This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Oppo A3

Words
231
Reading
2 min
8y
Listen to this post
~2 min

ပြီးခဲ့တဲ့ အပတ်တုန်းက OPPO အနေနဲ့ တန်ဖိုးနည်း စမတ်ဖုန်း OPPO A3 ကို အဆင့်မြှင့် တင်ထားတဲ့ OPPO A3s စမတ်ဖုန်း ကို မိတ်ဆက် ပေးဖို့ ကြံရွယ်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကောလာဟလတွေ အမှန် ဖြစ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။
IMG_20180715_081231.jpg
တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ OPPO အနေနဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ Budget စမတ်ဖုန်းသစ် OPPO A3s ကို အိန္ဒိယ နိုင်ငံမှာ မိတ်ဆက် သွားခဲ့ပါတယ်။ အသစ် မိတ်ဆက်သွားခဲ့တဲ့ OPPO A3s တန်ဖိုးနည်း စမတ်ဖုန်းမှာ Display ပိုင်း အတွက် ၆.၂ လက်မ အရွယ်အစားရှိ HD+ (720 x 1520 Pixels) Resolution Super Full Screen Display ကို အသုံးပြု ထားပါတယ်။ ဒါ့အပြင် OPPO A3s မှာ Notch ဒီဇိုင်း ကို အသုံးပြု ထားပါတယ်။

Processor ပိုင်းမှာတော့ Qualcomm ရဲ့ 400 Series Chipset တွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ Snapdragon 450 Chipset ကို အသုံးပြု ထားပါတယ်။ RAM အနေနဲ့ 2GB ပါဝင်မှာ ဖြစ်ပြီး Internal Storage 16GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card ကနေ တစ်ဆင့် 256GB အထိ ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
IMG_20180715_081221.jpg
OPPO A3s မှာ Rear Camera အနေနဲ့ 13MP + 2MP Dual Camera Setup ကို အသုံးပြု ထားပါတယ်။ Selfie ပိုင်းမှာတော့ AI Beauty Technology 2.0 ကို အထောက်အပံ့ ပေးသွားမယ့် 8 MP Front Camera ကို အသုံးပြု ထားပါတယ်။

OPPO A3s မှာ ဘက်ထရီ အနေနဲ့ 4230 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပြီး Operating System ပိုင်းမှာတော့ Android 8.1 Oreo ကို အခြေခံထားတဲ့ ColorOS 5.1 ကို အသုံးပြု ထားပါတယ်။ Connectivity Features တွေ အနေနဲ့ 4G VoLTE, Wi-Fi, Bluetooth, GPS/ A-GPS, Micro-USB, 3.5mm Headphone Jack တို့ ပါဝင်မှာ ဖြစ်ပါတယ်။

OPPO A3s ကို Dark Purple, Red စတဲ့ အရောင်နှစ်မျိုး အနေနဲ့ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကန်ဒေါ်လာ ၁၆၁ ဒေါ်လာ (မြန်မာငွေ ၂သိန်း ၂သောင်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ OPPO A3s ကို အိန္ဒိယ နိုင်ငံ အတွင်းမှာသာ ဝယ်ယူနိုင်အုံးမှာ ဖြစ်ပေမယ့် မကြာမီ အချိန်အတွင်းမှာ မြန်မာနိုင်ငံမှာ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Source
photo - google

Oppo A3 | Ecency