This content got low rating by people.

ချစ်တော့

Words
71
Reading
1 min
Listen
Play
8y

add me,,,,

ငါမှားလား....??
---,,,,---

ငါမှားလား....??
လိုင်းဖွင့်တဲ့အချိန်လေးမှာ
သူ့ရဲ့ ( message ) စာအကြိုလေးပို့ပေးထားတာကို
ငါမြင်ချင်နေမိတာ....။

ငါမှားလား....??
နှစ်ကိုယ်တူအွန်လိုင်းပေါ်မှာရှိပြီး
သူ့ဘက်ကအရင်စ၍
( hi ) ပေးတာမျိုးကို
ငါလိုချင်မိတာ....။

ငါမှားလား....??
ကိုယ်နေမကောင်းတဲ့အချိန်တွေတိုင်းမှာ
သူ့ကိုအနားနားမှာရှိနေပေးပြီး
သူ့ရဲ့ဂရုတစိုက်လေးပြုစုမူတွေကို
ငါအယုအယခံချင်နေမိတာ....။

ငါမှားလား....??
နာကျင်စရာ ဝမ်းနည်းစရာတွေနဲ့
အမြဲကြုံဆုံနေရတဲ့အခိုက်အတန့်လေးမှာ
သူ့ရဲ့ရင်ခွင်ပေါ်မှာ
ခဏလေးပဲဖစ်ဖစ် ထာဝရပဲဖစ်ဖြစ်
ငါမှီခိုအိပ်စက်ချင်မိတာ....။

ငါမှားလား...?
သူ့ကိုသိပ်ချစ်လွန်းလို့
သူ့ကိုဆုံးရှူံးရမှာကိုကြောက်ရွံ့ပြီး
ကိုယ်မဟုပ်တဲ့
သူ့ရဲ့ဘေးနားကတခြားလူတွေကို
ငါသဝန်တိုမိတာ....။

ငါမှားလား....??
ဘဝတစ်သက်စာအတွက်
ရင်းခဲ့ရပြီး သူ့ကိုလက်တွဲဖိုးထိ
ဆုံးဖြစ်ခဲ့ပြီးတဲ့နောက်မှာ
သူ့ရဲ့အချစ်တွေကို
ကိုယ်တစ်ယောက်ထဲအတွက်ပဲ
ငါပိုင်ဆိုင်ချင်မိတာ....။

ငါမှားလား....??
ငါလဲသူ့ကို ရင်နင်းရလောက်အောင်ထိ
အရမ်းချစ်ခဲ့ရသလိုမျိုး
သူလဲငါ့ကိုပြန်ပြီး
အရူးအမူးအဖြစ်မျိုးနဲ့ ချစ်ပေးတာမျိုးကို
ငါမျော်လင်းနေမိတာ....။

ငါမှားလား....??
ငါ့ရဲ့နှလုံးသားထဲမှာ
သူကလွဲပီးတော့၍
ဘယ်သူမှအစားထိုး၍မရတော့သလို
သူလဲငါ့ကို
ကွယ်ရာမှာမဖောက်ပြန်ပဲ
သစ္စာရှိရှိအဖြစ်မျိုးနဲ့အမြဲချစ်ပေးတာမျိုးကို
ငါတမ်းတနေမိတာ....။

ချစ်တဲ့သူတိုင်းအမြဲပိုင်ဆိုင်ရပါစေ....👫

#THFB_IMG_1536684427133.jpg

ချစ်တော့ | Ecency