တရုတ်မှာ HMD Global က Nokia X5 အမည်ရ စွမ်းရည်သင့် စ
မတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ X5 ကို အ
ခါး နိုင်ငံများမှာ 5.1 Plus အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ သူ့ရဲ့
အဓိက ထူးခြားချက်များက အနောက် ကင်မရာ ၂ လုံး၊ Notch နဲ့
Pure Android များ ဖြစ်ပါတယ်။ တန်ဖိုးသင့် ဖုန်းများထဲမှာတော့
ဒါဟာ အလွန် ကောင်းမွန်နေပါတယ်။
Screen-to-body Ratio မှာ ၈၄ ရာခိုင်နှုန်း ရှိတဲ့ အတွက် မ
က်နှာပြင်က Full Screen Design ထဲမှာ စကရင်နေရာကို ပိုမို
အသားပေးထားပါတယ်။ ၅.၈၆ လက်မ HD+
(720x1520pixels) Display တပ်ဆင်ထားပြီး 19:9 မျက်နှာပြင်
အချိုး ပါပါတယ်။ Chipset ကတော့ MediaTek Helio P60
Chipset ဖြစ်ပြီး RAM က 3GB ဖြစ်ပါတယ်။
အနောက်ဘက်မှာ 13MP+5MP Camera များ ထည့်သွင်းထား
ပါတယ်။ အရှေ့ဘက်မှာ ၈၀ ဒီဂရီ မြင်ကွင်းကျယ် 8MP
Camera တစ်လုံး ပါပြီး AI Portraits နဲ့ Beauty Mode များ ပါပါ
တယ်။ Android 8.1 Oreo မောင်းနှင်ထားပြီး Android P ထွက်
တာနဲ့ ရရှိမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဘက်ထရီမှာ
3060mAh ဖြစ်ပါတယ်။ 3GB/32GB ကို ၁၄၈ ဒေါ်လာနဲ့
4GB/64GB ကို ၂၀၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အနက်၊
အဖြူနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။
SOURCE