Tech

khantwai(42)
Published in
#tech
Words
66
Reading
1 min
9y
Listen to this post
~1 min

စွမ်းဆောင်ရည်မြင့် Laptops လေးတစ်လုံးဖြစ်သည့် ASUS FX553VD မှာတော့ စတိုင်လ်ကျမှု ၊ ပါးလွှာမှုများနှင့် ချောမွတ်တောက်ပြောင်ကာ ကျစ်လျစ်မှု နှင့် လှပကြော့မော့မှုတို့ကို အချိုးကျ ပေါင်းစပ်ပါဝင်ပါသည်။ ဘက်စုံအသုံးပြုနိုင်သည့် ဖွဲစည်းတည်ဆောက်မှုပုံစံဖြင့် ထူးကဲသော စွမ်းဆောင်ရည်များရရှိစေရန် သတ္တမမြောက် Intel ၏ Core i7 - 7700HQ processor နှင့်တွဲဘက်ညီသည့် Microsoft ၏ DirectX 12 ကိုထောက်ပံပေးနိုင်သည့် GTX 1050 Graphic ပါဝင်ပါသည်။ ASUS ရဲ့ Cooling Overboost နှင့် အသိဉာဏ်မြင့် အပူထုတ်လွှတ်မှု ဒီဇိုင်းတို့ကြောင့် အမြင့်မားဆုံး အေးမြခြင်းကို ခံစားရရှိနိုင်မှာဖြစ်သလို အလင်းပြန်မှုလျော့ချပေးပြီး ၁၇၈ ဒီဂရီ မည်သည့်ထောင်ချိုးကကြည့်ကြည့် မြင်ကွင်းကျယ် အမြင်များ ပြသပေးနိုင်မည့် Full HD display မျက်နှာပြင် ပါဝင်ပါသည်။ ဈေးနှုန်းမှာ - $999USD သာ ကျသင့်မှာပဲ ဖြစ်ပါတယ်..

Tech | Ecency