This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Mijia Quartz Smartwatch

Words
162
Reading
1 min
8y
Listen to this post
~1 min

Xiaomi ကနေ Fittest Tracker တွေဖြစ်တဲ့ Mi Band Series တွေနဲ့ Smartwatch တွေကိုလည်း Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Amazfit ကနေ ထုတ်လုပ်နေတာကိုလူတိုင်းသိကြမှာပါ။ အခုအချိန်မှာတော့ Xiaomi ကနေ Amazfit ကုမ္ပဏီကနေ မဟုတ်ပဲ နောက်ထပ် ကုမ္ပဏီခွဲဖြစ်တဲ့ Mijia ကနေ နောက်ထပ် Smartwatch အသစ်ကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။IMG_20180715_163956.jpg

Xiaomi ရဲ့ အခု Smartwatch အသစ်ကို Mijia Quartz Smartwatch လို့ နာမည်ပေးထားပြီးတော့ ရုတ်တရက်ကြည့်လိုက်ရင် Smartwatch လို့တောင် ထင်ရမှာမဟုတ်ပဲ သာမန် နာရီတစ်ခုပုံစံဖြစ်နေမှာပါ။ ဒါကလည်း Mijia Quartz Smartwatch က Smartwatch တစ်ခုဆိုတာထက် Smartwatch နဲ့ သာမန် Quartz နာရီကို ပေါင်းစပ်ထားတဲ့ Hybrid Smartwatch ဖြစ်တာကြောင့်ပါ။

ဒီဇိုင်းပိုင်းအရဆိုရင်တော့ Mijia Quartz Hybrid Smartwatch ဟာ လှပတဲ့ ခဲရောင်၊ အပြာရောင် နဲ့ အနက်ရောင်ဆိုပြီး ထုတ်လုပ်ထားပြီးတော့ နာရီဒိုင်ခွက်အရွယ်အစားက 40mm ရှိမှာဖြစ်တဲ့အတွက် ယောကျာ်းလေးရော၊ မိန်းကလေးပါ ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ Hybrid Smartwatch ဖြစ်တဲ့အတွက် Display ပါဝင်မှာမဟုတ်ပါဘူး။

နာရီရဲ့ အောက်ခြေမှာ ဒိုင်ခွက်အသေးလေးတစ်ခုပါဝင်မှာဖြစ်ပြီးတော့ ခြေလှမ်းတွေကို တိုင်းတာပေးပြီး World Time နဲ့ Automatic Time Adjustment ပါဝင်မှာဖြစ်ပါတယ်။ Alarm နဲ့ Call Notification တွေကိုလည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

အခု Xiaomi ရဲ့ Mijia Quartz Smartwatch က ရေစိုလည်းခံပြီးတော့ ရေအနက် မီတာ ၃၀ အထိယူဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါ Mijia Quartz Smartwatch က CR2430 Battery ကို အသုံးပြုထားပြီးတော့ Battery စားသက်သာတဲ့ Bluetooth 4.0 LE နဲ့ ဖုန်းကို ချိတ်ဆက်သွားမှာဖြစ်ပါတယ်။IMG_20180715_164006.jpg

ဈေးနှုန်းအနေနဲ့ကတော့ အဆိုပါ Mijia Quartz Hybrid Smartwatch က တရုတ်ယွမ်ငွေ ၃၄၉ ဒါမှမဟုတ် ဒေါ်လာ ၅၀ ဝန်းကျင်နဲ့ လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့မှာ ရောင်းချနေမှာဖြစ်တဲ့အတွက်ကြောင့် Smartwatch နဲ့မတူတဲ့ Hybrid Smartwatch အနေနဲ့တော့ ဈေးပေါတယ်လို့ ပြောရမှာပါ။
SOURCE
PHOTO - GOOGLE

Mijia Quartz Smartwatch | Ecency