစ်ပင်တွေဆီ ရိုက်ခတ် သွားပါသတဲ့ အာ့လိုနဲ့ သစ်ပင်တေ ခုတ်ပုံပြီး ။

image

လည်းနဲ့တိုက်ကာ အိမ်ကိုပြန်လာတော့ လမ်းခုလတ်မှာ လူငယ်လေးဟာ ဂရောင် ဂတမ်းနဲ့ တောပြော တောင်ပြောတွေ ပြောကာ အရူးတပိုင်းလို ဖြစ်နေရှာတာပေါ့။

နှောက်ဆက်တွဲရေးရန် ကြိုးစားပါအူးမည် khayae

MSC - 079 photo credit ; google image

တောတွင်း မာယာ | Ecency