This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

The Best Smartphone 2018 (Antutu)

kcs-token(29)
Published in
#best
Words
229
Reading
2 min
8y
Listen to this post
~2 min

AnTuTu ဆိုတာကတော့ စမတ်ဖုန်း တစ်လုံးရဲ့ ပျမ်းမျှ စွမ်းဆောင်နိုင်စွမ်း ကို တွက်ချက်ပေးတဲ့ Application တစ်ခုပဲ ဖြစ်ပါတယ်။ AnTuTu ရဲ့ ပျမ်းမျှ စွမ်းဆောင်နိုင်စွမ်း ကို တွက်ချက်ပုံကတော့ စမတ်ဖုန်း တစ်လုံးရဲ့ CPU ၊ UX၊ 3D တို့ရဲ့ စုစုပေါင်း စွမ်းဆောင်နိုင်စွမ်း ကို ပျမ်းမျှ ရယူပေးတာထာပဲ ဖြစ်ပါတယ်။

အခုအခါမှာတော့ ၂၀၁၈ ဇွန်လ အတွက် စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း မော်ဒယ် ၁၀မျိုး ကို AnTuTu က ချပြပေးလိုက်ပြီ ဖြစ်ပါတယ်။ AnTuTu ရဲ့ ၂၀၁၈ ဇွန်လ အတွက် စွမ်းဆောင်ရည် အကောင်းဆုံး စာရင်း ရဲ့ ထိပ်ဆုံး ၉ နေရာမှာ Qualcomm ရဲ့ Snapdragon 845 SoC ကို အသုံးပြုထားတဲ့ Flagship စမတ်ဖုန်း အသီးသီး ရပ်တည်နိုင်ခဲ့ပြီး နောက်ဆုံး နံပါတ် ၁၀ နေရာမှာတော့ Snapdragon 835 SoC အသုံးပြု စမတ်ဖုန်း တစ်လုံး က နေရာ ယူထားပါတယ်။

ဒီတော့ ၂၀၁၈ ဇွန်လ အတွက် AnTuTu စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း မော်ဒယ်တွေကို တစ်ချက်လောက် လေ့လာ ကြည့်လိုက်ရအောင်။

  1. Xiaomi Black Shark Gaming Phone
    နံပါတ် ၁ နေရာမှာ Xiaomi ရဲ့ Gaming စမတ်ဖုန်းက ပျှမ်းမျှ AnTuTu အမှတ် ၂၈၇၇၅၉ ဖြင့် ရပ်တည် နေခဲ့ပါတယ်။ Black Shark စမတ်ဖုန်းဟာ ဂိမ်းမင်း စမတ်ဖုန်း တစ်လုံး ဖြစ်တာကြောင့် CPU Performnce, 3D Performance တို့မှာ အခြား Flagship စမတ်ဖုန်းတွေထက် အနည်းငယ် သာလွန်နေပါတယ်။
    IMG_20180706_074607.jpg

  2. Vivo NEX
    နံပါတ် ၂ နေရာမှာတော့ Pop-Up Selfie Camera အသုံးပြုထားတဲ့ Vivo ရဲ့ Flagship စမတ်ဖုန်း Vivo Nex က ၂၈၄၂၂၇ ရမှတ်ဖြင့် ရပ်တည် နေခဲ့ပါတယ်။IMG_20180706_074616.jpg

  1. OnePlus 6
    နံပါတ် ၃ နေရာမှာတော့ Flagship Killer လို့ နာမည်ကျော်ကြားတဲ့ OnePlus 6 စမတ်ဖုန်း က ရမှတ် ၂၈၂၂၇၅ ဖြင့် ရပ်တည် နေပါတယ်။
  1. Mi 8
    နံပါတ် ၄ နေရာမှာတော့ လက်ရှိအချိန်မှာ Flaghship စမတ်ဖုန်းတွေမှာ ဈေးနှုန်း အချိုသာဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်တဲ့ Xiaomi Mi 8 uက ရမှတ် ၂၇၃၂၂၁ ဖြင့် ရပ်တည်နေခဲ့ပါတယ်။

5.Smartisan R1
နံပါတ် ၅ နေရာမှာတော့ Smartisan R1 ဆိုတဲ့ စမတ်ဖုန်းက ရမှတ် ၂၇၃၁၅၂ ဖြင့် ရပ်တည်နေခဲ့ပါတယ်။ Smartisan R1 ဆိုတဲ့ စမတ်ဖုန်းက အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း တစ်ခါမှ မကြားဖူးဘူးဗျ။ အခု Google ကနေ ရှာကြည့်ရသလောက်တော့ သူရဲ့ Specifications တွေ ကလည်း တော်တော်ကြီးကို ကောင်းလွန်းပါတယ်။ ဒီအကြောင်းကို နောက်ထပ် ပို့စ်တစ်ခုမှာ ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Source
Photo - Google

The Best Smartphone 2018 (Antutu) | Ecency