This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Mi A2

Words
162
Reading
1 min
8y
Listen to this post
~1 min

Xiaomi ရဲ့ မနှစ်ကထွက်ရှိခဲ့တဲ့ MIUI ကို အသုံးပြုထားခြင်းမရှိပဲ Google ရဲ့ Pure Android OS နဲ့ ထွက်ရှိလာခဲ့တဲ့ Mi A1 စမတ်ဖုန်းဟာ လက်ရှိအချိန်အထိကို စမတ်ဖုန်းအသုံးပြုသူတွေကြားထဲမှာ အောင်မြင်မှုတစ်ခုရရှိနေတဲ့ စမတ်ဖုန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာတော့ Xiaomi ကနေ Mi A1 စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Mi A2 စမတ်ဖုန်းကို မကြာခင်မှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။IMG_20180710_123746.jpg

လက်ရှိသိထားရတဲ့သတင်းတွေအရတော့ Xiaomi Mi A2 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ Mi 6X စမတ်ဖုန်းအတိုင်းထွက်ရှိလာမှာဖြစ်ပြီးတော့ ဒါကလည်း Mi A1 တုန်းက Mi 5X ဖုန်းအတိုင်းထွက်ရှိခဲ့တဲ့အတွက် ပြောစရာမလိုတဲ့ကိစ္စတစ်ခုလို့ ပြောရမှာပါ။ ဒါပေမယ့် Mi 6X နဲ့တူညီတယ်ဆိုတာက ဖုန်းရဲ့ ဒီဇိုင်းပိုင်းနဲ့ Processor ပိုင်းပဲဖြစ်ပြီးတော့ အခြားသော အချက်အလက်တွေကတော့ တူညီမှာမဟုတ်ပါဘူး။

Mi A2 စမတ်ဖုန်းဟာ Mi 6X နဲ့ တူညီတဲ့ Snapdragon 660 Processor ကို အသုံးပြုထားပြီးတော့ Display အနေနဲ့ 6″ 18:9 Ratio Display ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ RAM အနေနဲ့တော့ 4GB ဒါမှမဟုတ် 6GB ပါဝင်မှာဖြစ်ပြီးတော့ Storage ကိုလည်း 64GB တင်မကပဲ 128GB ပါ ရွေးချယ်လာနိုင်တော့မှာပါ။

Xiaomi Mi A2 စမတ်ဖုန်းဟာ Mi A1 စမတ်ဖုန်းလိုမျိုးပဲ MIUI ကို အသုံးပြုလာမှာမဟုတ်ပဲ Google ရဲ့ Pure Android ကို အသုံးပြုလာမှာဖြစ်ပြီး Android 8.1 ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Android P ကိုလည်း အခြားသော Xiaomi ဖုန်းတွေထက် သိသိသာသာကို ပိုပြီး မြန်မြန်ဆန်ဆန် Update ပြုလုပ်နိုင်မှာပါ။IMG_20180710_123737.jpg

Xiaomi ရဲ့ အခု Mi A2 စမတ်ဖုန်းကို အရောင်တွေအနေနဲ့ အနီ၊ အမည်းရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုပြီး ထုတ်လုပ်မှာဖြစ်ပြီးတော့ အခုလိုမျိုး မြန်ဆန်တဲ့ Snapdragon 660 Processor နဲ့ သွက်လက်တဲ့ Google ရဲ့ Pure Android OS တွေကြောင့် လက်ရှိ Mid Range ဖုန်းတွေထဲမှာ အလွန်လျှင်မြန်တဲ့စမတ်ဖုန်းတစ်ခုဖြစ်လာတော့မှာပါ။
Source
Photo- Google