Oppoa

Words
125
Reading
1 min
8y
Listen to this post
~1 min

တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ OPPO အနေနဲ့ ဇူလိုင်လ ၁၃ ရက် နေ့မှာ Flagship စမတ်ဖုန်း OPPO Find X Standard Edition ကို ရောင်းချ ပေးခဲ့ပါတယ်။ ဒါ့အပြင် OPPO Find X စမတ်ဖုန်း နဲ့ အတူ Mid-Range စမတ်ဖုန်း OPPO A5 ကိုလည်း တရုတ်ပြည်တွင်းမှာ ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

OPPO A5 စမတ်ဖုန်း ဆိုတာကတော့ A-Series စမတ်ဖုန်း မော်ဒယ်တွေထဲမှာ နောက်ဆုံး မော်ဒယ် တစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က မိတ်ဆက် ပေးခဲ့တဲ့ Mid-Range မကျ Budget မကျ စမတ်ဖုန်း မော်ဒယ် တစ်ခုပဲ ဖြစ်ပါတယ်။

OPPO A5 စမတ်ဖုန်း မှာ ၆.၂ လက်မ အရွယ်အစားရှိ HD+ Full View Display ကို အသုံးပြု ပေးထားပါတယ်။ OPPO A5 ကို 19:9 Aspect Ratio နဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး Display ရဲ့ ထိပ်ပိုင်းနားမှာ Notch လေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 450 SoC ကို အသုံးပြု ပေးထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပြီး Internal Storage 64 GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card ကနေ တစ်ဆင့် 256GB အထိ ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

Oppoa | Ecency