တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ OPPO အနေနဲ့ Flaghsip စမတ်ဖုန်း OPPO Find X ကို စတင် မိတ်ဆက်ပေးခဲ့စဉ် အခါတုန်းက Bordeaux Red, Glacier Blue စတဲ့ အရောင် နှစ်မျိုး အနေနဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။
OPPO Find X စမတ်ဖုန်း ဟာ လက်ရှိ အချိန်မှာ စမတ်ဖုန်း ချစ်ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး တရုတ်နိုင်ငံ အတွင်း အရောင်းရဆုံး စမတ်ဖုန်း မော်ဒယ် တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် OPPO အနေနဲ့ အခုလို အရောင် အသစ်နဲ့ OPPO Find X ကို ထပ်မံ မိတ်ဆက်ပေးဖို့ ကြံစည်နေတဲ့ ပုံပါပဲ။
လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ အချက်အလက်များ အရ OPPO Find X ကို အဖြူရောင် ဒီဇိုင်း နဲ့ ထပ်မံ မြင်တွေ့ရဖွယ် ရှိတယ်လို့ သိရပါတယ်။ OPPO Find X Pure White Edition မှာ ကျောဘက် Panel အတွက် အဖြူရောင် ဖန်သားပြင် Panel ကို အသုံးပြုထားတာ ကို မြင်တွေ့ ရနိုင်ပါတယ်။
ဒါ့အပြင် လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ ပုံရိပ်တွေ အရ Wallpaper ပုံရိပ် အသစ် တစ်ခုကိုလည်း OPPO Find X Pure White Edition မှာ မြင်တွေ့ ရနိုင်ပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီးတွေ ကြားမှာ စမတ်ဖုန်း မော်ဒယ် အသစ်တစ်ခု ကို မိတ်ဆက်ပြီး တစ်လလောက် အကြာမှာ အရောင် အသစ် တစ်မျိုး ကို ထပ်မံ မိတ်ဆက် ပေးခဲ့တာ Trend တစ်ခုလို ဖြစ်လို့ လာခဲ့ပါပြီ။
Vivo တုန်းကလည်း Vivo X21 စမတ်ဖုန်း ကို စတင် မိတ်ဆက် ပေးခဲ့စဉ် အချိန်တုန်းက Diamond Black, Ruby Red, Aurora White စတဲ့ အရောင် သုံးမျိုး အနေနဲ့ မိတ်ဆက် ပေးခဲ့ပြီး မကြာသေးမီ အချိန်တုန်းက Vivo X21 Night Purple Edition ကို ထပ်မံ မိတ်ဆက် ပေးခဲ့ပါတယ်။
OnePlus ကုမ္ပဏီ အနေနဲ့လည်း Flagship Killer စမတ်ဖုန်းတွေ ဖြစ်တဲ့ OnePlus 5T, OnePlus 6 တို့ကို မိတ်ဆက်ပြီး အချိန် အနည်းငယ် အကြာမှာ Red Edition ကို ထပ်မံ မိတ်ဆက် ပေးခဲ့ပါတယ်။ Vivo, OnePlus တို့နဲ့ မိခင် ကုမ္ပဏီ တူညီတဲ့ OPPO အနေနဲ့လည်း OPPO FInd X Pure White Edition ကို ထပ်မံ မိတ်ဆက်ပြီး ဈေးကွက် အတွင်းမှာ လူကြိုက် အများဆုံး စမတ်ဖုန်း မော်ဒယ် တစ်ခု အဖြစ် အချိန် အတော်ကြာ ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစား သွားမယ့် ပုံပါပဲ။
လက်ရှိ အချိန်မှာ OPPO ဘက်ကတော့ Flagship စမတ်ဖုန်း OPPO Find X Pure White Edition နဲ့ ပတ်သတ်ပြီး တရားဝင် အတည်ပြု ပေးခြင်း မရှိသေးပေမယ့် ကျွမ်းကျင် ပညာရှင်များကတော့ OPPO Find X Pure White Edition ကို နောက်ထပ် ရက်သတ္တပတ် အနည်းငယ် အကြာမှာ မြင်တွေ့ ရနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။Source