တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Xiaomi အနေနဲ့ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ Max Series မော်ဒယ် ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း Mi Max 3 ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက် ပေးသွားမယ် ဖြစ်တယ်လို့ သိပ်မကြာမီ အချိန်တုန်းက အတည်ပြု ပေးခဲ့ပါတယ်။
ယခုအခါမှာတော့ Xiaomi ရဲ့ ဥက္ကဌကြီး Lin Bin ကိုယ်တိုင် အသစ် မိတ်ဆက် ပေးသွားမယ့် Mi Max 3 စမတ်ဖုန်းတွေရဲ့ ဒီဇိုင်း ပုံရိပ်တွေနဲ့ Specifications အချို့ကို ချပြ ပေးလိုက်ပြီ ဖြစ်ပါတယ်။ Lin Bin ချပြ ပေးလိုက်တဲ့ ပုံရိပ်တွေ အရ Xiaomi Mi Max 3 ကို အမဲရောင်၊ ရွှေရောင်၊ အပြာရောင် စတဲ့ အရောင် သုံးမျိုး အနေနဲ့ မြင်တွေ့ ရနိုင်ပါတယ်။
Xiaomi Mi Max 3 မှာ ၆.၉ လက်မ အရွယ်အစားရှိ Full HD+ Display ကို အသုံးပြုလာမှာ ဖြစ်ပြီး 18:9 Aspect Ratio နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာတော့ Dual Camera Setup ကို ဒေါင်လိုက် အနေအထား နဲ့မြင်တွေ့ရမှာ ဖြစ်ပြီး Security ပိုင်း အတွက် Fingerprint Sensor ပါဝင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Xiaomi Mi Max 3 စမတ်ဖုန်းမှာ 3.5mm Headphone Jack ကို ဆက်လက် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Lin Bin ကတော့ Mi Max 3 စမတ်ဖုန်းမှာ တာရှည်ခံတဲ့ ဘက်ထရီကို အသုံးပြုထားတယ်လို့ ဆိုထားတာကြောင့် 5500 mAh ဘက်ထရီ ကို မြင်တွေ့ရနိုင်ပါတယ်။
မနေ့တုန်းက ချပြပေးခဲ့တဲ့ Mi Max 3 ဘူးခွံ ပုံရိပ်တွေမှာ ပါဝင်တဲ့ အချက်အလက်များ အရ Mi Max 3 မှာ Qualcomm ရဲ့ Snapdragon 636 SoC ကို အသုံးပြု သွားမှာ ဖြစ်ပြီး RAM 4GB/ Internal 64GB ပါဝင်မှာ ဖြစ်ပါတယ်။ Dual Camera Setup မှာတော့ 12MP + 5MP Setup ကို အသုံးပြုထားပြီး Selfie ပိုင်း အတွက် 8MP Front Camera ကို အသုံးပြု ထားပါတယ်။
Xiaomi Mi Max 3 မှာ Android Oreo ကို အခြေခံထားတဲ့ MIUI 9 ကို အသုံးပြု သွားမှာ ဖြစ်ပြီး Mi Max 3 ကို မိတ်ဆက်ပြီး သိပ်မကြာမီ အချိန်အတွင်းမှာ MIUI 10 Update ကို ထုတ်လွှင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ Snapdragon 710 SoC, RAM 6GB/ Internal 128GB ပါဝင်တဲ့ Mi Max3 Pro မော်ဒယ် အသစ်ကိုလည်း မိတ်ဆက် သွားနိုင်တယ်လို့ သိရပါတယ်။
Mi Max 3 ကို မိတ်ဆက်သွားဖို့ကလည်း တစ်ရက်သာ လိုတော့တာကြောင့် ဇူလိုင်လ ၁၉ ရက်နေ့မှာ Mi Max 3 ကို ဘယ်လို ပုံစံနဲ့ မိတ်ဆက်သွားမလဲ ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
SOURCE
Photo - Google