Xiaomi အနေနဲ့ ၂၀၁၈ ဒုတိယ နှစ်ဝက်မှာ Mid-Range စမတ်ဖုန်း မော်ဒယ် တစ်ခု ဖြစ်တဲ့ Mi Max 3၊ Flagship စမတ်ဖုန်း မော်ဒယ် တစ်ခု ဖြစ်တဲ့ Mi Mix 3 စတဲ့ စမတ်ဖုန်း အမျိုးအစား နှစ်ခုကို ထပ်မံ မိတ်ဆက်ပေးသွားမှာ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် Xiaomi အနေနဲ့ Mi Series, Red Mi Series စမတ်ဖုန်းတွေ အပြင် နောက်ထပ် စမတ်ဖုန်း Series အသစ် တစ်ခု ကို ထပ်မံ မိတ်ဆက်ပေးဖို့ ကြံရွယ်နေတဲ့ ပုံပါပဲ။ လက်ရှိအချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ အချက်အလက်များ အရ Xiaomi ရဲ့ POCOPHONE လို့ အမည်ပေးထားတဲ့ စမတ်ဖုန်း Series အသစ် တစ်ခု ကို FCC filing မှာ မြင်တွေ့ခဲ့ရပါတယ်။
Xiaomi ချစ်ပရိသတ်ကြီး အနေနဲ့ Mi Series, Red Mi Series စမတ်ဖုန်းတွေ အပြင် POCOPHONE လို့ အမည်ပေးထားတဲ့ စမတ်ဖုန်း Series အသစ် တစ်ခုကို မကြာမီ အချိန်အတွင်းမှာ မြင်တွေ့ရတော့မှာပါ။ Xioami ကနေ အသစ် ထုတ်လုပ်မယ့် POCOPHONE Series ရဲ့ ပထမဆုံး စမတ်ဖုန်း ကို Model Number M1805E10A လို့ အမည် ပေးထားပြီး RAM 6GB, Internal 64GB ဒါမှမဟုတ် RAM 6GB, Internal 128GB ပါဝင်မှာ ဖြစ်ပါတယ်။
Storage Space နဲ့ RAM ပမာဏ အရ POCOPHONE Series စမတ်ဖုန်းတွေ ကို Flagship စမတ်ဖုန်းတွေ အဖြစ် မြင်တွေ့ရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် Mid-Ragne စမတ်ဖုန်း တစ်လုံး ဖြစ်တဲ့ Redmi Note 5 Pro မှာလည်း RAM 6GB, Internal 64GB ပါဝင်ခဲ့တာကြောင့် POPCOPHONE Series စမတ်ဖုန်းတွေမှာ အသုံးပြုသွားမယ့် အခြား အစိတ်အပိုင်းတွေရဲ့ အချက်အလက်တွေ ကို မသိရမချင်း Flagship စမတ်ဖုန်းလို့တော့ အတိအကျကြီး ပြောနိုင်မှာ မဟုတ်သေးပါဘူး။
ဒါ့အပြင် Xiaomi ရဲ့ CEO ကိုယ်တိုင်က အမေရိကန် ဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားနေကြောင်း မကြာသေးခင် အချိန်က တရားဝင် ပြောကြား သွားခဲ့တာကြောင့် POCOPHONE Series စမတ်ဖုန်း မော်ဒယ်တွေဟာ အမေရိကန် ဈေးကွက်မှာ ပထမဆုံး မိတ်ဆက်သွားမယ့် Flagship စမတ်ဖုန်းတွေ အဖြစ် မြင်တွေ့ ရမလား ဆိုတာကိုတော့ Xiaomi ချစ်ပရိသတ် အနေနဲ့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
Source
Photo - Google