Samsung ရဲ့ Galaxy Note Series စမတ်ဖုန်းတွေဟာ Samsung ရဲ့ အကောင်းဆုံးသော စမတ်ဖုန်း Series တွေဖြစ်ပြီး Galaxy S Series ဖုန်းတွေထက်တောင် ပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။ အခုလိုမျိုး Galaxy Note Series ဖုန်းတွေကလည်း အခြားသောဖုန်းတွေနဲ့ ကွာခြားနေတယ်ဆိုတာက S Pen ပါဝင်တာကြောင့်လည်း ပါပါတယ်။
အခုအချိန်မှာ Samsung ကနေ နောက်ထပ် Galaxy Note Series ဖုန်းတစ်ခုဖြစ်တဲ့ Galaxy Note 9 စမတ်ဖုန်းကို လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ ကြေညာသွားဖို့ ဆောင်ရွက်နေပြီးတော့ အခုအချိန်မှာတော့ အဆိုပါ Galaxy Note 9 အပြင် Note 9 စမတ်ဖုန်းမှာ ပါဝင်လာမယ့် S Pen ကိုပါ မြင်လာရပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Galaxy S Pen က အနည်းငယ်ထူးခြားနေတဲ့ပုံပါပဲ။
Samsung ဟာ ယခင်တုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Galaxy Note 9 ရဲ့ S Pen ကို Bluetooth နဲ့ Microphone ထည့်သွင်းထားမှာဖြစ်ပြီး ဖုန်းကို ထိန်းချူပ်ဖို့အပြင် ဖုန်းပြောလို့ပါ အဆင်ပြေအောင် ဆောင်ရွက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ Leak ဓါတ်ပုံအရတော့ အဆိုပါ သတင်းက မှန်ကန်တဲ့ပုံစံပါပဲ။
အခုထွက်ပေါ်လာတဲ့ ဓါတ်ပုံအရတော့ Samsung Galaxy Note 9 ကို အပြာရောင်အနေနဲ့ မြင်တွေ့ရတာဖြစ်ပြီးတော့ The New Super Powerful Note ဆိုတဲ့ Tagline နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ Galaxy Note 9 ရဲ့ ဓါတ်ပုံကတော့ ယခင်က Leaks တွေပေါက်ကြားထားဖူးတဲ့ Galaxy Note 8 နဲ့ တူညီပြီးတော့ မတူညီတဲ့အချက်ကတော့ S Pen မှာပဲဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင် အခု Galaxy Note 9 ရဲ့ Teaser ဓါတ်ပုံမှာ S Pen က အဝါရောင်ဖြစ်နေပြီးတော့ ပုံမှန်ထက်လည်း အရွယ်အစားကြီးနေတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အခြားသော Function ခလုတ်တွေ ပါဝင်တာကိုလည်း မတွေ့ခဲ့ရပါဘူး။