မယုံသင့်တာကို မယုံကြည်တဲ့လူရဲ့ ဘဝဟာ ရိုးရှင်းတယ်။
မေ့သင့်တာကို မေ့ပစ်လိုက်တဲ့လူရဲ့ အတွေးဟာ မှန်ကန်တယ်။
မကြောက်သင့်တာကို မကြောက်ရွံတဲ့လူရဲ့ စိတ်ဟာ ကြည်လင်ပေါ့ပါးတယ်။
ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်လိုက်တဲ့လူရဲ့ လုပ်ရပ်ဟာ အတ္တကင်းတယ်။
မပြောသင့်တာကို နှုတ်ပိတ်နေလိုက်တဲ့လူရဲ့ စကားဟာ အကျိုးရှိတယ်။
မလျှောက်သင့်တဲ့လမ်းကို ရပ်တန့်လိုက်တဲ့လူရဲ့ ခြေလှမ်းဟာ နောင်တနည်းတယ်။
ပြတ်သားသင့်တာကို ပြတ်သားလိုက်တဲ့လူရဲ့ စိတ်ဓာတ်ဟာ ခိုင်မာတယ်။
မမျှော်လင့်သင့်တာကို မမျှော်လင့်တဲ့လူရဲ့ အရည်အသွေးဟာ တစ်ခြားလုပ်သင့်တာတွေကို လုပ်နိုင်လို့ သူဘဝက ပိုပြီးအဆင်ပြေပါတယ်။
ကိုယ်ဖြစ်နေသည့်အတိုင်း စစ်မှန်စွာအသက်ရှင် နေထိုင်ခြင်းအတွက် ဘယ်သူ့ကိုမှ အောက်ကျခံနေစရာ မလိုပါဘူး။