This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Surfacebook 2

Words
260
Reading
2 min
8y
Listen to this post
~2 min

နည်းပညာ ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Microsoft အနေနဲ့ Surface Pro (2017), Surface Book 2, Surface Laptop စတဲ့ Professional Laptop တွေကို ပြီးခဲ့တဲ့ နှစ်တုန်းက မိတ်ဆက် ပေးခဲ့ပါတယ်။ Professional Laptop ဆိုတဲ့ အတိုင်း High-End Specifications တွေကို အသုံးပြု ထားတာကြောင့် ဈေးနှုန်းကတော့ အနည်းငယ် များပြားပါတယ်။
IMG_20180716_063731.jpg
ဒါကြောင့်မို့လို့ Microsoft အနေနဲ့ Professional Laptop တွေကို အသုံးပြုချင်သော်လည်း ပိုက်ဆံ အများကြီး မတတ်နိုင်တဲ့သူတွေ အတွက် ရည်ရွယ်ပြီး အခုလို ဈေးနှုန်း သက်သာတဲ့ Microsoft Surface Book 2 နဲ့ Surface Laptop တို့ကို ထပ်မံ မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်

Surface Laptop ကို စတင် မိတ်ဆက်ခဲ့စဉ် အချိန်တုန်းက Processor ပိုင်းအတွက် Intel ရဲ့ Core i5 နဲ့ Core i7 စတဲ့ Processor နှစ်မျိုး ထဲက ကြိုက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပေမယ့် အသစ်ထွက်ရှိ လာမယ့် ဈေးသက်သာ တဲ့ Surface Laptop မှာတော့ Core i5 နဲ့ Core i7 CPU တို့လောက် စွမ်းဆောင်ရည် မမြင့်မားတဲ့ Intel Core M3 Processor ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ Core M3 Processor ဟာ Mid-Range Processor တစ်ခု ဖြစ်တာကြောင့် ကောင်းမွန်တဲ့ CPU တစ်ခုလို့တော့ ပြောလို့ရပါတယ်။
IMG_20180716_063721.jpg
ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် Surface Laptop မော်ဒယ် အသစ်မှာ RAM 4GB နဲ့ အတူ Internal Storage 128GB ပါဝင်မှာ ဖြစ်ပါတယ်။ အရင်နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Surface Laptop မှာလို RAM 4GB, 8GB, 16 GB၊ Internal Storage 128GB, 256GB, 512GB ကြိုက်ရာ ရွေးချယ် ဝယ်ယူနိုင် မှာတော့ မဟုတ်ပါဘူး။

Hardware ပိုင်းမှာ လျှော့ချလိုက်တာကြောင့် ဈေးနှုန်းပိုင်းမှာ လည်း ကန်ဒေါ်လာ ၇၉၉ ဒေါ်လာသာ ကျသင့်တော့မှာ ဖြစ်ပါတယ်။ အရင်နှစ်တုန်းက မိတ်ဆက် ပေးခဲ့တဲ့ Surface Laptop အတွက် အနိမ့်ဆုံး ဒေါ်လာ ၉၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်တာကြောင့် ဒေါ်လာ ၂၀၀ နီးပါး သက်သာသွားမှာ ဖြစ်ပါတယ်။
အခြား Specifications တွေကတော့ အရင်မော်ဒယ်နဲ့ တူညီမှာ ဖြစ်တယ်လို့ ကြေငြာထားတာကြောင့် အသစ်ထွက်ရှိလာမယ့် Microsoft Surface Laptop ကို Metal Design အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး Alcantara Fabric သုံး Keyboard ကို ဆက်လက် အသုံးပြုထားမှာ ဖြစ်ပါတယ်။ Display ပိုင်းမှာ တော့ ၁၅.၆ လက်မအရွယ်အစားရှိ (2256 x 1504 Resolution) Pixel Sense Display ကို အသုံးပြုထားပြီး Multi-Gesture Trackpad လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Surface Book 2
နောက်ထပ် မိတ်ဆက် ပေးခဲ့တာကတော့ Surface Book 2 Budget မော်ဒယ်ပဲ ဖြစ်ပါတယ်။ Surface Book 2 မော်ဒယ် အသစ်ဟာ Surface Laptop Budget မော်ဒယ် အသစ်ထက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုမို ကောင်းမွန်မှာ ဖြစ်ပေမယ့် ဈေးနှုန်းမှာတော့ Surface Laptop Budget မော်ဒယ်ထက် အနည်းငယ် များပြားမှာ ဖြစ်ပါတယ်။
SOURCE
PHOTO - GOOGLE

Surfacebook 2 | Ecency