This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Samsung will create own GPU

Words
167
Reading
1 min
8y
Listen to this post
~1 min

Samsung ကနေ ထုတ်လုပ်နေတဲ့ Exynos CPU Processor တွေက အခုဆိုရင် လက်ရှိမှာ Mobile Devices တွေအတွက် Processor တွေထုတ်လုပ်ပေးနေတဲ့ နာမည်ကြီး ကုမ္ပဏီကြီးတွေဖြစ်တဲ့ Qualcomm နဲ့ Snapdragon တွေလိုမျိုးပဲ နာမည်ကြီးနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Samsung ကနေ သူရဲ့ Mid Range ဖုန်းအများစုမှာ Exynos Processor ကို အသုံးပြုနေရုံတင်မကပဲ High End Flagship ဖုန်းတွေဖြစ်တဲ့ S9 နဲ့ Note 8 လိုမျိုးဖုန်းတွေမှာလည်း Snapdragon Processor နဲ့ Exynos Processor ဆိုပြီး ၂ မျိုးထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။IMG_20180710_074356.jpg

ဒါပေမယ့် Samsung ဟာ သူရဲ့ Exynos Processor တွေအတွက် CPU ကို ထုတ်လုပ်နေတယ်ဆိုပေမယ့် Graphic Processor GPU အတွက်ကိုတော့ ARM ရဲ့ Mali GPU တွေကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Processing Speed ပိုင်းမှာတော့ ကောင်းမွန်တယ်ဆိုပေမယ့် Graphic ပိုင်းမှာတော့ Qualcomm Snapdragon Processor တွေမှာ အသုံးပြုထားတဲ့ Adreno Processor တွေကို မမှီသေးဘူးပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ဟာ သူရဲ့ ကိုယ်ပိုင် Exynos Processor တွေကို နောက်အဆင့်တစ်ခုကို ယူဆောင်သွားဖို့ ကြံစည်နေပြီးတော့ လက်ရှိသိရတဲ့သတင်းတွေအရ Samsung ကနေ ကိုယ်ပိုင် GPU ကိုပါ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Samsung က Snapdragon ရဲ့ Adreno GPU တွေကို ယှဉ်ပြိုင်ရလောက်အောင်တော့ စွမ်းဆောင်ရည်ပိုင်းမြင့်မားတဲ့ GPU တွေကို စတင်ထုတ်လုပ်နိုင်ဦးမှာမဟုတ်ပါဘူး။IMG_20180710_074322.jpg

Samsung ဟာ အရင်ဆုံးအနေနဲ့ အခု ကိုယ်ပိုင် GPU တွေကို Flagship စမတ်ဖုန်းတွေထက် Samsung ရဲ့ Exynos Processor ကို အသုံးပြုလာမယ့် Midrange နဲ့ Budget စမတ်ဖုန်းတွေမှာပဲ အရင်စမ်းသပ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကျိန်းသေတာကတော့ Samsung Galaxy J Series ဖုန်းတွေမှာ အရင်တွေ့လာရမယ့်ပုံပါပဲ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Samsung နဲ့ Huawei လိုမျိုး ကုမ္ပဏီတွေက ကိုယ်ပိုင် Processor တွေထုတ်လာတာက Qualcomm နဲ့ Mediatek လို Chipset Maker တွေအတွက်တော့ မျက်ခုံးလှုပ်စရာပါ။
Source
Photo - Google

Samsung will create own GPU | Ecency