Xiaomi ကနေ MIUI 10 OS ကို အသစ်ထုတ်ပေးထားတာ အခုဆိုရင်အချိန်တစ်ခုရှိသွားပြီပဲဖြစ်ပါတယ်။ လောလောဆယ်မှာ MIUI 10 ကို Beta အနေနဲ့ Update ပြုလုပ်နိုင်တဲ့ စမတ်ဖုန်းတွေရှိနေပြီဆိုပေမယ့် China ROM အနေနဲ့ပဲ Update လုပ်နိုင်သေးတာဖြစ်ပြီးတော့ Global အနေန့ဲကတော့ Update ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။
အဲ့ဒီအတွက် Xiaomi ကနေ MIUI 10 ကို Global Version အနေနဲ့ Update ပြုလုပ်နိုင်တဲ့ Devices တွေကို List ထုတ်ပေးခဲ့ပြီး အခုအချိန်မှာ အဆိုပါ Devices တွေထဲက ၈ မျိုးကို MIUI 10 Global Beta ROM ကို အသုံးပြုနိုင်အောင် Download ပြုလုပ်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
အခု Xiaomi ဖုန်း ၈ မျိုးက Global ROM ဖြစ်သွားတဲ့အတွက် Google Play Services စနစ်တွေပါဝင်လာပြီးဖြစ်ပြီးတော့ အဆိုပါ ROM ကို Global Beta 8.7.5 ROM လို့ ပေးလိုက်ပြီဖြစ်ပါတယ်။
အခု MIUI 10 Global ROM Beta ROM ကို Download ပြုလုပ်နိုင်တဲ့ Devices ၈ မျိုးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
Xiaomi Mi 6
Xiaomi Mi Mix 2
Xiaomi Redmi S2 (Redmi Y2 in India)
Xiaomi Redmi Note 5 Pro/Redmi Note 5
Xiaomi Mi Mix 2S
Xiaomi Mi 5
Xiaomi Mi Note 2
Xiaomi Mi Mix
အခု MIUI 10 Global Beta ROM ကို Xiaomi ရဲ့ Website ကနေ Download ပြုလုပ်ပြီး တင်ရမှာဖြစ်ပြီးတော့ အခု MIUI 10 မှာ ထူးခြားချက်အနေနဲ့ Bluetooth ချိတ်ဆက်တဲ့နေရာမှာ ပိုပြီး အရည်အသွေးမြင့်မားလာတဲ့ LDAC Support ပါဝင်လာမှာဖြစ်ပါတယ်။
SOURCE