ညီမလေးများဖတ်ကြည့်စေချင်
လက်မထပ်ခင် အတူနေသင့်လား ....... ? ? ? ? ?
ချစ်နှမလေးထံသို့
နှမလေးတို့ရေ တစ်ခါတုန်းက
ရွာတစ်ရွာမှာ ညီအစ်မနှစ်ယောက်ရှိတယ်။
မိဘတွေကတော့ကွယ်လွန်သွားပြီဖြစ်လို့
ညီအစ်မနှစ်ယောက်ပဲရှိတော့တာပေါ့။
အစ်မဖြစ်သူကအနေအေးသလို စာလဲဖတ်တော့
ဗဟုသုတနဲ့ပြည့်စုံတယ်။
အိမ်အလုပ်တွေ စီးပွားရေးတွေအကုန်
အစ်မဖြစ်သူကပဲ လုပ်ရတာပေါ့။
ညီမဖြစ်သူကတော့ ငယ်တာလည်းပါသလို
လှလည်းလှတာကြောင့် ရည်းစားများတာပေါ့။
အစ်မဖြစ်သူက ညီမဖြစ်သူကို ဆုံးမချင်ပေမယ့်
အိမ်အလုပ်တွေ စီးပွားရေးအလုပ်တွေနဲ့မအားလပ်တော့
ညီမကိုမဆုံးမနိုင်ဘူး။
ညီမဖြစ်သူကလည်း တစ်နေကုန်သူငယ်ချင်းတွေနဲ့လည်လိုက်
ရည်းစားလေးနဲ့လည်လိုက်ဆိုတော့
ဆုံချိန်သိပ်မရှိခဲ့ဘူး။
တစ်နေ့ကျတော့ ညီမဖြစ်သူ ဘယ်မှမသွားပဲ
အိမ်ကပ်နေတာပေါ့။ တစ်ခါမှ အလုပ်ကူမလုပ်ဘူးတော့
ဟိုဟာလုပ်ရမလို သည်ဟာလုပ်ရမလိုဖြစ်နေပြီး
ဟိုစပ်စပ်သည်စပ် ဂနာမငြိမ်ဖြစ်နေတာပေါ့။
အစ်မလုပ်သူကလည်းအလုပ်မအားတော့ သူ့ကို
ဘာမှမပြောပဲနေတာပေါ့။
စိတ်ထဲကတော့ သည်ကလေးမဘာဖြစ်နေလဲ
တွေးနေတာပေါ့။
သည်လိုနဲ့ နံနက်စာ စားတဲ့အချိန်ကျတော့
ညီမဖြစ်သူက ထမင်းဝိုင်းတွေဘာတွေပြင်ဆင်တာပေါ့။
ညီအစ်မနှစ်ယောက် တစ်ခါမှ လက်ဆုံ မစားရတာကြာတော့
အစ်မလည်း လုပ်လက်စတွေဖြတ်ပြီး အတူစားကြတာပေါ့။
ထမင်းဝိုင်းရောက်တော့ အစ်မကညမကြည့်လိုက်
ညီမကအစ်မကြည့်လိုက်နဲ့ပေါ့။
ဒါနဲ့ အစ်မဖြစ်သူကမေးတော့တယ်။
ညီမလေးဘာဖြစ်နေတာလဲပေါ့
ညီမဖြစ်သူကလည်း ဖွင့်မေးမှဖြစ်မယ်ဆိုတော့
မေးရတော့တာပေါ့။
""မမ ညီမလေးမေးချင်တာက..
ခုခေတ်မှာသမီးရည်းစားဖြစ်တာနဲ့ အတူနေ၊ အတူအိပ်ကြတာ နိုင်ငံတကာမှာတော့ မဆန်းတော့ သလိုဖြစ်နေပြီ။
တကယ်တမ်းတွေးကြည့်ရင် အိမ်ထောင်မပြုနိုင်ခင် စပ်ကြား
သွေးသားကိစ္စလည်းအဆင်ပြေ၊
တစ်ဦးနဲ့တစ်ဦးလည်း နားလည်မှုပိုရှိလာပြီး
ပိုပြီး အပေးအယူမျှလာနိုင်တာမို့ အိမ်ထောင်မပြုခင်
အဲလိုအတူနေကြတာပိုကောင်းတယ်လို့ထင်ပါတယ်။
တကယ်လို့ အဆင်မပြေခဲ့ရင်လည်း လက်မထပ်ခင်ကတည်းက
စောစောစီးစီး လမ်းခွဲလို့ရပြီး နောက်တစ်ယောက်ပြောင်းလို့ရတာပေါ့။
ညီမလေးရဲ့ ချစ်သူကလည်း အဲလိုနေချင်ပါတယ်တဲ့။
အဲဒါ..မမ အနေနဲ့ဘယ်လိုမြင်ပါသလဲ ဖြေပေးပါလား"
လို့မေးတော့တာပေါ့။
ဒါနဲ့အစ်မဖြစ်သူကလည်း
စာတွေဖတ်ထားသူဖြစ်လေတော့
သည်ညီမလေးကိုတစ်ခါတည်းနားလည်အောင်
ပြောမှဖြစ်တော့မယ်ဆိုပြီး
အခုလိုပြောလိုက်တော့တယ်။
""ညီမလေးရေ
မိဘတွေမရှိကတည်းက
သည်ညီအစ်မနှစ်ယောက်တည်းရှိတာ
အလုလိုမမကိုပွင့်ပွင့်လင်းလင်းမေးတာ
ကျေးဇူးပါ။ညီမလေးမမပြောတာကိုသေချာနားထောင်ပါနော်။
ညီမလေးချစ်သူနဲ့ ညီမလေး
အတူနေတယ်.. မနေဘူးဆိုတာကတော့
ညီမလေးရဲ့ သဘောပါပဲကွယ်၊
ဒါပေမယ့်… ညီမလေးကို တစ်ခုပြောရအုံးမယ်။
မမတို့မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းပိုက်သွားတော့
မမတို့မြေကို သူတို့ပိုင်ပြီဆိုတာနဲ့ အကြိမ်ပေါင်းများစွာ
သူတို့ပြုသမျှခံခဲ့ရတယ်မို့လား?
ရှိသမျှမြေပေါ်မြေအောက်အဖိုးတန်ပစ္စည်းတွေရသမျှ ယူသွားပြီး
သူပြန်သွားတာ့ အမြောက်ဒဏ် ဗုံးဒဏ်တွေနဲ့ ဖွာလန်ကျဲပြီး
ကျန်ခဲ့တာပဲမို့လား?
အင်္ဂလိပ်ပြီးလို့ ဂျပန်နဲ့ ပတ်သက်တော့လည်း
အဲလိုပဲ သူတို့လိုချင်တာတွေသာယူသွားပြီး
ထင်သလိုသောင်းကျန်းခဲ့တော့
နောက်ဆုံးလွတ်လပ်ရေးလည်း ရရော
ထင်သလိုသောင်းကျန်းသွားခဲ့တဲ့မြေမှာ ဒဏ်ရာတွေ ဗရပွနဲ့
ဖွာလန်ကျဲပြီး ကျန်ခဲ့တာမို့လား ?????
ညီမလေးရေ…
ပထမရည်းစားက အင်္ဂလိပ်လိုကောင်မျိုးဖြစ်မယ်။
ဒုတိယရည်းစားကလည်း ဂျပန်လိုကောင်မျိုးဖြစ်မယ်ဆိုရင်
ညီမလေးအပေါ်တကယ်ချစ်တဲ့သူကိုတွေ့လို့
လက်ထပ်မယ့်အချိန်လည်းကျရော
သူတို့နဲ့ အတူနေ အတူအိပ်ခဲ့တဲ့ ညီမလေးဟာ
လွတ်လပ်တော့ လွတ်လပ်ပေမယ့် စစ်ဘေးစစ်ဒဏ်ကြောင့်
ဖွာလန်ကျဲပြီးကျန်ခဲ့တဲ့ မြန်မာပြည်လိုဖြစ်နေတော့မယ်။
ညီမလေးစဉ်းစားပေါ့ကွယ်။" လို့
အစ်မဖြစ်သူကပြောတဲ့အခါမှာတော့
ညီမဖြစ်သူဟာ အသိတရားရသွားပြီး
မိန်းမကောင်းပီသစွာနေထိုင်သွားပါတော့တယ်။
မောင်ကြီးရဲ့နှမလေးတွေလည်း
သည်ပုံပြင်ကိုဖတ်ပြီး ဆင်ခြင်နိုင်ကြပါစေ။
COPY:-)
အမျိုးကောင်းသားသမီးများ
ဆန္ဒ နှင့် ဘဝ
ဦးဏှောက် နှင့် နှလုံးသား
ချစ်သူ နှင့် အိမ်ထောင်ဖတ်
အိမ်ထောင်ဖတ် နှင့် မိသားစုဆန္ဒ တထပ်တည်းကျပါစေ.....
အမှားပါရင် စေတနာအမှားမို့ ခွင့်လွှတ်ပါ....
စိတ်သဘောထားချင်းတိုက်ဆိုင်ရင် Share ပေးပါ....