Interpreter အလုပ်လုပ်ပုံ
Compilerအလုပ်လုပ်ပုံ
Compiler က source codesတွေကိုExecutable File(Machine Codes)အဖြစ် Compile လုပ်ပါတယ်။ရရှိလာတဲ့ Executable file ကို hardware executor က execute လုပ်ပါတယ်။ ကိုယ့်Computer ရဲ့ CPU Power ပေါ်မူတည်ပြီး Compiling Time အချိန်ကြာတယ်။ဒါကြောင့် တစ်ခါ Compile ဖို့ အရေး သေချာစဉ်းစား သေချာရေး၊ Errorရှိရင် Error ရှာ၊ Error တွေ့ရင် ပြန်ပြင်။ ဒီတော့ Product တစ်ခုထွက်ဖို့အတွက် အချိန်ပေးရပါတယ်။ဒါက Compiled Language တွေရဲ့ အားနည်းချက်ပေါ့
Interpreter က ကိုယ်ရေးထားတဲ့ Code တွေကို အပေါ်ကနေအောက်ကို line by line တစ်ကြောင်းချင်းစီ ဖတ်သွားပြီး ကိုယ်ရေးထားတဲ့ Source Code ရဲ့ Result ကို ချက်ခြင်းဖော်ပြတယ်။ဒါကြောင့် Production Time မြန်တယ်။ Error ရှာရလွယ်တယ်။ Compile အတွက် အချိန်မပေးရတော့ဘူး။ ဒါပေမဲ့ Code ကိုတစ်ခါထဲ Translate ရော Interpret ရောလုပ်သွားတဲ့အတွက်ကြောင့် Binary Executable File မထုတ်ပေးဘူး။ ဒီတော့ Program ကိုပြန်ဖွင့်ဖို့ Interpret ပြန်ပြန်လုပ်ပေးရတယ်။ဒါကြောင့်Runtimeမှာကြာသွားတယ်။Compiler က Binary Executable File ထုတ်ပေးထားတော့ Runtime အလုပ်လုပ်ခိုင်းတဲ့အချိန်မှာ မြန်တယ်။ ပြန်ပြီး Compile လုပ်နေစရာမလိုတော့ဘူး။ ဒါပေမဲ့ Development Time မှာ ကြာသွားတယ်ပေါ့ ။ Compiled Language နဲ့ Interpreted Language ဟာ အားသာချက် အားနည်းချက်ရှိကြပါတယ်။
Syntax
Programming ရေးတဲ့အခါမှာ Programming Language အလိုက် ရေးထုံးရေးနည်း လိုက်နာရမဲ့ စည်းမျည်းစည်းကမ်းတွေရှိပါတယ်။ ထိုစည်းမျည်းစည်းကမ်း rule ကို Syntax လို့ခေါ်ပါတယ်။
Type Of Programming Languages
ယေဘုယျအားဖြင့် Programming Languages အမျိုးအစားလေးမျိုးရှိပါတယ်။
* Statically Type Language
* Dynamically Type Language
* Strongly Type Language
* Weakly Type Language
Strongly Type Language
Data Typeတွေကို မလွဲမသွေလိုက်နာတဲ့အမျိုးအစားပါ။integer တစ်ခုကိုconvertမလုပ်မချင်း stringအဖြစ်ပြုမူလို့မရပါဘူး။Pythonနဲ့ Javaဆိုရင် Strongly Type Languageတွေပါ။
Weakly Type Language
Data Typeတွေကို လျစ်လျူရှုတဲ့အမျိုးအစားပါ။VB Scriptဟာ Weakly Type Languageပါ။မတူညီတဲ့Data TypeတွေကိုConvertလုပ်စရာမလိုဘဲexecuteလုပ်လို့ရပါတယ်။
Python
Python ဆိုတာ high-level programming language တစ်ခုပါ။ Guido van Rossum ကဖန်တီးခဲ့ပြီးတော့ 1991 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
python က c, c,java တို့လို compiled language မဟုတ်ပဲ interpreter ပေါ်မှာ အလုပ်လုပ်တဲ့ interpreted language တစ်ခုဖြစ်ပါတယ် ပြီးတော့ python က c,c,java တို့လို brackets, curly brackets တွေကိုသုံးပြီး code blocks မခွဲပါဘူး indentation တွေကိုသုံးပြီးတော့ code blocks တွေခွဲပါတယ်
python နဲ့ရေးတဲ့ program တွေတော်တော်များများက clean code ဖြစ်တဲ့အတွက်ကြောင့် high productivity ဖြစ်ပါတယ်။high productivity ကသူ့ရဲ့ အလုပ်လုပ်နိုင်တဲ့ ပမာဏ ကိုပြောတာပါ။ဥပမာ java မှာ problem တစ်ခု solve လုပ်ဖို့ coding line 30 ရေးရတယ်ဆိုရင် python မှာ coding line ငါးကြောင်းလောက်နဲ့ပြီးသွားတာမျိုးကိုပြောတာပါ
python က multiple programming paradigm ကို support ပေးပါတယ်, object oriented,functional programming, procedural programming, etc .... စတာတွေကို support လုပ်ပေးပါတယ်
Python က Dynamically type langauge အမျိုးအစားပါ။ ထိုကြောင့် auto memory management လုပ်ပေးပါတယ်။
Khant Si Thu