This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Oneplus Beta Update

Words
157
Reading
1 min
8y
Listen to this post
~1 min

OnePlus အနေနဲ့ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ပေးခဲ့တဲ့ Flagship Killer စမတ်ဖုန်း မော်ဒယ် နှစ်ခု ဖြစ်တဲ့ OnePlus 5 နဲ့ OnePlus 5T အတွက် Open Beta Update ကို ထုတ်လွှင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ OnePlus 5 အတွက် Open Beta 14, OnePlus 5T အတွက် Open Beta 12 Update တွေကို အသီးသီး ထုတ်လွှင့် ပေးခဲ့တာ ဖြစ်ပါတယ်။
IMG_20180701_175304.jpg

အသစ် ထုတ်လွှင့် ပေးလိုက်တဲ့ Open Beta Update ၂ခု မှာ သိသိသာသာ ပြောင်းလဲသွားတာမျိုး ရှိမှာ မဟုတ်ပေမယ့် အရင် Update မှာ အပြစ် ပြောခံခဲ့ရတဲ့ Camera Quality ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ Feature အသစ် တစ်ခုလည်း ယခု Open Beta Update တွေမှာ ပါဝင်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ Update မှာ OnePlus Forum မှာ အပြစ်ပြော အခံရဆုံး Oil Painting Effect ကို ယခု Update မှာ လျှော့ချ ပေးခဲ့တယ် လို့ သိရပါတယ်။ အသစ် ထုတ်လွှင့် ပေးလိုက်တဲ့ OxygenOS Open Beta Update ကို အသုံးပြု လိုက်မယ်ဆိုရင် OnePlus 5 နဲ့ OnePlus 5T တို့မှာ ကြည်လင် ပြတ်သားတဲ့ ပုံရိပ်တွေ ကို ပြန်လည် ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသစ် ထုတ်လွှင့် ပေးလိုက်တဲ့ Open Beta Update မှာ Googles Lens Mode လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ အသစ် ထုတ်လွှင့် ပေးလိုက်တဲ့ OxygenOS Open Beta Update ကို အသုံးပြုချင်တယ် ဆိုရင်တော့ OTA Manager ဒါမှမဟုတ် Oxygen Updater Application ကနေ တစ်ဆင့် Update ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
SOURCE

Oneplus Beta Update | Ecency